တိုးတက်တဲ့ ရုပ်ရှင်တစ်ခေတ်ဆီကို ခြေလှမ်းစနေပြီဖြစ်တဲ့ ကိုကိုငလက်မ ရုပ်ရှင်ကားမှ CGIဖန်တီးမှု ရုပ်သံ

ပရိသတ်တွေသဘောကျကြိုက်နှစ်သက်ကျတဲ့ မင်းသားကြီး လူမင်းက ရုပ်ရှင်လောကရဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်သလို ရုပ်ရှင်လောကကို ပိုမိုတိုးတက်လာစေဖို့အတွက် ကြိုးစားနေတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ ကိုယ်တိုင်လည်း ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ဆဲဖြစ်သလို ပရိသတ်တွေအတွက် သုတ ရသတွေပေးနိုင်မယ့် ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ဖန်တီးရိုက်ကူးလျက်ရှိပါတယ်။

အခုဆိုရင် ရုပ်ရှင်လောကရဲ့ ဝါရင့်သရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ မင်းသား လူမင်းနဲ့ မင်းသမီး စိုးမြတ်သူဇာတို့ရဲ့ရုပ်ရှင်သက်တမ်းတစ် လျှောက်မှာ ထူးခြားတဲ့ဖန်တီးမှုတွေနဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့တဲ့ ကိုကိုငလက်မ ရုပ်ရှင်ဇာတ်ကားကိုတော့ ပရိသတ်တွေ ကြည့်ရှုခံစားရတော့မှာပါ ။ အဖက်ဖက် ကနေ နည်းပညာအမြင်တွေတိုးတက်လာတဲ့ မြန်မာရုပ်ရှင်လောကမှာတော့ လူနဲ့ CGIပေါင်းစပ်ဖန်တီးမှုမှာ တိုးတက်လာတဲ့ အခြေအနေတွေကို ကိုကိုငလက်မရုပ်ရှင်ဇာတ်ကားမှာပရိသတ်တွေမြင်တွေ့ကြရမှာပါ။

 

မြန်မာရုပ်ရှင်တွေ တစ်ခေတ်ပြန်လည်ဆန်းသစ်လာတဲ့အတွက် မြန်မာနိုင်ငံသားတွေလည်း ကြည့်ရတာတန်တယ်လို့ပိုပြီးခံစားလာရမှာပါ။ အခုလည်း ပရိသတ်တွေကြည့်ရှုရမယ့် မင်းသားလူမင်းရဲ့ ငလက်မအရွယ်လူသေးသေးလေးပုံစံကို ဘယ်လို CGIဖန်တီးမှုနဲ့ရိုက်ကူး ထားလည်းဆိုတာကို ရိုက်ကွင်းနောက်ကွယ်က ဖန်တီးမှုပုံရိပ်တွေကို CeleGabarပရိသတ်တွေအတွက် တင်ပေးလိုက်ပါတယ်နော်။

Source:ကိုကို ငလက်မ

NORA:CeleGarbar
(Zawgyi ဖြင့်ဖတ်ရန်)





 

error: Content is protected !!