“ခေတ်ရေစီးကြောင်းအတိုင်း Tik Tok ဆော့တော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့ မင်းသားချောခါရာ”

မြင့်မားတဲ့အရပ်နဲ့ တောင့်တင်းတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတဲ့ ခါရာကတော့ မိန်းကလေးပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားနေသူတစ်ယောက်ဖြစ်ပါတယ်။ တိုင်းရင်းသားတစ်ယောက်ဖြစ်တဲ့အတွက် စကားသံဝဲဝဲလေးကလည်း ခါရာရဲ့ဆွဲဆောင်မှုတစ်ချက်ဖြစ်နေခဲ့တာလို့ဆိုရမှာပါ။ ဒါ့အပြင် ဖြူစင်ရိုးသားတဲ့စိတ်ထားလေးနဲ့ ပရိသတ်ကိုပေးဆပ်ဖို့ကြိုးစားနေသူတစ်ယောက်ဆိုရင်လည်းမမှားပါဘူး။

ခါရာကတော့ “မျက်နှာပြင်များ”ဆိုတဲ့ဇာတ်ကားမှာ ခေါင်းဆောင်မင်းသားတစ်ယောက်အနေနဲ့ သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေစတင်သတိပြုမိခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ခါရာဟာ “မနေ့ကဖြစ်သည်-၂”ဇာတ်လမ်းတွဲထဲမှာ ရဲတစ်ယောက်အနေနဲ့ပါဝင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ရဲဇာတ်ရုပ်နဲ့လိုက်ဖက်လွန်းတဲ့ ခါရာဟာ လက်ရှိ ထုတ်လွှင့်ပြသနေတဲ့ “လိပ်ပြာ-အမှန်တရားရဲ့ဓားတစ်လက်” ဇာတ်လမ်းတွဲမှာလည်း ရဲတစ်ယောက်အနေနဲ့ပဲ ပန်းရောင်ခြယ်နဲ့အတူတူ တွဲဖက်သရုပ်ဆောင်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။

ခါရာဟာ ဖြူစင်ရိုးသားတဲ့စိတ်ထားနဲ့ ဇွဲ၊လုံ့လတို့ကြောင့် အချိန်တိုတွင်းအောင်မြင်မှုရရှိလာတယ်ဆိုရမှာပါ။ လက်ရှိအချိန်မှာလည်း ရိုက်ကူးပြီးစီးသွားပြီဖြစ်တဲ့ “Love Equation” ဇာတ်ကားမှာလည်း ပါဝင်ခဲ့ပြီး “သူစိမ်းအိမ်” ဇာတ်ကားထဲမှ နာမည်ရလာပြီဖြစ်တဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့ မြတ်နိုးအေးနဲ့အတူတူ “ရင်ခုန်သံ ခုနှစ်ဆယ့်လေးရက်” ဇာတ်လမ်းတွဲကြီးကိုလည်း ရိုက်ကူးတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် အနုပညာအလုပ်တွေဆက်နေတဲ့ ခါရာတစ်ယောက်ကတော့ ပရိသတ်အတွက် Tik Tok စဆော့တော့မယ်လို့ဆိုပါတယ်။ Tik Tok ဆော့တာဟာ မြန်မာနိုင်ငံမှာခေတ်စားလာတာဖြစ်ပြီး အနုပညာရှင်တော်တော်များများ ဆော့လာကျတာဖြစ်ပါတယ်။ ခါရာကတော့ အခုမှစဆော့မယ်လို့ စဉ်းစားခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ ဘယ်လိုပုံလေးတွေထွက်လာဦးမလဲဆိုပြီး စောင့်မျှော်နေကြတာလည်းဖြစ်ပါတယ်။


Source – Khar Ra
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“ေခတ္ေရစီးေၾကာင္းအတုိင္း Tik Tok ေဆာ့ေတာ့မယ္လို႔ ဆံုးျဖတ္လိုက္တဲ့ မင္းသားေခ်ာခါရာ”

ျမင့္မားတဲ့အရပ္နဲ႔ ေတာင့္တင္းတဲ့ခႏၶာကိုယ္ကိုပိုင္ဆိုင္ထားတဲ့ ခါရာကေတာ့ မိန္းကေလးပရိသတ္ေတြရဲ႕ပါးစပ္ဖ်ားမွာ ေရပန္းစားေနသူတစ္ေယာက္ျဖစ္ပါတယ္။ တိုင္းရင္းသားတစ္ေယာက္ျဖစ္တဲ့အတြက္ စကားသံဝဲဝဲေလးကလည္း ခါရာရဲ႕ဆြဲေဆာင္မွုတစ္ခ်က္ျဖစ္ေနခဲ့တာလို႔ဆိုရမွာပါ။ ဒါ့အျပင္ ျဖဴစင္ရုိးသားတဲ့စိတ္ထားေလးနဲ႔ ပရိသတ္ကိုေပးဆပ္ဖို႔ၾကိဳးစားေနသူတစ္ေယာက္ဆိုရင္လည္းမမွားပါဘူး။

ခါရာကေတာ့ “မ်က္ႏွာျပင္မ်ား”ဆိုတဲ့ဇာတ္ကားမွာ ေခါင္းေဆာင္မင္းသားတစ္ေယာက္အေနနဲ႔ သရုပ္ေဆာင္ခဲ့တာျဖစ္ျပီး ပရိသတ္ေတြစတင္သတိျပဳမိခဲ့တာျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ ခါရာဟာ “မေန႔ကျဖစ္သည္-၂”ဇာတ္လမ္းတြဲထဲမွာ ရဲတစ္ေယာက္အေနနဲ႔ပါ၀င္ရုိက္ကူးခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ရဲဇာတ္ရုပ္နဲ႔လိုက္ဖက္လြန္းတဲ့ ခါရာဟာ လက္ရွိ ထုတ္လႊင့္ျပသေနတဲ့ “လိပ္ျပာ-အမွန္တရားရဲ႕ဓားတစ္လက္” ဇာတ္လမ္းတြဲမွာလည္း ရဲတစ္ေယာက္အေနနဲ႔ပဲ ပန္းေရာင္ျခယ္နဲ႔အတူတူ တြဲဖက္သရုပ္ေဆာင္ထားတာကိုေတြ႔ရမွာျဖစ္ပါတယ္။

ခါရာဟာ ျဖဴစင္ရုိးသားတဲ့စိတ္ထားနဲ႔ ဇြဲ၊လံု႔လတုိ႔ေၾကာင့္ အခ်ိန္တိုတြင္းေအာင္ျမင္မွုရရွိလာတယ္္ဆိုရမွာပါ။ လက္ရွိအခ်ိန္မွာလည္း ရိုက္ကူးျပီးစီးသြားျပီျဖစ္တဲ့ “Love Equation” ဇာတ္ကားမွာလည္း ပါ၀င္ခဲ့ျပီး “သူစိမ္းအိမ္” ဇာတ္ကားထဲမွ နာမည္ရလာျပီျဖစ္တဲ့ မင္းသမီးတစ္ေယာက္ျဖစ္တဲ့ ျမတ္ႏိုးေအးနဲ႔အတူတူ “ရင္ခုန္သံ ခုႏွစ္ဆယ့္ေလးရက္” ဇာတ္လမ္းတြဲၾကီးကိုလည္း ရုိက္ကူးေတာ့မွာျဖစ္ပါတယ္။ ဒါ့အျပင္ အႏုပညာအလုပ္ေတြဆက္ေနတဲ့ ခါရာတစ္ေယာက္ကေတာ့ ပရိသတ္အတြက္ Tik Tok စေဆာ့ေတာ့မယ္လို႔ဆိုပါတယ္။ Tik Tok ေဆာ့တာဟာ ျမန္မာႏုိင္ငံမွာေခတ္စားလာတာျဖစ္ျပီး အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ား ေဆာ့လာက်တာျဖစ္ပါတယ္။ ခါရာကေတာ့ အခုမွစေဆာ့မယ္လို႔ စဥ္းစားခဲ့တာျဖစ္ျပီး ပရိသတ္ေတြကေတာ့ ဘယ္လိုပံုေလးေတြထြက္လာဦးမလဲဆိုျပီး ေစာင့္ေမွ်ာ္ေနၾကတာလည္းျဖစ္ပါတယ္။
Source – Khar Ra
Rainbow- Cele Gabar

error: Content is protected !!