မိသားစု အင်တာဗျူးမှာ မေမေမိတ်ကပ်လိမ်းနေတုန်း တစ်ခြံလုံးက အကောင်လေးတွေကို ကိုယ်တိုင်လိုက်ရှင်းပြသွားတဲ့ Roar Roarလေး
အနုပညာရှင်မိသားစုတွေထဲမှာ ချစ်စရာကောင်းတဲ့မိသားစုလေးအဖြစ် ပရိသတ်တွေသိကြတဲ့ မင်းသမီး ဆုပန်ထွာတို့ မိသားစုလေးကတော့ ပရိသတ်တွေအားကျရတဲ့ မိသားစုလေးပါ။ ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသောသားလေး Roar Roar ေလးကို မွေးပြီးတဲ့နောက်မှာတော့ ပိုပြီးပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ဆုပန်တို့ရဲ့ မိသားစုလေးကို‌ တွေ့ရမှာပါ။ ကျောင်းတက်တဲ့အရွယ်ကို ရောက်လာပြီဖြစ်တဲ့ Roarလေးက အရမ်းကို ဉာဏ်ကောင်းပြီး ဖေဖေ မေမေတို့ရဲ့ အသည်းကျော်လေးပါနော်။
လတ်တလောမှာတော့ ဆုပန်က သားသားလေးကို ဖေဖေနဲ့တူတူထားပြီး အနုပညာအလုပ်တွေကို ပြန်လုပ်ရင်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။ မေမေ ဆုပန်ကို တစ်ခါတစ်လေ ချွဲတတ်ပြီး အရမ်းလည်ပြီး ချစ်စရာကောင်းတဲ့ကလေးလေးပါ။ ဆုပန်ကလည်း ငယ်ငယ်ကတည်းက Roarလေးကို လိမ္မာယဥ်ကျေးတဲ့သားလေးတစ်ယောက်ဖြစ်အောင် သွန်သင်ပေးပြီး အခုဆိုရင် မေချစ်သည်းတုန်ကြီးဖြစ်နေရုံသာမက ပရိသတ်တွေရဲ့ အသည်းကျော်လေးတစ်ယောက်ဖြစ်နေပါပြီ။
အခုလည်း Roarလေးရဲ့ လည်ပုံလေးကို ဆုပန်က ” Family Interview လေးမနေ့ကအိမ်မှာရိုက်ဖြစ်ပါတယ်။
Interview ကို ကိုယ်တွေတောင်သိပ်‌ေဖြစရာမလိုပဲ (Roar Roar Kyaw) သူပဲဖြေပေးသွားပါတယ်။ ကိုယ်တောင်အံ့ဩသွား တယ်။သူတစ်ယောက်ထဲ တစ်အိမ်လုံးတစ်ခြံလုံး ရှိသမျှအကောင်ဘလောင် သူပဲရှင်းပြပြောပြထားတာတွေရိုက်ပြီးတာမို့ ကိုယ်မိတ်ကပ်လိမ်းပြီးဆင်းလာတော့ သူအားလုံးရိုက်ပြီးသွားပြီတဲ့။အော်….အေးအေး…အဲ့ဆိုမပန်တို့လင်မယားဘာပြောရမလဲ ဆိုတော့ ?
ရတယ် မမ နဲနဲပဲဖြေပေး…သားသားအကုန်ရိုက်ပေး ဖြေပေးပြီးသားတဲ့။ ကဲ…..အေးတာပဲ…” ဆိုပြီး Roarလေး ဘယ်လောက်လည်နေပြီဆိုတာကို CeleGabar ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။
Source:Supan Htwar
NORA:CeleGarbar
(Zawgyi ဖြင့်ဖတ်ရန်)
မိသားစု အင်တာဗျူးမှာ မေမေမိတ်ကပ်လိမ်းနေတုန်း တစ်ခြံလုံးက အကောင်လေးတွေကို ကိုယ်တိုင်ရှင်းပြသွားတဲ့ Roar Roarလေး
error: Content is protected !!