“အကောင်းဆုံးက ဘင်ဂျမင်ဖြစ်ပြီး မူးလာကိုတော့ ဂရုဏာသက်မိကြောင်းမှတ်ချက်ပေးလာတဲ့စမိုင်းလ်”

ပရိသတ်စိတ်ဝင်စားမှု တစ်ပတ်ထက်တစ်ပတ်အားကောင်းလာပြီဖြစ်တဲ့ မြန်မာအိုင်ဒေါကတော့ မနေ့ညက Country သီချင်းသီဆိုမှုအပတ်ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ လေးပတ်မြောက်ဖြစ်တဲ့ Country သီချင်းသီဆိုမှုအပတ်မှာတော့ ဆန်ကာတင်(၁၁)ယောက်စာရင်းထဲမှ (၈)ယောက်သာကျန်ခဲ့တော့တာဖြစ်ပါတယ်။ မနေ့ကသီဆိုယှဉ်ပြိုင်မှုမှာတော့ ပြိုင်ပွဲဝင်(၈)ယောက်စလုံးက ရွေးချယ်ရခက်လောက်အောင် အကောင်းဆုံး သီဆိုယှဉ်ပြိုင်ခဲ့တယ်လို့ဆိုရမှာပါ။ ပြိုင်ပွဲဝင်အကုန်လုံး ဘယ်သူကမှ Bottom မထိုင်ချင်မှာ အသေအချာပါပဲနော်။

မြန်မာအိုင်ဒေါအစီအစဉ်ကတော့ သူ့ရဲ့အစဉ်အလာမပျက် လူကြည့်များတဲ့အစီအစဉ်တစ်ခုဖြစ်ပြီး ပရိသတ်တွေသာမက အနုပညာရှင်တွေပါ တစ်ခဲနက်အားပေးကြတဲ့ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ အဲဒီထဲမှာတော့ အမာခံပရိသတ်တစ်ယောက်ဖြစ်တဲ့ စမိုင်းလ်လဲ ပါဝင်ပါတယ်။ စမိုင်းလ်ကတော့ပွဲစဉ်တိုင်းနီးပါးမှာ အင်တိုက်အားတိုင်ဝန်းရံခဲ့သူဖြစ်ပြီး မနေ့ညကပွဲမှာ ဘင်ဂျမင်ဆုမ်း ကိုအကောင်းဆုံးလို့သတ်မှတ်ခဲ့တာဖြစ်ပြီး မူးလာလေးကိုတော့ သနားနေခဲ့တာဖြစ်ပါတယ်။

ဘင်ဂျမင်ဆုမ်းကတော့ မနေ့ညကသီဆိုယှဉ်ပြိုင်မှုမှာ “မင်းမရှိတဲ့နေ့တွေညတွေ” သီချင်းနဲ့သီဆိုယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေမထင်မှတ်ထားတဲ့ ဖျော်ဖြေမှုတွေနဲ့အံ့အားသင့်စေခဲ့တာဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာသင်ကြားပေးတဲ့ ဆရာဥက္ကာဦးသာနဲ့ မထရေစီတို့ကတော့ ဘင်ဘင်ဟာ သီချင်းတွေကို လေးလေးနက်နက်သီဆိုတတ်သူတစ်ယောက်ဖြစ်လို့ Country သီချင်းတွေနဲ့လိုက်ဖက်ညီမှုမရှိမှာကို စိုးရိမ်နေခဲ့တာဖြစ်ပြီး တကယ်သီဆိုခဲ့ချိန်မှာတော့ ပရိသတ်ကြီးတစ်ခုလုံးက ကျေနပ်အားရခဲ့တာဖြစ်ပါတယ်။ မူးလာကတော့ “အတောင်ပံပါရင် မင်းဆီကို” သီချင်းနဲ့သီဆိုယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး သီဆိုနေစဉ်တစ်လျှောက်မှာအကောင်းဆုံးယှဉ်ပြိုင်ခဲ့တာဖြစ်ပေမယ့် သီချင်းပြီးဆုံးချိန်မှာတော့ မျက်ရည်ကျခဲ့တာဖြစ်ပါတယ်။ သူမျက်ရည်ကျတဲ့ အကြောင်းရင်းကိုတော့ ပြိုင်ပွဲမှာမပြောကြားခဲ့ပေမယ့် ဒိုင်တွေကတော့ သီချင်းအပေါ်မှာဖျက်စီးတယ်အပြောခံရမှာဆိုးလို့ ငိုတာဖြစ်နိုင်တယ်လို့ ထင်ကြေးပေးခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ ချစ်သူကောင်မလေးနဲ့ပြတ်ဆဲသွားပြီဖြစ်လို့ သီချင်းကြောင့်ခံစားရပြီးမျက်ရည်ကျခဲ့တယ်လို့ဆိုပါတယ်။


Source – Smiles စမိုင်းလ်
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“အေကာင္းဆုံးက ဘင္ဂ်မင္ျဖစ္ၿပီး မူးလာကိုေတာ့ ဂ႐ုဏာသက္မိေၾကာင္းမွတ္ခ်က္ေပးလာတဲ့စမိုင္းလ္”

ပရိသတ္စိတ္ဝင္စားမႈ တစ္ပတ္ထက္တစ္ပတ္အားေကာင္းလာၿပီျဖစ္တဲ့ ျမန္မာအိုင္ေဒါကေတာ့ မေန႔ညက Country သီခ်င္းသီဆိုမႈအပတ္ၿပီးဆုံးခဲ့ၿပီျဖစ္ပါတယ္။ ေလးပတ္ေျမာက္ျဖစ္တဲ့ Country သီခ်င္းသီဆိုမႈအပတ္မွာေတာ့ ဆန္ကာတင္(၁၁)ေယာက္စာရင္းထဲမွ (၈)ေယာက္သာက်န္ခဲ့ေတာ့တာျဖစ္ပါတယ္။ မေန႔ကသီဆိုယွဥ္ၿပိဳင္မႈမွာေတာ့ ၿပိဳင္ပြဲဝင္(၈)ေယာက္စလုံးက ေ႐ြးခ်ယ္ရခက္ေလာက္ေအာင္ အေကာင္းဆုံး သီဆိုယွဥ္ၿပိဳင္ခဲ့တယ္လို႔ဆိုရမွာပါ။ ၿပိဳင္ပြဲဝင္အကုန္လုံး ဘယ္သူကမွ Bottom မထိုင္ခ်င္မွာ အေသအခ်ာပါပဲေနာ္။

ျမန္မာအိုင္ေဒါအစီအစဥ္ကေတာ့ သူ႔ရဲ႕အစဥ္အလာမပ်က္ လူၾကည့္မ်ားတဲ့အစီအစဥ္တစ္ခုျဖစ္ၿပီး ပရိသတ္ေတြသာမက အႏုပညာရွင္ေတြပါ တစ္ခဲနက္အားေပးၾကတဲ့ၿပိဳင္ပြဲတစ္ခုျဖစ္ပါတယ္။ အဲဒီထဲမွာေတာ့ အမာခံပရိသတ္တစ္ေယာက္ျဖစ္တဲ့ စမိုင္းလ္လဲ ပါဝင္ပါတယ္။ စမိုင္းလ္ကေတာ့ပြဲစဥ္တိုင္းနီးပါးမွာ အင္တိုက္အားတိုင္ဝန္းရံခဲ့သူျဖစ္ၿပီး မေန႔ညကပြဲမွာ ဘင္ဂ်မင္ဆုမ္း ကိုအေကာင္းဆုံးလို႔သတ္မွတ္ခဲ့တာျဖစ္ၿပီး မူးလာေလးကိုေတာ့ သနားေနခဲ့တာျဖစ္ပါတယ္။

ဘင္ဂ်မင္ဆုမ္းကေတာ့ မေန႔ညကသီဆိုယွဥ္ၿပိဳင္မႈမွာ “မင္းမရွိတဲ့ေန႔ေတြညေတြ” သီခ်င္းနဲ႔သီဆိုယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး ပရိသတ္ေတြမထင္မွတ္ထားတဲ့ ေဖ်ာ္ေျဖမႈေတြနဲ႔အံ့အားသင့္ေစခဲ့တာျဖစ္ပါတယ္။ အသံပိုင္းဆိုင္ရာသင္ၾကားေပးတဲ့ ဆရာဥကၠာဦးသာနဲ႔ မထေရစီတို႔ကေတာ့ ဘင္ဘင္ဟာ သီခ်င္းေတြကို ေလးေလးနက္နက္သီဆိုတတ္သူတစ္ေယာက္ျဖစ္လို႔ Country သီခ်င္းေတြနဲ႔လိုက္ဖက္ညီမႈမရွိမွာကို စိုးရိမ္ေနခဲ့တာျဖစ္ၿပီး တကယ္သီဆိုခဲ့ခ်ိန္မွာေတာ့ ပရိသတ္ႀကီးတစ္ခုလုံးက ေက်နပ္အားရခဲ့တာျဖစ္ပါတယ္။ မူးလာကေတာ့ “အေတာင္ပံပါရင္ မင္းဆီကို” သီခ်င္းနဲ႔သီဆိုယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး သီဆိုေနစဥ္တစ္ေလွ်ာက္မွာအေကာင္းဆုံးယွဥ္ၿပိဳင္ခဲ့တာျဖစ္ေပမယ့္ သီခ်င္းၿပီးဆုံးခ်ိန္မွာေတာ့ မ်က္ရည္က်ခဲ့တာျဖစ္ပါတယ္။ သူမ်က္ရည္က်တဲ့ အေၾကာင္းရင္းကိုေတာ့ ၿပိဳင္ပြဲမွာမေျပာၾကားခဲ့ေပမယ့္ ဒိုင္ေတြကေတာ့ သီခ်င္းအေပၚမွာဖ်က္စီးတယ္အေျပာခံရမွာဆိုးလို႔ ငိုတာျဖစ္ႏိုင္တယ္လို႔ ထင္ေၾကးေပးခဲ့တာျဖစ္ၿပီး ပရိသတ္ေတြကေတာ့ ခ်စ္သူေကာင္မေလးနဲ႔ျပတ္ဆဲသြားၿပီျဖစ္လို႔ သီခ်င္းေၾကာင့္ခံစားရၿပီးမ်က္ရည္က်ခဲ့တယ္လို႔ဆိုပါတယ္။
Source – Smiles စမိုင္းလ္
Rainbow- Cele Gabar

x
error: Content is protected !!