တီဗီအစီအစဉ်ရိုက်ကူးရင်း ရုတ်တရက်သေဆုံးသွားတဲ့ တရုတ်မင်းသားGodfrey Gao
ဒီရက်ပိုင်းမှာတော့ ဝမ်းနည်းကြေကွဲဖွယ်ရာသတင်းတွေကတော့တစ်ခုပြီးတစ်ခုပါပဲ။တောင်ကိုရီးယားငွေကြယ်ပွင့်လေးကြွေလွင့်သွားပြီးနောက် စိတ်မကောင်းစရာသတင်းတစ်ခုထပ်မံထွက်ပေါ်လာပြန်ပါပြီ။အဲ့ဒါကတော့ တရုတ်၊မော်ဒယ်လ်မင်းသား Godfrey Gao တစ်ယောက်ရဲ့နာရေးသတင်းပါပဲ။
Godfrey Gao ဟာ ထိုင်ဝမ်-ကနေဒါကပြားတစ်ယောက်ဖြစ်ပြီး အသက်(၃၅)နှစ်ရှိနေပြီဖြစ်ပါတယ်။မင်းသားဟာ Chase Me ဆိုတဲ့ ပရိုဂရမ်တစ်ခုရိုက်ကူးရင်း သတိလစ်သွားခဲ့တာပါ။သတရလာဖို့နှစ်နာရီကျော်ကြာအောင် ကြိုးစားခဲ့ပေမဲ့ အသက်ကိုမကယ်တင်နိုင်ခဲ့ပါဘူး။ဒီသတင်းကိုတော့ အေဂျင်စီ JetStarကနေပြီးတော့ တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။
မင်းသားဟာ မြန်မာပရိသတ်တွေနဲ့တော့ သိပ်ပြီးတော့မရင်းနှီးတာဖြစ်နိုင်ပေမဲ့ တရုတ်နိုင်ငံမှာအတော်လေးနာမည်ကျော်ကြားတဲ့အနုပညာရှင်တစ်ယောက်ပါ။ရုပ်ရှင်၊တီဗီဇာတ်လမ်းများစွာကို ရိုက်ကူးခဲ့ဖူးပြီး Magnus Bane ဆိုတဲ့ အမေရိကန်ဇာတ်ကားမှာပါဝင်ဖူးပါတယ်။ကောင်းရာမွန်ရာရောက်ပါစေ Godfrey Gao ရေ…
Source : scmp,Moe – Cele Gabar
ဇော်ဂျီဖြင့်ဖတ်ရန်
x
error: Content is protected !!