“မြန်မာနိုင်ငံကိုယ်စားပြု မယ်ကမ္ဘာအလှမယ်ကို အပြည့်အဝ ဝန်းရံလိုက်တဲ့ ဟန်တီ”

ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိပိုင်ဆိုင်ထားတဲ့ ဟန်တီကတော့ အဆိုတော် သရုပ်ဆောင် မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ အပြင် နိုင်ငံဂုဏ်ဆောင် အလှမယ်တစ်ဦးလည်းဖြစ်ပါတယ်။ဟန်တီဟာ(၂၀၁၄)ခုနှစ်မှာ Miss Supranational ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အနေနဲ့ သွားရောက်ယှဉ်ပြိုင်ထားပြီး (၂၀၁၈)ခုနှစ်မှာလည်း Miss World ပြိုင်ပွဲကြီးကို နိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ထားပါသေးတယ်။

လတ်တလောမှာတော့ ဟန်တီဟာ ဒီနှစ် Miss World ပြိုင်ပွဲကြီးကို နိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ဖြစ်တဲ့ ခေတ်လင်းလက်ယွန်းကို အပြည့်အဝအားပေးဝန်းရံခဲ့ပါတယ်။ခေတ်လင်းလက်ယွန်းဟာဆိုရင် နိုဝင်ဘာလ (၂၀)ရက်နေ့ကနေ ဒီဇင်ဘာလ (၁၄)ရက်နေ့အထိ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ကျင်းပပြုလုပ်တဲ့ (၆၉)ကြိမ်မြောက် မယ်ကမ္ဘာ ရွေးချယ်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာကိုယ်စားပြုအလှမယ်တစ်ယောက်ပါ။

ဟန်တီဟာ ကိုယ်တိုင်ကလည်း ထူးချွန်ထက်မြက်တဲ့ သူတစ်ယောက်ဖြစ်သလို ဂျူနီယာလေးတွေကိုလည်း ထူးချွန်ထက်မြတ်အောင်လက်တွဲခေါ်လေ့ရှိတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ဟန်တီဟာ အရည်အချင်းရောစိတ်ဓာတ်ပိုင်းဆိုင်ရာမှာပါ ပြည့်ဝတဲ့ သူတစ်ယောက်ဖြစ်တာနဲ့ အညီ နိုင်ငံကိုယ်စားပြုအနေနဲ့ ယှဉ်ပြိုင်နေတဲ့ ခေတ်လင်းလက်ယွန်းကိုလည်း ဝန်းရံခဲ့တာဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ ဟန်တီကတော့ ဂျူနီယာလေးကို အပြည့်အဝဝန်းရံပေးနေပြီနော်…..

Source – Miss Golden Land Myanmar
CleoPaTra – CeleGabar
ယူနီကုတ်ဗားရှင်းဖြင့်ဖတ်ရန်။





CleoPaTra – CeleGabar

error: Content is protected !!