“မကွေးမြို့မှာ အရမ်းကြိုက်တဲ့မြန်မာအစားအစာစစ်စစ်တွေစားပြီး ပျော်နေတဲ့ ကော်နီ”

ပြည်သူချစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ တေးသံရှင်ကော်နီကတော့ ဟိုးအရင်အချိန်ကတည်းက ပရိသတ်ကြားမှာ အောင်မြင်ကျော်ကြားတဲ့ သီချင်းပေါင်းများစွာကို ပင်ကိုယ်အသံပါဝါအားကောင်းကောင်းနဲ့သီဆိုလာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း ပြည်တွင်းဖျော်ဖြေပွဲများစွာသာမက နိုင်ငံခြားဖျော်ဖြေပွဲတွေပါ သွားရောက်နေရသူတစ်ယောက်လည်း ဖြစ်ပါတယ်။

မကော်နီကတော့ မကွေးမြို့ကိုဖျော်ဖြေရေးအတွက် ရောက်ရှိနေတာဖြစ်ပြီး မကွေးရောက်တုန်းရောက်ခိုက် မြန်မာအရသာစစ်စစ်မုန့်တွေကိုစားရင်း ပျော်နေတာဖြစ်ပါတယ်။ မကွေး အသွားလမ်းမှာလည်း “ပိုင်” ထန်းတောက ထန်းရည်နဲ့အညာစာအချို့ကို စားသောက်ခဲ့ပြီး မကွေးရောက်ရှိချိန်မှာလည်း ရောက်ရောက်ချင်း ဒေါ်သန်းစိန်အသုတ်စုံ စားခဲ့တာဖြစ်ပါတယ်။ ဒီမနက်မှာတော့ မုန့်ပြားသလက်၊ အကြော်စုံနဲ့ မြန်မာမုန့်တွေဖြစ်တဲ့ မုန့်လုံးရေပေါ်၊ထန်းသီးမုန့်စတဲ့ မုန့်မျိုးစုံကို စားပြီး မြန်မာပြည်သူစစ်စစ်တစ်ယောက်ဖြစ်တဲ့အတွက် ဒီလိုမုန့်တွေစားရတာ အလွန်ကြိုက်ကြောင်းမျှဝေခဲ့တာပဲဖြစ်ပါတယ်။

မကော်ကလည်း Foodie လေးတစ်ယောက်ဖြစ်ဟန်တူပါတယ် ပရိသတ်ကြီးရေ။ ယနေ့ခေတ်ကြီးမှာ ခရီးသွားလာပြီး စိတ်ပျော်ရွှင်မှုကိုရှာဖွေလာတဲ့အခါမှာ ဒေသစာ အစားအသောက်လေးတွေကလည်း အဓိကနေရာက ပါဝင်လာကြတာကိုတွေ့ရမှာပါ။ တချို့ဆို စိတ်လက်ပေါ့ပါးမှုအတွက် ခရီးထွက်တာမျိုးမဟုတ်ပဲ Food tour ဆိုပြီး အစားတလိုင်းတွေ သီးသန့်ထွက်ကြတဲ့ ခရီးမျိုးတွေပါ ရေပန်းစားလာတာကို တွေ့ရမှာဖြစ်ပါတယ်။ အစားကောင်းတွေကို ချစ်သူခင်သူတွေကို မျှဝေပေးလာလေ့ရှိတဲ့ ယနေ့ခေတ်မှာတော့ မကော်တစ်ယောက်လည်း သူကြိုက်တဲ့ဒေသစာ တချို့ကို ပရိသတ်အတွက်မျှဝေပေးခဲ့တာဖြစ်ပါတယ်။


Source – Tun Connie

Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“မေကြးျမိဳ႕မွာ အရမ္းၾကိဳက္တဲ့ျမန္မာအစားအစာစစ္စစ္ေတြစားျပီး ေပ်ာ္ေနတဲ့ ေကာ္နီ”

ျပည္သူခ်စ္တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့ ေတးသံရွင္ေကာ္နီကေတာ့ ဟိုးအရင္အခ်ိန္ကတည္းက ပရိသတ္ၾကားမွာ ေအာင္ျမင္ေက်ာ္ၾကားတဲ့ သီခ်င္းေပါင္းမ်ားစြာကို ပင္ကိုယ္အသံပါဝါအားေကာင္းေကာင္းနဲ႔သီဆိုလာခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္ထိလည္း ျပည္တြင္းေဖ်ာ္ေျဖပြဲမ်ားစြာသာမက ႏိုင္ငံျခားေဖ်ာ္ေျဖပြဲေတြပါ သြားေရာက္ေနရသူတစ္ေယာက္လည္း ျဖစ္ပါတယ္။

မေကာ္နီကေတာ့ မေကြးျမိဳ႕ကိုေဖ်ာ္ေျဖေရးအတြက္ ေရာက္ရွိေနတာျဖစ္ျပီး မေကြးေရာက္တုန္းေရာက္ခိုုက္ ျမန္မာအရသာစစ္စစ္မုန္႔ေတြကိုစားရင္း ေပ်ာ္ေနတာျဖစ္ပါတယ္။ မေကြး အသြားလမ္းမွာလည္း “ပိုင္” ထန္းေတာက ထန္းရည္နဲ႔အညာစာအခ်ိဳ႕ကို စားေသာက္ခဲ့ျပီး မေကြးေရာက္ရွိခ်ိန္မွာလည္း ေရာက္ေရာက္ခ်င္း ေဒၚသန္းစိန္အသုတ္စံု စားခဲ့တာျဖစ္ပါတယ္။ ဒီမနက္မွာေတာ့ မုန္႔ျပားသလက္၊ အေၾကာ္စံုနဲ႔ ျမန္မာမုန္႔ေတြျဖစ္တဲ့ မုန္႔လံုးေရေပၚ၊ထန္းသီးမုန္႔စတဲ့ မုန္႔မ်ိဳးစံုကို စားျပီး ျမန္မာျပည္သူစစ္စစ္တစ္ေယာက္ျဖစ္တဲ့အတြက္ ဒီလိုမုန္႔ေတြစားရတာ အလြန္ၾကိဳက္ေၾကာင္းမွ်ေဝခဲ့တာပဲျဖစ္ပါတယ္။

မေကာ္ကလည္း Foodie ေလးတစ္ေယာက္ျဖစ္ဟန္တူပါတယ္ ပရိသတ္ၾကီးေရ။ ယေန႔ေခတ္ၾကီးမွာ ခရီးသြားလာျပီး စိတ္ေပ်ာ္ရႊင္မွုကိုရွာေဖြလာတဲ့အခါမွာ ေဒသစာ အစားအေသာက္ေလးေတြကလည္း အဓိကေနရာက ပါဝင္လာၾကတာကိုေတြ႔ရမွာပါ။ တခ်ိဳ႕ဆို စိတ္လက္ေပါ့ပါးမွုအတြက္ ခရီးထြက္တာမ်ိဳးမဟုတ္ပဲ Food tour ဆိုျပီး အစားတလိုင္းေတြ သီးသန္႔ထြက္ၾကတဲ့ ခရီးမ်ိဳးေတြပါ ေရပန္းစားလာတာကို ေတြ႔ရမွာျဖစ္ပါတယ္။ အစားေကာင္းေတြကို ခ်စ္သူခင္သူေတြကို မွ်ေဝေပးလာေလ့ရွိတဲ့ ယေန႔ေခတ္မွာေတာ့ မေကာ္တစ္ေယာက္လည္း သူၾကိဳက္တဲ့ေဒသစာ တခ်ိဳ႕ကို ပရိသတ္အတြက္မွ်ေဝေပးခဲ့တာျဖစ္ပါတယ္။
Source – Tun Connie
Rainbow- Cele Gabar

error: Content is protected !!