“ကမ္ဘာ့မယ်စင်္ကြာဝဠာပြိုင်ပွဲကြီးကို ယှဉ်ပြိုင်ဖို့ အမေရိကန်နိုင်ငံကို ထွက်ခွာသွားပြီဖြစ်တဲ့ အလှမယ်ဆွေဇင်ထက်”

ဒီနေ့ နိုဝင်ဘာလ (၂၇)ရက်နေ့မှာတော့ အလှမယ်ဆွေဇင်ထက်ဟာ ကမ္ဘာ့မယ်စင်္ကြာဝဠာပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အမေရိကန်နိုင်ငံကို သွားရောက်နေပြီပဲဖြစ်ပါတယ်။အလှမယ် ဆွေဇင်ထက်ဟာဆိုရင် မြန်မာ့မယ်စင်္ကြာဝဠာပြိုင်ပွဲကို ဘာအံကိုယ်စားပြုအလှမယ်တစ်ယောက်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး Winner ဆုကြီးကို ထိုက်ထိုက်တန်တန်နဲ့ ရရှိခဲ့တာပဲဖြစ်ပါတယ်။မြန်မာ့ကိုယ်စားပြုအလှမယ်တစ်ယောက်ဖြစ်လာကတည်းက နိုင်ငံဂုဏ်ဆောင်နိုင်တဲ့သူတစ်ဦးအဖြစ်တွေ့မြင်ရအောင် ကြိုးစားမှုတွေများစွားပြုလုပ်ခဲ့ပါတယ်။

အလှမယ်ဆွေဇင်ထက်သွားရောက်ယှဉ်ပြိုင်မယ့် ကမ္ဘာ့မယ်စင်္ကြာဝဠာပြိုင်ပွဲကြီးကတော့ နှစ်စဉ်ကျင်းပပြုလုပ်လာတာဆိုရင် (၆၉)ကြိမ်မြောက်ရှိနေပြီဖြစ်ပြီး ဒီနှစ်မှာဆိုရင် အမေရိကန်နိုင်ငံ၊ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့မှာကျင်းပပြုလုပ်တာဖြစ်ပါတယ်။ဆွေဇင်ထက်ဟာ အခုတစ်ခေါက် ကမ္ဘာ့မယ်စင်္ကြာဝဠာပြိုင်ပွဲကြီးအပြင် Miss Supranational (2016)ပြိုင်ပွဲကြီးကိုလည်း သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ထိပ်ဆုံး(၁၀)ယောက်စာရင်းကို ဝင်နိုင်ခဲ့တဲ့ အပြင် Miss Supranational (2016)ဆုကြီးကိုလည်း ရရှိခဲ့ပါသေးတယ်။

အခုလိုထူးချွန်ပြီးထက်မြတ်လှတာကြောင့် လတ်တလောမှာ သွားရောက်ယှဉ်ပြိုင်မယ့် ကမ္ဘာ့မယ်စင်္ကြာဝဠာပြိုင်ပွဲကြီးမှာလည်း နိုင်ငံဂုဏ်ဆောင်နိုင်တဲ့ အလှမယ်တစ်ဦးအဖြစ်တွေ့မြင်ရဦးမယ်လို့လည်း ပရိသတ်တွေက ယုံကြည်နေကြပါတယ်။ဆွေဇင်ထက်ကိုယ်တိုင်ကလည်း ဒီပြိုင်ပွဲကြီးအတွက်ကို တော်တော်လေးကြိုးစားပြင်ဆင်ခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။CeleGabar ပရိသတ်ကြီးတွေရော အလှမယ်လေး ဆွေဇင်ထက်ကို အားပေးဝန်းရံဖို့ အဆင်သင့်ပဲလား….

Source – Swe Zin Htet
CleoPaTra – CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။

“ကမၻာ႔မယ္စၾကၤာဝဠာၿပိဳင္ပြဲႀကီးကို ယွဥ္ၿပိဳင္ဖို႕ အေမရိကန္ႏိုင္ငံကို ထြက္ခြာသြားၿပီျဖစ္တဲ့ အလွမယ္ေဆြဇင္ထက္”

ဒီေန႕ ႏိုဝင္ဘာလ (၂၇)ရက္ေန႕မွာေတာ့ အလွမယ္ေဆြဇင္ထက္ဟာ ကမ႓ာ႕မယ္စၾကၤာဝဠာၿပိဳင္ပြဲႀကီးကို ျမန္မာကိုယ္စားျပဳအေနနဲ႕ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္အတြက္ အေမရိကန္ႏိုင္ငံကို သြားေရာက္ေနၿပီပဲျဖစ္ပါတယ္။အလွမယ္ ေဆြဇင္ထက္ဟာဆိုရင္ ျမန္မာ့မယ္စၾကၤာဝဠာၿပိဳင္ပြဲကို ဘာအံကိုယ္စားျပဳအလွမယ္တစ္ေယာက္အေနနဲ႕ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး Winner ဆုႀကီးကို ထိုက္ထိုက္တန္တန္နဲ႕ ရရွိခဲ့တာပဲျဖစ္ပါတယ္။ျမန္မာ့ကိုယ္စားျပဳအလွမယ္တစ္ေယာက္ျဖစ္လာကတည္းက ႏိုင္ငံဂုဏ္ေဆာင္ႏိုင္တဲ့သူတစ္ဦးအျဖစ္ေတြ႕ျမင္ရေအာင္ ႀကိဳးစားမႈေတြမ်ားစြားျပဳလုပ္ခဲ့ပါတယ္။

အလွမယ္ေဆြဇင္ထက္သြားေရာက္ယွဥ္ၿပိဳင္မယ့္ ကမ႓ာ႕မယ္စၾကၤာဝဠာၿပိဳင္ပြဲႀကီးကေတာ့ ႏွစ္စဥ္က်င္းပျပဳလုပ္လာတာဆိုရင္ (၆၉)ႀကိမ္ေျမာက္ရွိေနၿပီျဖစ္ၿပီး ဒီႏွစ္မွာဆိုရင္ အေမရိကန္ႏိုင္ငံ၊ေဂ်ာ္ဂ်ီယာျပည္နယ္၊ အတၱလႏၲာၿမိဳ႕မွာက်င္းပျပဳလုပ္တာျဖစ္ပါတယ္။ေဆြဇင္ထက္ဟာ အခုတစ္ေခါက္ ကမ႓ာ႕မယ္စၾကၤာဝဠာၿပိဳင္ပြဲႀကီးအျပင္ Miss Supranational (2016)ၿပိဳင္ပြဲၾကီးကိုလည္း သြားေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ထိပ္ဆံုး(၁၀)ေယာက္စာရင္းကို ဝင္ႏိုင္ခဲ့တဲ့ အျပင္ Miss Supranational (2016)ဆုႀကီးကိုလည္း ရရွိခဲ့ပါေသးတယ္။

အခုလိုထူးခၽြန္ၿပီးထက္ျမတ္လွတာေၾကာင့္ လတ္တေလာမွာ သြားေရာက္ယွဥ္ၿပိဳင္မယ့္ ကမ႓ာ႔မယ္စၾကၤာဝဠာၿပိဳင္ပြဲႀကီးမွာလည္း ႏိုင္ငံဂုဏ္ေဆာင္ႏိုင္တဲ့ အလွမယ္တစ္ဦးအျဖစ္ေတြ႕ျမင္ရဦးမယ္လို႕လည္း ပရိသတ္ေတြက ယံုၾကည္ေနၾကပါတယ္။ေဆြဇင္ထက္ကိုယ္တိုင္ကလည္း ဒီၿပိဳင္ပြဲႀကီးအတြက္ကို ေတာ္ေတာ္ေလးႀကိဳးစားျပင္ဆင္ခဲ့တာကိုလည္း ေတြ႕ျမင္ရပါတယ္။CeleGabar ပရိသတ္ႀကီးေတြေရာ အလွမယ္ေလး ေဆြဇင္ထက္ကို အားေပးဝန္းရံဖို႕ အဆင္သင့္ပဲလား….

Source – Swe Zin Htet
CleoPaTra – CeleGabar

x
error: Content is protected !!