“ကြောက်နေပေမယ့် မတတ်သာတော့တဲ့အခြေအနေကြောင့် မျက်လုံးကအဖုကိုခြစ်ထုတ်ပစ်ခဲ့ရတဲ့ မိုးယုစံ”

တစ်သားမွေးပြီး တစ်သွေးလှနေတဲ့ မေမေမိုးယုစံကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေသိပ်မလုပ်ဖြစ်တော့ဘဲ မိသားစုကိုအပြည့်အဝအချိန်ပေးဖို့ ကြိုးစားနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အများကြားမှာ ထင်ရှားတဲ့အလှကိုပိုင်ဆိုင်ထားပြီး အနုပညာလောကထဲကို စတင်ဝင်ရောက်လာကတည်းက ပရိသတ်ရဲ့အားပေးမှုကို တခဲနက်လက်ခံရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း အနုပညာခြေလှမ်းကျဲနေပေမယ့် အမာခံပရိသတ်တို့ရဲ့အားပေးမှုကို ယနေ့တိုင်ရရှိနေဆဲ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။

သူကတော့ အချိန်ပေးပြီးလုပ်ရတဲ့ ဇာတ်ကားရိုက်တာတွေမှာကျဲနေပေမယ့် ပွဲပေါင်းများစွာကိုတော့ ပရိသတ်တွေနဲ့ထိတွေ့မှုရှိအောင် တက်ရောက်နေတာဖြစ်တဲ့အပြင် နှင်းဆီအငြိမ့်အဖွဲ့ရဲ့ ပင်တိုင်စံမင်းသမီးတစ်ယောက်ဖြစ်တဲ့ မိုးယုစံဟာ လိုအပ်ရင်လက်မနှေးဘဲ ကူညီဖျော်ဖြေလေ့ရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။မိုးယုစံနဲ့အတူ ပရိသတ်ရဲ့ချစ်ခင်အားပေးမှုကို ရရှိလာတာကတော့ မိုးယုရဲ့သားလေး Austin ပဲဖြစ်ပါတယ်။ Austin လေးဟာ မိုးယုစံအတိုင်း ချစ်ဖို့ကောင်းတဲ့ ရုပ်ရည်နဲ့ဟန်ပန်ကြောင့် ပရိသတ်ကြားမှာရေပန်းစားလာခဲ့တာဖြစ်ပါတယ်။

မိုးယုစံကတော့ လက်ရှိမှာ မျက်လုံးမှာပြဿနာဖြစ်နေတာဖြစ်ပြီး မျက်စိစွံသလိုဖြစ်ကာ အဖုပေါက်လာတာဖြစ်ပါတယ်။ အဲ့ဒီအဖုကနေ ပြည်ပေါက်ထွက်ခဲ့ပေမယ့် အဖုလေးကကျန်နေသေးတာမို့ ခြစ်ထုတ်လိုက်ရတယ်လို့ဆိုပါတယ်။ မိုးယုကတော့ မျက်လုံးမှာခြစ်ထုတ်ရမှာကို ကြောက်နေခဲ့တာဖြစ်ပြီး “ကြောက်ပါတယ်ဆိုမှ ဖြစ်လာတော့လည်းလုပ်ရတာပဲ” ဆိုပြီး သူ့မျက်လုံးရဲ့ခြစ်ထုတ်ပြီးတဲ့ ပုံရိပ်လေးနဲ့အတူ ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူတို့ရဲ့အနုပညာရှင်အတွက် စိုးရိမ်နေကြတာဖြစ်ပြီး မြန်မြန်သက်သာလာစေဖို့ ဆုတောင်းပေးခဲ့ကြတာဖြစ်ပါတယ်။


Source – Moe Yu San

Rainbow – Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်




Source – Moe Yu San
Rainbow – Cele Gabar

error: Content is protected !!