“ ‘ကိုကို’သီချင်းရော ‘မောင်’ သီချင်းရောနဲ့အပြတ်ဟဲနေတဲ့ မေမီကိုကိုရဲ့ဗွီဒီယိုဖိုင်လေး”

ပရိသတ်ချစ်ခင်အားပေးမှု အပြည့်အဝရရှိနေပြီဖြစ်တဲ့ မေမီကိုကိုကတော့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့အပြင် ပရိသတ်တွေကို တလေးတစားဆက်ဆံလေ့ရှိတာမို့ အောင်မြင်မှုရရှိလာသူတစ်ယောက်လို့ဆိုရမှာပါ။ မေမီကိုကို့ကို ပရိသတ်တွေ ပထမဆုံးစပြီး သတိထားမိလာတာက “ပျားရည်အိုင်”ဇာတ်လမ်းတွဲထဲက မြိုင်ဆိုတဲ့ ဇာတ်ရုပ်လေးနဲ့ပဲဖြစ်ပါတယ်။ မေမီကိုကိုရဲ့နာမည်ပျောက်ပြီး မြိုင်လို့ပဲ ပရိသတ်တွေက ခေါ်ကြတဲ့အထိ ဇာတ်ကောင်စရိုက်အပေါ်လိုက်ပါစီးမျောမှု အားကောင်းခဲ့တာလည်းဖြစ်ပါတယ်။

မေမီကိုကိုဟာ MRTV-4 ရဲ့တက်သစ်စသရုပ်ဆောင်တွေထဲမှာမှ ဇာတ်လမ်းတွဲတွေဆက်တိုက်ဆိုသလို ရိုက်ကူးနေရသူတစ်ယောက်လည်းဖြစ်ပါတယ်။ မကြာသေးခင်ကမှ ရဲမေဇာတ်ကောင်နဲ့သရုပ်ဆောင်ထားတဲ့ “တတိယမြောက်ဆုံမှတ်” ဇာတ်လမ်းတွဲကပြီးဆုံးခဲ့တာဖြစ်ပြီး လိပ်ပြာမလေး ဂျူရီအနေနဲ့သရုပ်ဆောင်ထားတဲ့ “လိပ်ပြာနှောင်ကြိုး” ဇာတ်လမ်းတွဲဟာလည်း မနက်ဖြန်မှာ ထုတ်လွှင့်ပြသတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ဆရာမ မစန္ဒာရဲ့ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်တဲ့ “ဂျီဟောသူ”ကိုပြန်လည်ရိုက်ကူးပုံဖော်ရာမှာလည်း မေမီကိုကိုဟာ ညိုထွေးနေရာကနေ သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

မေမီကိုကိုကတော့ သရုပ်ဆောင်အလုပ်နဲ့မအားလပ်သူတစ်ယောက်ဖြစ်ပြီး အချစ်ရေးကိုတော့ ပရိသတ်ကိုချပြထားခြင်းမရှိသေးပါဘူး။ မနေ့ညကတော့ “ဒီနေ့ပျော်တယ်” ဆိုတဲ့ပို့စ်လေးတစ်ခုနဲ့အတူ သူ့ရဲ့ My Day မှာ သီချင်းတွေသီဆိုနေတဲ့ ဗွီဒီယိုလေးကို တင်ပေးခဲ့တာဖြစ်ပါတယ်။ မေမီကိုကိုတော့ သီချင်းတွေအများကြီးသီဆိုခဲ့တာဖြစ်ပြီး ဝိုင်းစုခိုင်သိန်းရဲ့ “ယုံချင်တယ်”သီချင်းနဲ့ ရတနာဦးရဲ့ “အချစ်ဦး” သီချင်းတွေနဲ့အပီအပြင်ဖီးလ်ခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းသာမက သီချင်းသီဆိုတာပါ ဆရာကျတဲ့မေမီ့ရဲ့ အပြတ်ဟဲနေတဲ့ ဗွီဒီယိုဖိုင်လေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source – May Mi Ko Ko
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“ ‘ကိုကို’သီခ်င္းေရာ ‘ေမာင္’ သီခ်င္းေရာနဲ႔အျပတ္ဟဲေနတဲ့ ေမမီကိုကိုရဲ႕ဗြီဒီယိုဖိုင္ေလး”

ပရိသတ္ခ်စ္ခင္အားေပးမွု အျပည့္အ၀ရရွိေနျပီျဖစ္တဲ့ ေမမီကိုကိုကေတာ့ က်ရာဇာတ္ရုပ္ကို ပီျပင္ေအာင္သရုပ္ေဆာင္ႏုိင္တဲ့အျပင္ ပရိသတ္ေတြကို တေလးတစားဆက္ဆံေလ့ရွိတာမို႔ ေအာင္ျမင္မွုရရွိလာသူတစ္ေယာက္လို႔ဆိုရမွာပါ။ ေမမီကိုကို႔ကို ပရိသတ္ေတြ ပထမဆံုးစျပီး သတိထားမိလာတာက “ပ်ားရည္အုိင္”ဇာတ္လမ္းတြဲထဲက ျမိဳင္ဆိုတဲ့ ဇာတ္ရုပ္ေလးနဲ႔ပဲျဖစ္ပါတယ္။ ေမမီကိုကိုရဲ႕နာမည္ေပ်ာက္ျပီး ျမိဳင္လို႔ပဲ ပရိသတ္ေတြက ေခၚၾကတဲ့အထိ ဇာတ္ေကာင္စရုိက္အေပၚလိုက္ပါစီးေမ်ာမွု အားေကာင္းခဲ့တာလည္းျဖစ္ပါတယ္။

ေမမီကိုကိုဟာ MRTV-4 ရဲ႕တက္သစ္စသရုပ္ေဆာင္ေတြထဲမွာမွ ဇာတ္လမ္းတြဲေတြဆက္တုိက္ဆိုသလို ရုိက္ကူးေနရသူတစ္ေယာက္လည္းျဖစ္ပါတယ္။ မၾကာေသးခင္ကမွ ရဲေမဇာတ္ေကာင္နဲ႔သရုပ္ေဆာင္ထားတဲ့ “တတိယေျမာက္ဆံုမွတ္” ဇာတ္လမ္းတြဲကျပီးဆံုးခဲ့တာျဖစ္ျပီး လိပ္ျပာမေလး ဂ်ဴရီအေနနဲ႔သရုပ္ေဆာင္ထားတဲ့ “လိပ္ျပာေႏွာင္ၾကိဳး” ဇာတ္လမ္းတြဲဟာလည္း မနက္ျဖန္မွာ ထုတ္လႊင့္ျပသေတာ့မွာျဖစ္ပါတယ္။ ဒါ့အျပင္ ဆရာမ မစႏၵာရဲ႕၀တၳဳေကာင္းတစ္ပုဒ္ျဖစ္တဲ့ “ဂ်ီေဟာသူ”ကိုျပန္လည္ရိုက္ကူးပံုေဖာ္ရာမွာလည္း ေမမီကိုကိုဟာ ညိဳေထြးေနရာကေန သရုပ္ေဆာင္သြားမွာျဖစ္ပါတယ္။

ေမမီကိုကိုကေတာ့ သရုပ္ေဆာင္အလုပ္နဲ႔မအားလပ္သူတစ္ေယာက္ျဖစ္ျပီး အခ်စ္ေရးကိုေတာ့ ပရိသတ္ကိုခ်ျပထားျခင္းမရွိေသးပါဘူး။ မေန႔ညကေတာ့ “ဒီေန႔ေပ်ာ္တယ္” ဆိုတဲ့ပို႔စ္ေလးတစ္ခုနဲ႔အတူ သူ႔ရဲ႕ My Day မွာ သီခ်င္းေတြသီဆိုေနတဲ့ ဗြီဒီယိုေလးကို တင္ေပးခဲ့တာျဖစ္ပါတယ္။ ေမမီကိုကိုေတာ့ သီခ်င္းေတြအမ်ားၾကီးသီဆိုခဲ့တာျဖစ္ျပီး ၀ုိင္းစုခိုင္သိန္းရဲ႕ “ယံုခ်င္တယ္”သီခ်င္းနဲ႔ ရတနာဦးရဲ႕ “အခ်စ္ဦး” သီခ်င္းေတြနဲ႔အပီအျပင္ဖီးလ္ခဲ့တာျဖစ္ပါတယ္။ သရုပ္ေဆာင္ပိုင္းသာမက သီခ်င္းသီဆိုတာပါ ဆရာက်တဲ့ေမမီ့ရဲ႕ အျပတ္ဟဲေနတဲ့ ဗြီဒီယိုဖိုင္ေလးကို ဆယ္လီကမာၻပရိသတ္ၾကီးအတြက္ မွ်ေ၀ေပးလုိက္ပါတယ္ေနာ္။
Source – May Mi Ko Ko
Rainbow- Cele Gabar

x
error: Content is protected !!