“ထိုင်းနိုင်ငံရဲ့ ထိပ်တန်း အနုပညာရှင်တွေနဲ့အတူ နာမည်ကြီးချန်နယ်တစ်ခုမှာ အင်တာဗျူးဖြေဆိုခဲ့ရတဲ့ ပိုင်တံခွန်”

ပိုင်တံခွန်ကတော့ မြန်မာနိုင်ငံပြည်တွင်းက နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တွေအပြင် ပြည်ပနိုင်ငံတွေက နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တွေကိုပါ နယ်ချဲ့သိမ်းပိုက်ထားနိုင်တဲ့ အထိကိုအောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားတဲ့ မော်ဒယ်မင်းသားချောလေးတစ်ယောက်ဖြစ်နေပါပြီ။အထူးသဖြင့် ထိုင်းနိုင်ငံရဲ့ အနုပညာလောကကို ထိထိရောက်ရောက်ထိုးဖောက်ထားနိုင်ခဲ့ပြီး ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်တဲ့ Baifern Pimchanok နဲ့တောင် ကြော်ငြာရိုက်ကူးထားပါသေးတယ်။

ထိုင်းနိုင်ငံအပြင် အခြားသော အာရှနိုင်ငံတွေ အထိကိုလည်း ပိုင်တံခွန်ရဲ့ ဂုဏ်သတင်းဟာကျော်ဇောနေတာဖြစ်ပြီး ပိုင်တံခွန်ကို အားပေးတဲ့ ပရိသတ်တွေ အာရှနိုင်ငံတော်တော်များများမှာရှိနေပြီလည်း ဖြစ်ပါတယ်။လတ်တလောမှာလည်း ပိုင်တံခွန်ဟာ ထိုင်းနိုင်ငံရဲ့ အနုပညာလောကမှာ နေရာတစ်ခုအခိုင်အမာရရှိနေပြီး အနုပညာအလုပ်တွေကိုလည်း ထိုင်းနိုင်ငံနဲ့ ပူးပေါင်းလုပ်ကိုင်နေတယ်လို့လည်း သိရှိရပါတယ်။လက်ရှိမှာလည်း ထိုင်းနိုင်ငံရဲ့ နာမည်ကြီးချန်နယ်တစ်ခုမှာ ထိုင်းထိပ်တန်းအနုပညာရှင်တွေနဲ့ အတူတူ အင်တာဗျူးဖြေဆိုခွင့်ရတဲ့ အထိကိုလည်း အောင်မြင်မှုတွေက ဆက်တိုက်ဆိုသလို ရရှိနေပြန်ပါတယ်။

အဲ့ဒီအင်တာဗျူးလေးမှာလည်း ပိုင်တံခွန်ဟာ ထိုင်းမင်းသမီးလေးနဲ့ သတင်းအမှားတွေထွက်ရှိနေတာနဲ့ ပတ်သက်လို့ သူ့အတွက်ကယောက်ျားလေးဖြစ်တာကြောင့် ဘာမှနစ်နာတာမရှိပေမဲ့ မိန်းကလေးဘက်အတွက်ကတော့ မကောင်းတာကြောင့် သတင်းအမှားတွေကို မပြုလုပ်ဖို့ စာနာစိတ်အပြည့်နဲ့တောင်းပန်ဖြေကြားခဲ့တာလေးတွေရှိခဲ့ပြီး အခုလို ဖြူစင်ရိုးသားတဲ့ စိတ်ထားလေးရှိတာကြောင့် ပရိသတ်တွေက ပိုင်တံခွန်ကို ပိုမိုသဘောကျနှစ်သက်နေကြပါသေးတယ်။Celegabar ပရိသတ်ကြီးရေ ထိုင်းနိုင်ငံရဲ့ ထိပ်တန်း အနုပညာရှင်တွေနဲ့အတူ နာမည်ကြီးချန်နယ်တစ်ခုမှာ အင်တာဗျူးဖြေဆိုခဲ့တဲ့ ပိုင်တံခွန်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း မျှဝေပေးလိုက်ပါတယ်နော်။

Source – Paing Takhon FC Cambodia , ET Thailand
CleoPaTra – CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။





CleoPaTra – CeleGabar

error: Content is protected !!