“မျက်စိဆေးရုံ ဆောက်လုပ်လှူဒါန်းခဲ့ပြီး လူနာ(၃၀၀)ကျော်ကို အခမဲ့ခွဲစိတ်ကုသပေးခဲ့တဲ့ စည်ဖြိုးတို့မိသားစု”

သရုပ်ဆောင်မင်းသားချောလေး စည်ဖြိုးကတော့ ဒီနေ့ နိုဝင်ဘာလ (၂၇)ရက်နေ့မှာ မိသားစုနဲ့အတူ အဘိုးဖြစ်သူနဲ့ အဒေါ်ဖြစ်သူ နိုင်ငံကျော် ဗေဒင်ဆရာမကြီး ဒေါ်အိတီ (မဆွေဆွေဝင်း)တို့ အတွက်ရည်စူးပြီး အလှူလေးတစ်ခုထပ်မံပြုလုပ်ခဲ့ပါတယ်။စည်ဖြိုးတို့မိသားစုဟာဆိုရင် ပုသိမ်မြို့ မှာတည်ရှိတဲ့ တိုက်ကြီးကျောင်းတိုက်မှာ “ET Foundation” မျက်စိဆေးရုံ ဆောက်လုပ်လှူဒါန်းခဲ့တာပဲဖြစ်ပြီး ဒီနေ့မှာတော့ မျက်စိဆေးရုံကြီး ဆောက်လုပ်လှူဒါန်းခြင်းအတွက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့တာပါ။

ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း အခမ်းအနားမှာတော့ ရွှေမိုးငွေမိုးတွေလည်း ရွာသွန်းပေးခဲ့ပါသေးတယ်။အခုလို လှူဒါန်းမှုတွေအပြင် “ET Foundation” မျက်စိဆေးရုံကြီးမှာ လူနာ (၃၀၀)ကျော်ကိုလည်း အခမဲ့ စရိတ်ငြိမ်း ခွဲစိတ်ကုသမှုတွေကို ပြုလုပ်ပေးခဲ့ပါတယ်။စည်ဖြိုးတို့မိသားစုဟာဆိုရင် မကြာခဏဆိုသလို အဘိုးဖြစ်သူနဲ့ အဒေါ်ဖြစ်သူအတွက် ရည်စူးပြီး အလှူအတန်းတွေကို မကြာခဏဆိုသလို ပြုလုပ်ပေးလေ့ရှိတာလည်း ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။

သရုပ်ဆောင် စည်ဖြိုးကတော့ ဒီနေ့ပြုလုပ်ဖြစ်တဲ့ အလှူလေးကို ပရိသတ်တွေလည်း ထပ်တူထပ်မျှ သာဓုခေါ်ဆိုလို့ရအောင် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေပေးထာပြီး “အားလုံးပဲ ကျန်းမာ ချမ်းသာ ချစ်ကြပါ”လို့လည်း ဆုမွန်ကောင်းတွေတောင်းထားပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ ချစ်ရတဲ့ ပရိသတ်ကြီးတွေလည်း ထပ်တူထပ်မျှသာဓုခေါ်လို့ ရအောင် ဒီသတင်းလေးကို မျှဝေပေးလိုက်ပါတယ်။

Source – Si Phyo
CleoPaTra – CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။





Source – Si Phyo
CleoPaTra – CeleGabar

error: Content is protected !!