“ဒါရိုက်တာ ထူးနွယ်အိမ် လို အမျိုးသမီးဒါရိုက်တာတွေ ထပ်မံထွက်ပေါ်လာဖို့တောင်းဆိုလိုက်တဲ့ မအေးသောင်း”

နိုင်ငံကျော် မင်းသမီးချော အပျိုကြီးမမ မအေးသောင်းကတော့ ရိုက်ကူးပြီးစီးသွားတဲ့ SECRET FILE “လျှို့ဝှက်ဖိုင်”ဇာတ်လမ်းတွဲ ကိုရိုက်ကူးပုံဖော်ခဲ့တဲ့ ဒါရိုက်တာ ထူးနွယ်အိမ်လို အမျိုးသမီးဒါရိုက်တာတွေ ထပ်မံထွက်ပေါ်လာဖို့ကို “SECRET FILE “လျှို့ဝှက်ဖိုင်” ဇာတ်လမ်းတွဲလေးရိုက်ကူးပြီးသွားပါပြီရှင့်။ အရမ်းကြိုက်တဲ့ဇာတ်ရုပ် ဇာတ်လမ်းဇာတ်ညွှန်းတွေနဲ့ရိုက်ခွင့်ရတဲ့အတွက်လည်းအတိုင်းမသိဝမ်းသာရတယ်။ ကိုယ့်အကြိုက်ဆုံးတချက်ကတော့ ဒါရိုက်တာ…. ထူးနွယ်အိမ် က မိန်းကလေး ကြည့်တော့သာအေးတိအေးစက် ရိုက်ရင်တော့သရုပ်ဆောင်တွေကို လုံးဝအလျော့မပေးတာကိုလည်း ကျေနပ်မိတယ်။ မိန်းမဒါရိုက်တာတွေအများကြီးထပ်ထွက်လာပါစေ။ Lavender Video’s ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း ကျေးဇူးပါရှင့်။” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှ တောင်းဆိုထားပါတယ်။

ဒါရိုက်တာ ထူးနွယ်အိမ်ကတော့ နိုင်ငံကျော် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရဲ့ သမီးဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ ခြေရာကို အပြည့်နင်းမည့် မျိုးဆက်သစ် ဒါရိုက်တာတစ်ဦးပဲဖြစ်ပါတယ်။သူကတော့ တွဲဖက်ဒါရိုက်တာတစ်ယောက်အနေဖြင့် ဖခင်ဖြစ်သူရဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်ရိုက်ကူးခဲ့ပြီး ဒါရိုက်တာ မျိုးမင်းထွန်းရိုက်ကူးခဲ့တဲ့ ရိုမန်တစ် ဒရမ်မာ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “နှစ်ပတ်အလို” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဇာတ်ညွန်းအဖြစ် ပါဝင်ခဲ့ပါတယ်။

ဒါရိုက်တာ ထူးနွယ်အိမ်ဟာ လက်ရှိမှာတော့ “လျှို့ဝှက်ဖိုင်” ဇာတ်လမ်းတွဲကြီးကို ဒါရိုက်တာအဖြစ်တာဝန်ယူရိုက်ကူးပြီး ဒီဇာတ်လမ်းတွဲကြီးမှာတော့ နိုင်ငံကျော်အနုပညာရှင်များဖြစ်တဲ့ မင်းမော်ကွန်း၊အေးဝတ်ရည်သောင်းတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။CeleGabar ပရိသတ်ကြီးရေ ဒါရိုက်တာ ထူးအိမ်နွယ်လို့ ထက်မြက်ပြီး ထူးချွန်တဲ့ မျိုးဆက်သစ် အမျိုးသမီး ဒါရိုက်တာတွေ ထွက်ပေါ်လာဖို့ မအေးသောင်းကတော့ ဆန္ဒပြုတောင်းဆိုလိုက်ပါတယ်။

Source: Aye Thaung
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်





error: Content is protected !!