“မကွယ်လွန်ခင်အချိန်မှာ ခရီးထွက်ဖို့ပြောနေသေးတဲ့ကစ်ကစ်အကြောင်းကို ရင်ဖွင့်လာတဲ့ ခင်သဇင်”

CeleGabar ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် ဖြစ်တဲ့ ဇာတ်ပို့ သရုပ်ဆောင် ကစ်ကစ်ကတော့ ဒီနေက မနက်မှာပဲ ဘဝတစ်ပါးကိုပြောင်းရွှေ့ကွယ်လွန်သွားခဲ့ပါပြီ။ကစ်ကစ်ဟာ ဆီးချိုရောဂါကြောင့် ကျောက်ကပ်ပျက်စီးပြီး ရောဂါဝေဒနာတွေကို အလူးအလဲခံစားနေရကာ ငွေကြေးကျပ်ကျပ်တည်းတည်းနဲ့ ဆေးကုသနေရတာပဲဖြစ်ပါတယ်။သရုပ်ဆောင်မင်းသမီးချောလေး ခင်သဇင်ကတော့ ကစ်ကစ်အတွက် တတ်နိုင်သလောက် ဆေးဖိုးအလှူလေးကိုကိုယ်တိုင်လှူဒါန်းနေပါသေးတယ်။

ကစ်ကစ်ဟာ မကွယ်လွန်ခင်မှာတော့ နေပြန်ကောင်းချင်နေပြီဖြစ်တဲ့အကြောင်းနဲ့ နေကောင်းရင် ဘုရားဖူးတွေသွားချင်တယ်လို့ ပြောခဲ့တဲ့အကြောင်းကို “မထင်မှတ်ထားပဲ ထွက်သွားတာပါ။သူကိုယ်တိုင်လည်း ထင်မှတ်မထားသေးဘူး။ဒီမနက် မနွယ်ကို ရယ်ပြတယ် စကားတွေ ပြောနေသေးတယ်။အလှူရှင်တွေ ထပ်ရလို့ ဝမ်းသာနေတယ်။မနေ့ကရော ဒီနေ့ရော အစားတွေ အများကြီး စားတယ်တဲ့။နေကောင်းရင် ဘုရားဖူးတွေ သွားဖို့ ပြောခဲ့သေးတယ်တဲ့။ဘာမှ ပူစရာ မလိုတော့လို့ သူဝမ်းသာနေခဲ့တာ။အလှူရှင်တွေကိုလည်း ကျေးဇူးတွေ တင်နေခဲ့တာ။ဘာလို့ ထပ်ပြီးတောင် မစောင့်ရတာလဲ အမရယ်။မ ရဲ့ မေမေ ညီမလေး စီစဉ်နေတာ အားလုံး ပြည့်စုံနေပါပြီ။မ ဘာလို့ အစောကြီး ထွက်သွားတာလဲ”ဆိုပြီး ခင်သဇင်က စိတ်မကောင်းစွာနဲ့ သူကရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာတာပဲဖြစ်ပါတယ်။

အခုလို အနုပညာကြယ်တစ်ပွင့် ကြွေလွင့်သွားတဲ့ အတွက်ကိုလည်း အနုပညာရှင်ညီအစ်ကိုမောင်နှမတွေနဲ့ အတူ ပရိသတ်တွေကလည်း ကြေကွဲဝမ်းနည်းနေကြပြီး ကစ်ကစ်တစ်ယောက် ကောင်းရာမွန်ရာရောက်ဖို့ကိုလည်း ဝိုင်းဝန်းဆုတောင်းပေးနေကြတာတွေကိုလည်း တွေ့ရပါတယ်။CeleGabar ပရိသတ်ကြီးရေ ကစ်ကစ်ကတော့ နေကောင်းလာရင် ဘုရားဖူးထွက်ချင်တဲ့ ဆန္ဒလေးမပြည့်ဝတော့ဘဲ သူ့ချစ်တဲ့သူတွေနဲ့ သူ့ကို ချစ်တဲ့ သူတွေအားလုံးကို အပြီးတိုင်နှုတ်ဆက်သွားခဲ့ပါပြီ။

Source – Khin Thazin
CleoPaTra – CeleGabar
ယူနီကုတ်ဗားရှင်းဖြင့်ဖတ်ရန်။

“မကြယ္လြန္ခင္အခ်ိန္မွာ ခရီးထြက္ဖို႔ေျပာေနေသးတဲ့ကစ္ကစ္အေၾကာင္းကို ရင္ဖြင့္လာတဲ့ ခင္သဇင္”

CeleGabar ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ျဖစ္တဲ့ ဇာတ္ပို႔ သ႐ုပ္ေဆာင္ ကစ္ကစ္ကေတာ့ ဒီေနက မနက္မွာပဲ ဘဝတစ္ပါးကိုေျပာင္းေ႐ႊ႕ကြယ္လြန္သြားခဲ့ပါၿပီ။ကစ္ကစ္ဟာ ဆီးခ်ိဳေရာဂါေၾကာင့္ ေက်ာက္ကပ္ပ်က္စီးၿပီး ေရာဂါေဝဒနာေတြကို အလူးအလဲခံစားေနရကာ ေငြေၾကးက်ပ္က်ပ္တည္းတည္းနဲ႔ ေဆးကုသေနရတာပဲျဖစ္ပါတယ္။သ႐ုပ္ေဆာင္မင္းသမီးေခ်ာေလး ခင္သဇင္ကေတာ့ ကစ္ကစ္အတြက္ တတ္ႏိုင္သေလာက္ ေဆးဖိုးအလႉေလးကိုကိုယ္တိုင္လႉဒါန္းေနပါေသးတယ္။

ကစ္ကစ္ဟာ မကြယ္လြန္ခင္မွာေတာ့ ေနျပန္ေကာင္းခ်င္ေနၿပီျဖစ္တဲ့အေၾကာင္းနဲ႔ ေနေကာင္းရင္ ဘုရားဖူးေတြသြားခ်င္တယ္လို႔ ေျပာခဲ့တဲ့အေၾကာင္းကို “မထင္မွတ္ထားပဲ ထြက္သြားတာပါ။သူကိုယ္တိုင္လည္း ထင္မွတ္မထားေသးဘူး။ဒီမနက္ မႏြယ္ကို ရယ္ျပတယ္ စကားေတြ ေျပာေနေသးတယ္။အလႉရွင္ေတြ ထပ္ရလို႔ ဝမ္းသာေနတယ္။မေန႔ကေရာ ဒီေန႔ေရာ အစားေတြ အမ်ားႀကီး စားတယ္တဲ့။ေနေကာင္းရင္ ဘုရားဖူးေတြ သြားဖို႔ ေျပာခဲ့ေသးတယ္တဲ့။ဘာမွ ပူစရာ မလိုေတာ့လို႔ သူဝမ္းသာေနခဲ့တာ။အလႉရွင္ေတြကိုလည္း ေက်းဇူးေတြ တင္ေနခဲ့တာ။ဘာလို႔ ထပ္ၿပီးေတာင္ မေစာင့္ရတာလဲ အမရယ္။မ ရဲ႕ ေမေမ ညီမေလး စီစဥ္ေနတာ အားလုံး ျပည့္စုံေနပါၿပီ။မ ဘာလို႔ အေစာႀကီး ထြက္သြားတာလဲ”ဆိုၿပီး ခင္သဇင္က စိတ္မေကာင္းစြာနဲ႔ သူကရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနေဖာ္ျပလာတာပဲျဖစ္ပါတယ္။

အခုလို အႏုပညာၾကယ္တစ္ပြင့္ ေႂကြလြင့္သြားတဲ့ အတြက္ကိုလည္း အႏုပညာရွင္ညီအစ္ကိုေမာင္ႏွမေတြနဲ႕ အတူ ပရိသတ္ေတြကလည္း ေၾကကြဲဝမ္းနည္းေနၾကၿပီး ကစ္ကစ္တစ္ေယာက္ ေကာင္းရာမြန္ရာေရာက္ဖို႕ကိုလည္း ဝိုင္းဝန္းဆုေတာင္းေပးေနၾကတာေတြကိုလည္း ေတြ႕ရပါတယ္။CeleGabar ပရိသတ္ႀကီးေရ ကစ္ကစ္ကေတာ့ ေနေကာင္းလာရင္ ဘုရားဖူးထြက္ခ်င္တဲ့ ဆႏၵေလးမျပည့္ဝေတာ့ဘဲ သူ႔ခ်စ္တဲ့သူေတြနဲ့ သူ႕ကို ခ်စ္တဲ့ သူေတြအားလံုးကို အၿပီးတိုင္ႏႈတ္ဆက္သြားခဲ့ပါၿပီ။

Source – Khin Thazin
CleoPaTra – CeleGabar

x
error: Content is protected !!