“မထင်မှတ်ထားလောက်အောင် အသက်(၂၉)နှစ်ပြည့်သွားပြီဖြစ်တဲ့ မင်သားချော အောင်မင်းခန့်”

နိုင်ငံကျော်မင်းသားချော နိုင်နိုင်းရဲ့ ညီဝမ်းကွဲတစ်ယောက်ဖြစ်ပြီး မော်ဒယ်သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာတဲ့အောင်မင်းခန့်ကတော့ နိုဝင်ဘာလ(၂၅)ရက်နေ့ဖြစ်တဲ့ ယနေ့မှာတော့ အသက်(၂၉)နှစ်ပြည့်သွားပြီလည်းဖြစ်ပါတယ်။”ထာဝရမန္တလေး”၊”ဝိဉာဉ်ရှိုက်သံ”၊ “ဝင်္ကပါစံအိမ်”၊”ပို၍လှသောမနက်ဖြန်”၊”ရတနာထဲကရတနာ”၊”ပဉ္စလတ်ရွာ”၊”မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန”စတဲ့ MRTV-4ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိခဲ့တာပါ။

အောင်မင်းခန့်ဟာ အခုနောက်ပိုင်းမှာတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ နေရာတစ်ခုနဲ့ ရပ်တည်နေပြီပဲဖြစ်ပါတယ်။သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို အခွင့်အရေးရရင် ရသလို အားကြိုးမာန်တက်နဲ့ လုပ်ဆောင်တာကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပါဝင်ရိုက်ကူးရတဲ့အထိကို အောင်မြင်မှုတွေ ဆက်တိုက်ရရှိနေပြီး မကြာသေမှီကမှ ရုံတင်ပြသခဲ့တဲ့ “ကွီးတို့ရဲ့ မာယာ” ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်ထားပါသေးတယ်။

နိုင်ငံကျော်သရုပ်ဆောင်တွေဖြစ်တဲ့ နေတိုး၊ပိုင်ဖြိုးသုတို့နဲ့အတူ “နိယာမအလွန်” ဇာတ်ကားကြီးမှာပါဝင်သရုပ်ဆောင်ထားတာမို့ ဘယ်လိုဇာတ်ကားမျိုးလည်းဆိုတာ ပရိသတ်တွေကတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နေတာလဲဖြစ်ပါတယ်။CeleGabar ပရိသတ်ရေ အောင်မင်းခန့်ကတော့ (၂၉)နှစ်ပြည့်မွေးနေ့အတွက်ရည်ရွယ်ပြီး ပရိသတ်တွေရဲ့ အလှူငွေ (၉) သိန်းကျော် (၁၀) သိန်းနီးပါးကို လိုအပ်တဲ့နေရာတွေကို လှူဒါန်းသွားမယ်လို့ ပြောထားပါသေးတယ်။

Source: Aung Min Khant
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

“မထင္မွတ္ထားေလာက္ေအာင္ အသက္(၂၈)ႏွစ္ျပည့္သြားၿပီျဖစ္တဲ့ မင္သားေခ်ာ ေအာင္မင္းခန႔္”

ႏိုင္ငံေက်ာ္မင္းသားေခ်ာ ႏိုင္ႏိုင္းရဲ႕ ညီဝမ္းကြဲတစ္ေယာက္ျဖစ္ၿပီး ေမာ္ဒယ္သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ အႏုပညာေလာကထဲကို စတင္ဝင္ေရာက္လာတဲ့ေအာင္မင္းခန႔္ကေတာ့ ႏိုဝင္ဘာလ(၂၅)ရက္ေန႔ျဖစ္တဲ့ ယေန႔မွာေတာ့ အသက္(၂၈)ႏွစ္ျပည့္သြားၿပီလည္းျဖစ္ပါတယ္။”ထာဝရမႏၲေလး”၊”ဝိဉာဥ္ရႈိက္သံ”၊ “ဝကၤပါစံအိမ္”၊”ပို၍လွေသာမနက္ျဖန္”၊”ရတနာထဲကရတနာ”၊”ပၪၥလတ္႐ြာ”၊”မ်က္လုံးမွာအလြမ္း ႏႈတ္ခမ္းမွာမာန”စတဲ့ MRTV-4႐ုပ္သံဇာတ္လမ္းတြဲေတြကေနတဆင့္ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကို အျပည့္အဝရရွိခဲ့တာပါ။

ေအာင္မင္းခန႔္ဟာ အခုေနာက္ပိုင္းမွာေတာ့ ေအာင္ျမင္တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ အႏုပညာေလာကမွာ ေနရာတစ္ခုနဲ႔ ရပ္တည္ေနၿပီပဲျဖစ္ပါတယ္။သူဝါသနာပါတဲ့ အႏုပညာအလုပ္ေတြကို အခြင့္အေရးရရင္ ရသလို အားႀကိဳးမာန္တက္နဲ႔ လုပ္ေဆာင္တာေၾကာင့္ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြကို ပါဝင္႐ိုက္ကူးရတဲ့အထိကို ေအာင္ျမင္မႈေတြ ဆက္တိုက္ရရွိေနၿပီး မၾကာေသမွီကမွ ႐ုံတင္ျပသခဲ့တဲ့ “ကြီးတို႔ရဲ႕ မာယာ” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာပါဝင္ထားပါေသးတယ္။

ႏိုင္ငံေက်ာ္သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ ေနတိုး၊ပိုင္ၿဖိဳးသုတို႔နဲ႔အတူ “နိယာမအလြန္” ဇာတ္ကားႀကီးမွာပါဝင္သ႐ုပ္ေဆာင္ထားတာမို႔ ဘယ္လိုဇာတ္ကားမ်ိဳးလည္းဆိုတာ ပရိသတ္ေတြကေတာ့ ရင္ခုန္စိတ္လႈပ္ရွားစြာ ေစာင့္ေမွ်ာ္ေနတာလဲျဖစ္ပါတယ္။CeleGabar ပရိသတ္ေရ ေအာင္မင္းခန႔္ကေတာ့ (၂၈)ႏွစ္ျပည့္ေမြးေန႔အတြက္ရည္႐ြယ္ၿပီး ပရိသတ္ေတြရဲ႕ အလွဴေငြ (၉) သိန္းေက်ာ္ (၁၀) သိန္းနီးပါးကို လိုအပ္တဲ့ေနရာေတြကို လွဴဒါန္းသြားမယ္လို႔ ေျပာထားပါေသးတယ္။

error: Content is protected !!