အားပေးကြတဲ့ချစ်ပရိသတ်တွေကြောင့် ပျော်ရွှင်ကြည်းနူးနေရတဲ့ မင်းသားချောဘုန်းရှိန်ခန့်

မြန်မာနိုင်ငံရဲ့နာမည်ကြီးရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ MRTV-4 ရဲ့ရုပ်သံဇာတ်လမ်းတွဲမင်းသားတစ်လက်ဖြစ်တဲ့ ဘုန်းရှိန်ခန့်ကိုတော့သိကြမှာပါ။လက်ရှိအချိန်မှာပြသနေတဲ့ “နွေလယ်ညရဲ့လမင်း” ဇာတ်လမ်းတွဲမှာ အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားပါတယ်။ဘုန်းရှိန်ခန့်ဟာ “အချစ်သင်္ကေတ” ဇာတ်လမ်းမှာကတည်းကစပြီးတော့ ပါဝင်လာခဲ့သူတစ်ယောက်ပါ။

လက်ရှိပြသနေတဲ့ဇာတ်လမ်းတွဲမှာလည်း စီပွားရေးလုပ်ငန်းကိုဦးဆောင်နေတဲ့အပြင် အရမ်းချစ်တတ်တဲ့ယောကျာ်းတစ်ယောက်အဖြစ်လည်း သရုပ်ဆောင်တာတွေ့ရပါတယ်။ဇာတ်ရုပ်တွေတိုင်းမှာအပိုအလိုမရှိ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်သူတစ်ယောက်လို့လည်း သတ်မှတ်ခံထားရသူပါ။

ဘုန်းရှိန်ခန့်ကို (၂၀၁၂)ခုနှစ်ကတည်းကအားပေးလာတဲ့ အမာခံပရိသတ်ကတော့ သရုပ်ဆောင်ချက်တွေကို သဘောကျရသလို ရင့်ကျက်တဲ့စိတ်နေစိတ်ထား၊အလုပ်ကြိုးစားမှုတွေကို အားကျရကြောင်းရေးသားခဲ့ပါတယ်။အခုလိုအမာခံပရိသတ်တွေကြောင့် အနုပညာရှင်တွေဟာ အလုပ်လုပ်ရတာပိုပြီးတော့အားရှိလာတယ်လို့ဆိုရမှာပါ။အခုဆိုရင်လည်း အဲဒီလိုရေးသားခဲ့တဲ့ပရိသတ်တစ်ယောက်ရဲ့ပိုစ့်လေးကို သူ့ရဲ့ဖေ့ဘွတ်ခ်မှာပြန်ပြီးတော့မျှဝေခဲ့ပါတယ်။ရှေ့လျှောက်ပိုပြီးတော့အားပေးမယ်ဆိုတဲ့အကြောင်းကိုလည်းရေးသားထားပါတယ်။Cele Gabar ပရိသတ်ကြီးထဲမှာ ဘုန်းရှိန်ခန့်ကို အားပေးတဲ့သူတွေရှိလားနော်….
Source :PhomeSheinKhant
Moe – Cele Gabar
ဇော်ဂျီဖြင့်ဖတ်ရန်

အားေပးၾကတဲ့ခ်စ္ပရိသတ္ေတြေၾကာင့္ ေပ်ာ္ရႊင္ၾကည္းႏူးေနရတဲ့ မင္းသားေခ်ာဘုန္းရွိန္ခန္႔
ျမန္မာႏိုင္ငံရဲ႕နာမည္ၾကီးရုပ္သံလိုင္းတစ္ခုျဖစ္တဲ့ MRTV-4 ရဲ႕ရုပ္သံဇာတ္လမ္းတြဲမင္းသားတစ္လက္ျဖစ္တဲ့ ဘုန္းရွိန္ခန္႔ကိုေတာ့သိၾကမွာပါ။လက္ရွိအခ်ိန္မွာျပသေနတဲ့ “ေႏြလယ္ညရဲ႕လမင္း” ဇာတ္လမ္းတြဲမွာ အဓိကဇာတ္ေဆာင္အျဖစ္ပါ၀င္ထားပါတယ္။


ဘုန္းရွိန္ခန္႔ဟာ “အခ်စ္သေကၤတ” ဇာတ္လမ္းမွာကတည္းကစျပီးေတာ့ ပါ၀င္လာခဲ့သူတစ္ေယာက္ပါ။လက္ရွိျပသေနတဲ့ဇာတ္လမ္းတြဲမွာလည္း စီပြားေရးလုပ္ငန္းကိုဦးေဆာင္ေနတဲ့အျပင္ အရမ္းခ်စ္တတ္တဲ့ေယာက်ာ္းတစ္ေယာက္အျဖစ္လည္း သရုပ္ေဆာင္တာေတြ႔ရပါတယ္။ဇာတ္ရုပ္ေတြတိုင္းမွာအပိုအလိုမရွိ ပီပီျပင္ျပင္သရုပ္ေဆာင္ႏိုင္သူတစ္ေယာက္လို႔လည္း သတ္မွတ္ခံထားရသူပါ။


ဘုန္းရွိန္ခန္႕ကို (၂၀၁၂)ခုႏွစ္ကတည္းကအားေပးလာတဲ့ အမာခံပရိသတ္ကေတာ့ သရုပ္ေဆာင္ခ်က္ေတြကို သေဘာက်ရသလို ရင့္က်က္တဲ့စိတ္ေနစိတ္ထား၊အလုပ္ၾကိဳးစားမွုေတြကို အားက်ရေၾကာင္းေရးသားခဲ့ပါတယ္။အခုလိုအမာခံပရိသတ္ေတြေၾကာင့္ အႏုပညာရွင္ေတြဟာ အလုပ္လုပ္ရတာပိုျပီးေတာ့အားရွိလာတယ္လို႔ဆိုရမွာပါ။အခုဆိုရင္လည္း အဲဒီလိုေရးသားခဲ့တဲ့ပရိသတ္တစ္ေယာက္ရဲ႕ပိုစ့္ေလးကို သူ႔ရဲ႕ေဖ့ဘြတ္ခ္မွာျပန္ျပီးေတာ့မ်ွေ၀ခဲ့ပါတယ္။ေရွ႕ေလ်ွာက္ပိုျပီးေတာ့အားေပးမယ္ဆိုတဲ့အေၾကာင္းကိုလည္းေရးသားထားပါတယ္။Cele Gabar ပရိသတ္ၾကီးထဲမွာ ဘုန္းရွိန္ခန္႔ကို အားေပးတဲ့သူေတြရွိလားေနာ္….
Source :PhomeSheinKhant
Moe – Cele Gabar

x
error: Content is protected !!