နာမည်ကြီးအမှတ်တံဆိပ်တစ်ခုရဲ့ကြော်ငြာပုံရိပ်တွေနဲ့အတူပရိသတ်ကိုကြွေသွားစေပြန်တဲ့ ဆောင်းဟေကို

ဆောင်းဟေကိုကတော့ တောင်ကိုရီးယားရဲ့အသည်းနှလုံးလေးဖြစ်ရုံသာမက မြန်မာပြည်သူတွေရဲ့အချစ်ကိုလည်းများစွာရရှိထားပါတယ်။ဒိတ်ဒိတ်ကြဲမင်းသမီးရဲ့သတင်းအသစ်တွေတက်လာတိုင်းပရိသတ်တွေကတော့ စိတ်ဝင်တစားရှိနေခဲ့ကြတာပါ။

ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့တဲ့ ကွာရှင်းပြတ်စဲမှုပြီးတဲ့နောက်မှာတော့ အလုပ်တွေတောက်လျှောက်လုပ်နေခဲ့ပါတယ်။အခုဆိုရင် ပိုလှလာသလို ပိုလည်းရင့်ကျက်တည်ငြိမ်လို့နေပါတယ်။ပြည်ပမှာပွဲအခမ်းအနာတွေတက်ရောက်တာမျိုးရှိသလို နာမည်ကြီးအမှတ်တံဆိပ်တွေနဲ့လည်းလက်တွဲပြီးအလုပ်လုပ်နေတာပါ။


အခုလည်း နာမည်ကြီးအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ suecomma bonnie နဲ့အတူကြော်ငြာတွေရိုက်ကူးနေတာပါ။အဲ့ဒီပုံရိပ်တွေကိုတော့ အင်စတာဂရမ်မှာ ပရိသတ်တွေအတွက်တင်ပေးခဲ့ပါတယ်။မိတ်ကပ်အပြင်အတင်တွေပြောင်းလဲလာသလို အမိုက်စားအထာကျကျဖြစ်နေခဲ့တဲ့ ဆောင်းဟေကိုဟာ ပရိသတ်တွေကိုကြွေသွားစေပြန်တာပါပဲ….။


Source : SongHyeKyoIG,Moe – Cele Gabar
ဇော်ဂျီဖြင့်ဖတ်ရန်








x
error: Content is protected !!