“မြန်မာစကားကိုတစ်ရက်မပြောရရင်တောင် မနေနိုင်ပါဘူးဆိုတဲ့ ရုရှားသူလေး ဝသုန်မိုးရဲ့ ဘဝအကြောင်းတစေ့တစောင်း”

ဝသုန်မိုးကတော့ မြန်မာစာပေကိုချစ်မြတ်နိုးတဲ့ ရုရှားသူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ မြန်မာစာကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရုံသာမက သူ့ကိုအားပေးတဲ့ မြန်မာပရိသတ်တွေအတွက်လည်း ဗဟုသုတဖြစ်စေမယ့် ဆောင်းပါးလေးတွေကိုရေးပေးလေ့ရှိသူတစ်ယောက်ပါ။ သူရဲ့ဖေ့ဘွတ်ခ်စာမျက်နှာကိုတော့ (၂၀၁၃)ခုနှစ်ကတည်းက အသုံးပြုခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ချစ်ခင်အားပေးတဲ့မြန်မာပရိသတ် ခုနှစ်သောင်းကျော်ရရှိနေပြီလည်း ဖြစ်ပါတယ်။

ဝသုန်မိုးကတော့ မြန်မာစာပေသာမက မြန်မာဆန်ဆန်အဝတ်အစား၊ မြန်မာအစားအသောက်စတာတွေကိုပါ နှစ်သက်သူတစ်ယောက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ချစ်မြတ်နိုးလွန်းတဲ့ ဝသုန်မိုးရဲ့အကြောင်းကိုတော့ စိတ်ဝင်စားသူတချို့ရှိလာတာဖြစ်ပြီး သူ့အကြောင်းကို မရင်းနှီးသေးတဲ့ ပရိသတ်တွေအတွက် ဝသုန်မိုးကတော့ သူ့ရဲ့လက်ရှိနေထိုင်မှုပုံစံအကြောင်းကို ထပ်မံမိတ်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒါကတော့ သူဟာ မြန်မာနိုင်ငံနဲ့မြန်မာစာကို နှစ်သက်တဲ့ရုရှားလူမျိုးတစ်ယောက်ဖြစ်ပြီး ရုရှားနာမည်ကတော့ မာရီယာ လို့ခေါ်ပါတယ်။ ဒါပေမယ့် ဝသုန်မိုးဆိုတဲ့မြန်မာနာမည်ပဲ ခေါ်ရင်ပိုကြိုက်ပါတယ်တဲ့။ သူဟာ မြန်မာလိုရေးတတ်၊ ဖတ်တတ်တဲ့အပြင် မြန်မာစကားကိုလည်းကျွမ်းကျင်စွာပြောတတ်ပေမယ့် အသံထွက်ကတော့ မပီပါဘူးတဲ့။

သူရဲ့ တက္ကသိုလ်မှာသင်ကြားခဲ့တဲ့ အထူးပြုမေဂျာကတော့ မြန်မာစာဖြစ်ပြီး မြန်မာစာနဲ့ ဘက်ချ်လာဘွဲ့အပြင် မာစတာဘွဲ့ပါရခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိနေထိုင်တာကတော့ ရုရှားနိုင်ငံ၊မော်စကိုမြို့မှာဖြစ်ပြီး မော်စကိုတက္ကသိုလ်မှာ ရုရှားလူမျိုးတွေကို မြန်မာစာပြန်သင်ပေးနေတာဖြစ်ပါတယ်။ ဒါ့အပြင် သူဟာမြန်မာနိုင်ငံကိုလာရောက်လည်ပတ်ပြီး သုံးလလောက်နေဖူးတယ်လို့ဆိုပါတယ်။ အဲ့ဒီသုံးလအတွင်းမှာ ရန်ကုန်၊ပဲခူး၊ ပုဂံ၊ ပုပ္ပါး၊ ငပလီ တို့ကိုသွားရောက်လည်ပတ်ခဲ့တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံကို ထပ်ပြီးလာလည်ဖို့အစီအစဉ်လည်း ရှိပါတယ်တဲ့။ ဒါကတော့ ပရိသတ်ကြီးစိတ်ဝင်စားနေတဲ့ ရုရှားသူလေး ဝသုန်မိုးရဲ့အကြောင်းအကျဉ်းချုပ်ပဲ ဖြစ်ပါတယ်။ ဝသုန်မိုးရဲ့ဆောင်းပါးလေးတွေ ဖတ်ရှုချင်တဲ့ပရိသတ်ကြီးအတွက်လည်း သူရေးသားခဲ့တဲ့ ဆောင်းပါးလေးတွေရဲ့ လင့်ခ်လေးကို မျှဝေပေးလိုက်ပါတယ်နော်။

https://m.facebook.com/story.php?story_fbid=2525481134167034&id=542821875766313


Source – ဝသုန်မိုး
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“ျမန္မာစကားကိုတစ္ရက္မေျပာရရင္ေတာင္ မေနႏိုင္ပါဘူးဆုိတဲ့ ရုရွားသူေလး ဝသုန္မိုးရဲဲ႕ ဘဝအေၾကာင္းတေစ့တေစာင္း”

ဝသုန္မုိးကေတာ့ ျမန္မာစာေပကိုခ်စ္ျမတ္ႏိုးတဲ့ ရုရွားသူေလးတစ္ေယာက္ပဲျဖစ္ပါတယ္။ ျမန္မာစာကို ကၽြမ္းက်င္ပိုင္ႏိုင္စြာ အသံုးျပဳႏိုင္ရံုသာမက သူ႔ကိုအားေပးတဲ့ ျမန္မာပရိသတ္ေတြအတြက္လည္း ဗဟုသုတျဖစ္ေစမယ့္ ေဆာင္းပါးေလးေတြကိုေရးေပးေလ့ရွိသူတစ္ေယာက္ပါ။ သူရဲ႕ေဖ့ဘြတ္ခ္စာမ်က္ႏွာကိုေတာ့ (၂၀၁၃)ခုႏွစ္ကတည္းက အသံုးျပဳခဲ့တာျဖစ္ျပီး လက္ရွိမွာေတာ့ ခ်စ္ခင္အားေပးတဲ့ျမန္မာပရိသတ္ ခုႏွစ္ေသာင္းေက်ာ္ရရွိေနျပီလည္း ျဖစ္ပါတယ္။

ဝသုန္မိုးကေတာ့ ျမန္မာစာေပသာမက ျမန္မာဆန္ဆန္အဝတ္အစား၊ ျမန္မာအစားအေသာက္စတာေတြကိုပါ ႏွစ္သက္သူတစ္ေယာက္ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံကို ခ်စ္ျမတ္ႏိုးလြန္းတဲ့ ဝသုန္မိုးရဲ႕အေၾကာင္းကိုေတာ့ စိတ္ဝင္စားသူတခ်ိဳ႕ရွိလာတာျဖစ္ျပီး သူ႔အေၾကာင္းကို မရင္းႏွီးေသးတဲ့ ပရိသတ္ေတြအတြက္ ဝသုန္မိုးကေတာ့ သူ႔ရဲ႕လက္ရွိေနထိုင္မွုပံုစံအေၾကာင္းကို ထပ္မံမိတ္ဆက္ေပးခဲ့တာပဲျဖစ္ပါတယ္။ အဲ့ဒါကေတာ့ သူဟာ ျမန္မာႏုိင္ငံနဲ႔ျမန္မာစာကို ႏွစ္သက္တဲ့ရုရွားလူမ်ိဳးတစ္ေယာက္ျဖစ္ျပီး ရုရွားနာမည္ကေတာ့ မာရီယာ လို႔ေခၚပါတယ္။ ဒါေပမယ့္ ဝသုန္မိုးဆိုတဲ့ျမန္မာနာမည္ပဲ ေခၚရင္ပိုၾကိဳက္ပါတယ္တဲ့။ သူဟာ ျမန္မာလိုေရးတတ္၊ ဖတ္တတ္တဲ့အျပင္ ျမန္မာစကားကိုလည္းကၽြမ္းက်င္စြာေျပာတတ္ေပမယ့္ အသံထြက္ကေတာ့ မပီပါဘူးတဲ့။

သူရဲ႕ တကၠသိုလ္မွာသင္ၾကားခဲ့တဲ့ အထူးျပဳေမဂ်ာကေတာ့ ျမန္မာစာျဖစ္ျပီး ျမန္မာစာနဲ႔ ဘက္ခ်္လာဘြဲ႔အျပင္ မာစတာဘြဲ႔ပါရခဲ့တယ္လုိ႔ဆိုပါတယ္။ လက္ရွိေနထိုင္တာကေတာ့ ရုရွားႏုိင္ငံ၊ေမာ္စကိုျမိဳ႕မွာျဖစ္ျပီး ေမာ္စကိုတကၠသိုလ္မွာ ရုရွားလူမ်ိဳးေတြကို ျမန္မာစာျပန္သင္ေပးေနတာျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာျမန္မာႏုိင္ငံကိုလာေရာက္လည္ပတ္ျပီး သံုးလေလာက္ေနဖူးတယ္လို႔ဆိုပါတယ္။ အဲ့ဒီသံုးလအတြင္းမွာ ရန္ကုန္၊ပဲခူး၊ ပုဂံ၊ ပုပၸါး၊ ငပလီ တို႔ကိုသြားေရာက္လည္ပတ္ခဲ့တယ္လို႔ဆိုပါတယ္။ ျမန္မာႏိုင္ငံကို ထပ္ျပီးလာလည္ဖို႔အစီအစဥ္လည္း ရွိပါတယ္တဲ့။ ဒါကေတာ့ ပရိသတ္ၾကီးစိတ္ဝင္စားေနတဲ့ ရုရွားသူေလး ဝသုန္မိုးရဲ႕အေၾကာင္းအက်ဥ္းခ်ဳပ္ပဲ ျဖစ္ပါတယ္။ ဝသုန္မိုးရဲ႕ေဆာင္းပါးေလးေတြ ဖတ္ရွုခ်င္တဲ့ပရိသတ္ၾကီးအတြက္လည္း သူေရးသားခဲ့တဲ့ ေဆာင္းပါးေလးေတြရဲ႕ လင့္ခ္ေလးကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။

https://m.facebook.com/story.php?story_fbid=2525481134167034&id=542821875766313
Source – ဝသုန္မိုး
Rainbow- Cele Gabar

error: Content is protected !!