ဆောင်း ဘုရင်မလေး နှိုးကြားလာသလို ဆောင်းတွင်းဖက်ရှင်ခပ်မိုက်မိုက်လေးနဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသု

ချစ်စရာကောင်းပြီး ကလေးလေးတစ်ယောက်လို ပရိသတ်တွေချစ်ရတဲ့ မင်းသမီးချောလေးပိုင်ဖြိုးသုကိုတော့ မသိတဲ့သူမရှိပါဘူး။ မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးတွေထဲက တစ်ဦးဖြစ်သလို ပရိသတ်ရဲ့ အားပေးမှုကို အခိုင်အမာရရှိပိုင်ဆိုင်ထားတဲ့ သူလေးပါ။ ကလေးတစ်ယောက်လိုချစ်ပေးပြီး ဂရုစိုက်‌ပေးတတ်တဲ့ ခင်ပွန်းဖြစ်သူကို ပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးတိုင်း အားကျရတဲ့ အိမ်ထောင်ရေးမျိုးကို ပိုင်ဆိုင်နိုင်ခဲ့သူလေးပါ။

အနုပညာလှုပ်ရှားမှုမှာဆိုရင်လည်း ရုပ်ရှင်ဇာတ်ကားတွေဆက်လက်ရိုက်ကူးဖို့အတွက်ပြင်ဆင်နေပြီး ကြော်ငြာ်ရိုက်ကူးမှုပုံရိပ်တွေကိုလည်း ပရိသတ်တွေမြင်တွေ့ရမှာပါ။ မီ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်ခဲ့သလို လက်ရှိမှာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Now and Everရုပ်ရှင်ဇာတ်ကားကြီးမှ ဝတ်မှုန်အဖြစ် ပရိသတ်တွေရဲ့ အကယ်ဒမီ ထင်ကြေးပေးမှုတွေကို ရရှိထားသူပါနော်။

 

 

မင်းသမီးဆိုတဲ့အတိုင်း ဘယ်လိုပုံစံလေးနဲ့ဖြစ်ဖြစ် အသွင်ဆန်းပြီး လှနေတဲ့ ပိုင်ဖြိုးသုက အခုတခေါက်မှာ တော့ မကြာမီရောက်ရှိလာတော့မယ့် ဆောင်းတွင်းအတွက် ဖက်ရှင်ဆန်းဆန်းစေနဲ့ စတင်လိုက်ပါပြီနော်။ ဖြူဖွေးနေတဲ့ ဝတ်စုံလေးနဲ့ ဆောင်း ဘုရင်မလေး နှိုးကြားလာသလို အရမ်းကို ချစ်စရာကောင်းတဲ့ သုသုရဲ့ ပုံရိပ်လေးတွေကို CeleGabarပရိသတ်ကြီးအတွက် တင်ပေးလိုက်ပါတယ်နော်။

Source: Paing Pyo Thu
NORA:CeleGabar
(Zawygi ဖြင့်ဖတ်ရန်)

ေဆာင္း ဘုရင္မေလး ႏႈိးၾကားလာသလို ေဆာင္းတြင္းဖက္ရွင္ခပ္မိုက္မိုက္ေလးနဲ႔ မင္းသမီးေခ်ာေလး ပိုင္ၿဖိဳးသု

ခ်စ္စရာေကာင္းၿပီး ကေလးေလးတစ္ေယာက္လို ပရိသတ္ေတြခ်စ္ရတဲ့ မင္းသမီးေခ်ာေလးပိုင္ၿဖိဳးသုကိုေတာ့ မသိတဲ့သူမရွိပါဘူး။ ျမန္မာႏိုင္ငံရဲ႕ ဒိတ္ဒိတ္ႀကဲမင္းသမီးေတြထဲက တစ္ဦးျဖစ္သလို ပရိသတ္ရဲ႕ အားေပးမႈကို အခိုင္အမာရရွိပိုင္ဆိုင္ထားတဲ့ သူေလးပါ။ ကေလးတစ္ေယာက္လိုခ်စ္ေပးၿပီး ဂ႐ုစိုက္‌ေပးတတ္တဲ့ ခင္ပြန္းျဖစ္သူကို ပိုင္ဆိုင္ထားတာေၾကာင့္ မိန္းကေလးတိုင္း အားက်ရတဲ့ အိမ္ေထာင္ေရးမ်ိဳးကို ပိုင္ဆိုင္ႏိုင္ခဲ့သူေလးပါ။

အႏုပညာလႈပ္ရွားမႈမွာဆိုရင္လည္း ႐ုပ္ရွင္ဇာတ္ကားေတြဆက္လက္႐ိုက္ကူးဖို႔အတြက္ျပင္ဆင္ေနၿပီး ေၾကာ္ျငာ္႐ိုက္ကူးမႈပုံရိပ္ေတြကိုလည္း ပရိသတ္ေတြျမင္ေတြ႕ရမွာပါ။ မီ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ေအာင္ျမင္ခဲ့သလို လက္ရွိမွာ ဝက္ဝက္ကြဲေအာင္ျမင္ေနတဲ့ Now and Ever႐ုပ္ရွင္ဇာတ္ကားႀကီးမွ ဝတ္မႈန္အျဖစ္ ပရိသတ္ေတြရဲ႕ အကယ္ဒမီ ထင္ေၾကးေပးမႈေတြကို ရရွိထားသူပါေနာ္။

မင္းသမီးဆိုတဲ့အတိုင္း ဘယ္လိုပုံစံေလးနဲ႔ျဖစ္ျဖစ္ အသြင္ဆန္းၿပီး လွေနတဲ့ ပိုင္ၿဖိဳးသုက အခုတေခါက္မွာ ေတာ့ မၾကာမီေရာက္ရွိလာေတာ့မယ့္ ေဆာင္းတြင္းအတြက္ ဖက္ရွင္ဆန္းဆန္းေစနဲ႔ စတင္လိုက္ပါၿပီေနာ္။ ျဖဴေဖြးေနတဲ့ ဝတ္စုံေလးနဲ႔ ေဆာင္း ဘုရင္မေလး ႏႈိးၾကားလာသလို အရမ္းကို ခ်စ္စရာေကာင္းတဲ့ သုသုရဲ႕ ပုံရိပ္ေလးေတြကို CeleGabarပရိသတ္ႀကီးအတြက္ တင္ေပးလိုက္ပါတယ္ေနာ္။

 

error: Content is protected !!