“ဇာတ်ဝင်ခန်းတစ်ခုကို ရိုက်ကူးအပြီး မေ့လဲမတတ်ခံစားမှုတွေလေးနက်ခဲ့တယ် ဆိုတဲ့ လရိပ်ထူး”

ပြသနေဆဲဖြစ်တဲ့ ” လိပ်ပြာနှောင်ကြိုး” ရုပ်သံဇာတ်လမ်းတွဲကြီးမှာ မင်သားသမီးချောလေးတွေဖြစ်တဲ့ မေမီကိုကို၊ မုဏ်းတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားချောလေး ဟိန်းထက်ကတော့ ဒီဇာတ်လမ်းတွဲကြီးထဲမှာ ဇာတ်ဝင်ခန်းတစ်ခု ရိုက်ကူးပြီးချိန်မှာ မေ့လဲမတတ်ခံစားမှုတွေလေးနက်ခဲ့တယ်လို့သိရပါတယ်။အဲဒီဇာတ်ဝင်ခန်းမှာတော့ ဇာတ်အမြင့်ဆုံးဇာတ်ဝင်ခန်းဖြစ်တာမို့ ခံစားသက်ဝင်မှုကို အလေးထားရတာရယ်၊သူအရမ်းချစ်ရတဲ့ကောင်မလေး ဂျူရီ လက်ရှိအချိန်ထိလဲချစ်နေသေးတဲ့ကောင်မလေးက အတိတ်ဘဝမှာဘယ်လောက်ချစ်ခဲ့လိုဆိုတာပြောပြတဲ့အခန်းပဲဖြစ်ပါတယ်။

ဟိန်းထက်က “မခံစားနိုင်တဲ့ ခံစားမှုတစ်ခုဖြစ်လာတယ်။ခံစားချက်တွေ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုလို့ ခံယူရတဲ့ ခံစားချက်ကြီးကို ဖြစ်ခဲ့တယ်။အဲဒီခံစားချက်က ကျွန်တော်အတွက် အရမ်းကိုမွန်းကျပ်တယ်၊ ကိုယ်အရမ်းချစ်တဲ့ကောင်မလေးတစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီး သူကိုဘယ်လိုမှမတွေ့ရတော့ဘူးဆိုတဲ့ ခံစားချက်ကြီးကြောင့် ဒီဇာတ်ဝင်ခန်းရိုက်ကူးပြီးတဲ့အချိန်မှာ မေ့လဲမလိုဖြစ်သွားတယ်။ရင်ဘက်ထဲမှာဆို့တတ်လာတယ်” လို့ ခံစားခဲ့ရတယ်လို့ ဆိုထားပါတယ်။

CeleGabar ပရိသတ်ကြီးရေ အတိတ်ကဘဝခြားသွားပေမယ့် အမြဲသတိရနေရတဲ့ချစ်သူရယ်၊လက်ရှိကိုယ့်စိတ်ဝင်စားနေတဲ့ ကောင်မလေးကြားမှာ ဗျာများနေတဲ့ ကောင်လေး “လရိပ်ထူး” တစ်ယောက်ဘယ်လို အလှည်အပြောင်းတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကတော့ စောင့်မျှော်ကြည့်ရှုလိုက်ရအောင်။

Source: MRTV 4, Hein Htet
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်





error: Content is protected !!