“အဖိုးဖြစ်သူတစ်လပြည့်အတွက် ရည်စူးပြီး အလှူပြုလုပ်ခဲ့တဲ့ စည်ဖြိုး”

သရုပ်ဆောင်မင်းသားချောလေးစည်ဖြိုးကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၄)ရက်နေ့မှာတော့ ကွယ်လွန်သွားတဲ့အဖိုးဖြစ်သူရဲ့ (၁)လပြည့် လပတ်လည်အတွက် ရည်စူးပြီးအလှူလေးပြုလုပ်ပေးခဲ့တဲ့ အကြောင်းကို “ဒီနေ့ ကျွန်တော့်ဖိုးဖိုးကြီး ဆုံးတာ (၁)လပြည့် အလှူမှတ်တမ်း “ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားပါတယ်။စည်ဖြိုးရဲ့ အဖိုးဖြစ်သူဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၄)ရက်နေ့က ဘဝတစ်ပါးကို ပြောင်းရွှေ့ကွယ်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။

စည်ဖြိုးတို့ မိသားစုကတော့ အဖိုးဖြစ်သူ (၁)လပြည့်အတွက်ကို ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊ဇဝနရပ်ကွက်မှာတည်ရှိတဲ့ သာသနာ့ ရက္ခိတဓမ္မာရုံ တိုးချဲ့အတွက် အလှူငွေသိန်း(၆၀)၊ ဦးညိုကျောင်းကြီးအတွက် မတည်အလှူငွေ သိန်း(၃၀၀)နဲ့ မုဒ်ဦးအတွက် အလှူငွေ (၅၅)သိန်း တို့ကို လှူဒါန်းခဲ့တယ်လို့ သိရှိရပါတယ်။သရုပ်ဆောင်စည်ဖြိုးက အခုလို လှူဒါန်းရတဲ့ အလှူရဲ့ ကုသိုလ် အဖို့ပါကကို အဖိုးဖြစ်သူနဲ့ အတူ (၇)ရက်သားသမီးအားလုံးရရှိပြီး ကျန်းမာချမ်းသာကြစေဖို့ကိုလည်း တောင်းဆုခြွေထားပါတယ်။

စည်ဖြိုးကို ချစ်ခင်ပြီး အားပေးတဲ့ ပရိသတ်တွေကလည်း အခုလို မွန်မြတ်လှတဲ့ အလှူလေူအတွက်ကို သာဓုခေါ်ဆိုထားပြီးစည်ဖြိုးတစ်ယောက် ဤကောင်းမှုကြောင့် သက်ရှည်ကျန်းမာ စိတ်ချမ်းသာကာ လိုအင်ဆန္ဒ နဲ့ ပြည့်စုံနိုင်စေဖို့ကိုလည်း ဆုမွန်ကောင်းတောင်းပေးထားကြပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ စည်ဖြိုးရဲ့ အလှူလေးကို ပရိသတ်တွေလည်း ထပ်တူထပ်မျှသာဓုခေါ်ဆိုလို့ရအောင်မျှဝေပေးလိုက်ပါတယ်နော်။

Source – Si Phyo
CleoPaTra – CeleGabar
ယူနီကုတ်ဗားရှင်းဖြင့်ဖတ်ရန်။





Source – Si Phyo
CleoPaTra – CeleGabar

error: Content is protected !!