“လက်ရှိချစ်သူရဲ့ ချစ်ခင်ကြင်နာမှုကို ထုတ်ဖော်ကြွားလိုက်တဲ့ အပျိုကြီး မမမြတ်”

မြတ်လေးလို့ခေါ်တဲ့ အေးမြတ်သူကတော့ အနုပညာလောကထဲကိုဝင်ရောက်လာတာ အခုဆိုရင် ဆယ်စုနှစ်တစ်ခုကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး အနုပညာမှတ်တိုင်တစ်ခုအနေနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို “နောင်တွင်ဥဒါန်းတည်စေသတည်း” ဇာတ်ကားနဲ့ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မြတ်လေးဟာ အနုပညာအလုပ်တွေသာဆက်တိုက်လုပ်နေပြီး အချစ်ရေးကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးတာကြောင့် အပျိုကြီးဖြစ်တော့မယ်လို့ ပရိသတ်တွေကထင်ကြေးပေးထားနေကြတာလည်းဖြစ်ပါတယ်။

ပါးချိုင့်လေးနဲ့အပြုံးချိုချိုလေးတွေမျှဝေပေးတတ်သူ မြတ်လေးဟာ သိုသိပ်စွာနေတတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမယ့် မနေ့ညကတော့ သူခံယူထားတဲ့အချစ်နဲ့ပတ်သက်ပြီး အချစ်ဋီကာဖွင့်ပြခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အပျိုကြီးမြတ်လေးအချစ်အကြောင်းတွေ ပြောနေလို့အံ့အားသင့်နေခဲ့တာဖြစ်ပါတယ်။

မြတ်လေးကတော့ “ကျွန်မချစ်တက်တယ် …အဆုံးစွန်ထိ ချစ်တက်တယ်… သဝန်တိုခြင်းကင်းအောင်လည်းချစ်တယ်..ဒါပေမယ့်လည်းထားခဲ့တဲ့ချစ်သူနဲ့ကြုံခဲ့ရဘူးတယ်..ဝမ်းနည်းခဲ့ပေမယ်ပြိုလဲမသွားအောင်ကြိုးစားရင်းနဲ့ပိုချစ်တက်အောင်လေ့ကျင့်ခဲ့တယ်…စွန့်ခွာသွားတဲ့ချစ်သူကိုပြုံးကြည့်နိုင်အောင်ကြိုးစားရင်းဘဝကိုလေ့လာသင်ယူခဲ့တယ်….လက်ရှိချစ်သူကို တန်ဖိုးထားရင်း ချစ်တက်လာတယ်…လက်ရှိချစ်သူ က အသက်ငယ်ချင်မှငယ်မယ်…ရုပ်ချောချင်မှ ချောမယ်…ကျွန်မ ကိုတန်ဖိုးထားတဲ့စိတ်တွေ ကျွန်မအတွက် ကြိုးစားချင်တဲ့စိတ်တွေ….ကျွန်မအတွက် သူကိုယ်တိုင် ပြောင်းလဲဖြစ်ခဲ့တယ်အရာတွေ…ကျွန်မအတွက် ဖြည့်ဆည်းပေးချင်တဲ့စိတ်တွေ…..ကျွန်မ ဘာတွေလုပ်လုပ် ပြုံးကြည့်နေတက်တဲ့သူ့အပြုံးတွေ…ကျွန်မ သူ့ကိုရွေးချယ်ခဲ့လို့ ဘယ်တော့မှ နောင်တမရခဲ့ဘူး….ချစ်သူ….ဆိုးသမျှ..ဆိုးခဲ့သမျှ…အပြုံးချိုချိုနဲ့လုပ်ချင်ရာလုပ်တက်တဲ့ကျွန်မ ကိုအပြုံးတွေနဲ့ချစ်နေပေးလို့ …….ထာဝရချစ်နေပါ့ရစေ….#missu ချစ်သူ က ထားခဲ့ရင် ပြိုလဲမသွားပါနဲ့ … ပိုချစ်တက်အောင်ကြိုးစားပါ…..လောကကြီးမှာ….. ပိုချစ်တက်လာလေပိုနုပျိုလာလေ…အမြဲတမ်းနုပျိုစေဖို့ … အမြဲတမ်းပိုချစ်တက်ပါစေ” လို့ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။


Source – Aye Myat Thu
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်




Source – Aye Myat Thu
Rainbow- Cele Gabar

error: Content is protected !!