“ဆိုင်ကယ်အက်စီးဒန့်ကြောင့် ခြေထောက်မှာစတီးပြားထည့်ခဲ့ရတဲ့အတွက် ကောင်းကောင်းမဖျော်ဖြေနိုင်ခဲ့တဲ့အပေါ်တောင်းပန်စကားဆိုခဲ့တဲ့ တန်ခွန်ကျော်”

ပရိသတ်တွေ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ပြိုင်ပွဲတစ်ခုဖြစ်တဲ့ မြန်မာအိုင်ဒေါကတော့ တစ်ပတ်ထက်တစ်ပတ်ယှဉ်ပြိုင်မှုအားကောင်းလာပြီဖြစ်ပါတယ်။ ပြိုင်ပွဲအပတ်စဉ် လေးပတ်မြောက်ကို ရောက်ရှိလာပြီဖြစ်ပြီး ပထမဆုံးအပတ်မှာတော့ ပြိုင်ပွဲဝင် ခြူးစစ်ဟန်က ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ ဒုတိယအပတ်မှာ နော်စေးစေးထူးဟာ Voting အနဲဆုံးဖြစ်ခဲ့ပေမယ့် ဒိုင်တွေရဲ့ save လုပ်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။ တတိယအပတ်မှာတော့ ပြိုင်ပွဲဝင် နေလင်းကျော်နဲ့ နှင်းအိအိဝင်းတို့က ထွက်ခွာခဲ့ရတာဖြစ်ပြီး မနေ့ကကျင်းပပြုလုပ်ခဲ့တဲ့ Country သီချင်းသီဆိုယှဉ်ပြိုင်မှုရဲ့ Result Show မှာတော့ ပြိုင်ပွဲဝင်တန်ခွန်ကျော်က voting အနဲဆုံးနဲ့ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်တန်ခွန်ကျော်ဟာ အရည်အချင်းရှိတဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပြီး တန်ခွန်ကျော်ရဲ့နူတ်ဆက်ထွက်ခွာချိန်ဟာ စောသေးတယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြတာဖြစ်ပါတယ်။ သူဟာ Country သီချင်းသီဆိုမှုအပတ်မှာ ဒိုင်တွေရဲ့မှတ်ချက်ကောင်းကိုရထားတဲ့ အရည်အချင်းရှိတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပေမယ့် Voting စနစ်ကြောင့်ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ Result Show ပွဲအပြီးမှာတော့ ပွဲမှာလာရောက်ကြည့်ရှုကြတဲ့ ပရိသတ်များသာမက တီဗွီဖန်သားပြင်ကကြည့်ရှုကြတဲ့ ပရိသတ်တွေပါ ငိုကြွေးခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် တန်ခွန်ကျော်ဟာ သူ့ရဲ့အမာခံပရိသတ်တွေကို တာဝန်မကျေခဲ့လို့တောင်းပန်ခဲ့တာဖြစ်ပြီး ပရိသတ်တွေမသိကြသေးတဲ့သူ့ရဲ့ အကြောင်းအရာတစ်ခုကိုလည်း ပြောပြခဲ့တာဖြစ်ပါတယ်။ သူဟာ Country သီချင်းယှဉ်ပြိုင်မှုမှာ “ရန်ကုန်သား” သီချင်းနဲ့သီဆိုဖျော်ဖြေခဲ့တာဖြစ်ပြီး သီချင်းနဲ့လိုက်ဖက်ညီအောင် ကတဲ့နေရာမှာအဆင်မပြေခဲ့ဘူးလို့ဆိုပါတယ်။ သူ့ရဲ့ခြေထောက်မှာ ဆိုင်ကယ်အက်စီးဒန့်ကြောင့် စတီးပြားထည့်ထားခဲ့ရတာဖြစ်ပြီး နာနာနဲ့ကိုယ်ခန္ဓာလှုပ်ရှားမှုပြုလုပ်ခဲ့ရပေမယ့် ချစ်ရတဲ့ပရိသတ်တွေပျော်တယ်ဆိုလို့ ဝမ်းသာမိတဲ့အကြောင်းကို သူ့ရဲ့စာမျက်နှာထက်မှာ မျှဝေခဲ့တာဖြစ်ပါတယ်။


Source – Tan Khun Kyaw
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“ဆိုင္ကယ္အက္စီးဒန႔္ေၾကာင့္ ေျခေထာက္မွာစတီးျပားထည့္ခဲ့ရတဲ့အတြက္ ေကာင္းေကာင္းမေဖ်ာ္ေျဖႏိုင္ခဲ့တဲ့အေပၚေတာင္းပန္စကားဆိုခဲ့တဲ့ တန္ခြန္ေက်ာ္”

ပရိသတ္ေတြ စိတ္ဝင္စားမႈျမင့္တက္ေနတဲ့ ၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ ျမန္မာအိုင္ေဒါကေတာ့ တစ္ပတ္ထက္တစ္ပတ္ယွဥ္ၿပိဳင္မႈအားေကာင္းလာၿပီျဖစ္ပါတယ္။ ၿပိဳင္ပြဲအပတ္စဥ္ ေလးပတ္ေျမာက္ကို ေရာက္ရွိလာၿပီျဖစ္ၿပီး ပထမဆုံးအပတ္မွာေတာ့ ၿပိဳင္ပြဲဝင္ ျခဴးစစ္ဟန္က ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။ ဒုတိယအပတ္မွာ ေနာ္ေစးေစးထူးဟာ Voting အနဲဆုံးျဖစ္ခဲ့ေပမယ့္ ဒိုင္ေတြရဲ႕ save လုပ္ျခင္းကိုခံခဲ့ရတာျဖစ္ပါတယ္။ တတိယအပတ္မွာေတာ့ ၿပိဳင္ပြဲဝင္ ေနလင္းေက်ာ္နဲ႔ ႏွင္းအိအိဝင္းတို႔က ထြက္ခြာခဲ့ရတာျဖစ္ၿပီး မေန႔ကက်င္းပျပဳလုပ္ခဲ့တဲ့ Country သီခ်င္းသီဆိုယွဥ္ၿပိဳင္မႈရဲ႕ Result Show မွာေတာ့ ၿပိဳင္ပြဲဝင္တန္ခြန္ေက်ာ္က voting အနဲဆုံးနဲ႔ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။

ၿပိဳင္ပြဲဝင္တန္ခြန္ေက်ာ္ဟာ အရည္အခ်င္းရွိတဲ့ ၿပိဳင္ပြဲဝင္တစ္ဦးျဖစ္ၿပီး တန္ခြန္ေက်ာ္ရဲ႕ႏူတ္ဆက္ထြက္ခြာခ်ိန္ဟာ ေစာေသးတယ္လို႔ ပရိသတ္ေတြက မွတ္ခ်က္ေပးခဲ့ၾကတာျဖစ္ပါတယ္။ သူဟာ Country သီခ်င္းသီဆိုမႈအပတ္မွာ ဒိုင္ေတြရဲ႕မွတ္ခ်က္ေကာင္းကိုရထားတဲ့ အရည္အခ်င္းရွိတဲ့ ၿပိဳင္ပြဲဝင္တစ္ေယာက္ျဖစ္ေပမယ့္ Voting စနစ္ေၾကာင့္ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။ Result Show ပြဲအၿပီးမွာေတာ့ ပြဲမွာလာေရာက္ၾကည့္ရႈၾကတဲ့ ပရိသတ္မ်ားသာမက တီဗြီဖန္သားျပင္ကၾကည့္ရႈၾကတဲ့ ပရိသတ္ေတြပါ ငိုေႂကြးခဲ့ၾကတာျဖစ္ပါတယ္။

ဒါ့အျပင္ တန္ခြန္ေက်ာ္ဟာ သူ႔ရဲ႕အမာခံပရိသတ္ေတြကို တာဝန္မေက်ခဲ့လို႔ေတာင္းပန္ခဲ့တာျဖစ္ၿပီး ပရိသတ္ေတြမသိၾကေသးတဲ့သူ႔ရဲ႕ အေၾကာင္းအရာတစ္ခုကိုလည္း ေျပာျပခဲ့တာျဖစ္ပါတယ္။ သူဟာ Country သီခ်င္းယွဥ္ၿပိဳင္မႈမွာ “ရန္ကုန္သား” သီခ်င္းနဲ႔သီဆိုေဖ်ာ္ေျဖခဲ့တာျဖစ္ၿပီး သီခ်င္းနဲ႔လိုက္ဖက္ညီေအာင္ ကတဲ့ေနရာမွာအဆင္မေျပခဲ့ဘူးလို႔ဆိုပါတယ္။ သူ႔ရဲ႕ေျခေထာက္မွာ ဆိုင္ကယ္အက္စီးဒန႔္ေၾကာင့္ စတီးျပားထည့္ထားခဲ့ရတာျဖစ္ၿပီး နာနာနဲ႔ကိုယ္ခႏၶာလႈပ္ရွားမႈျပဳလုပ္ခဲ့ရေပမယ့္ ခ်စ္ရတဲ့ပရိသတ္ေတြေပ်ာ္တယ္ဆိုလို႔ ဝမ္းသာမိတဲ့အေၾကာင္းကို သူ႔ရဲ႕စာမ်က္ႏွာထက္မွာ မွ်ေဝခဲ့တာျဖစ္ပါတယ္။
Source – Tan Khun Kyaw
Rainbow- Cele Gabar

x
error: Content is protected !!