“ရွာရောက်တုန်းရောက်ခိုက် အသားအရည်ဂရုစိုက်တဲ့အနေနဲ့ သနပ်ခါးတွေဖွေးနေအောင် လိမ်းထားတဲ့ ဖြူဖြူထွေး”

အနုပညာခရီးလမ်းကို ရိုးသားဖြူစင်စွာနဲ့လျှောက်လှမ်းနေတဲ့ ဖြူဖြူထွေးတစ်ယောက်ကတော့ အဲ့ဒီရိုးဂုဏ်လေးနဲ့ပဲ အခုဆိုရင် ပရိသတ်ရဲ့ရင်ထဲမှာ အခိုင်အမာအမြစ်တွယ် နေရာယူလာခဲ့ပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကြော်ငြာပေါင်းများစွာ ရိုက်ကူးနေရသူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ပထမဆုံးအတွေ့အကြုံဖြစ်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း စတင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။

တောရွာမှာကြီးပျင်းလာခဲ့သူပီပီ ရွာဓလေ့၊ရွာဟန်လေးတွေနဲ့ စကားပြောဆိုပုံလေးကလည်း ပရိသတ်တွေကို တိုးလို့အချစ်ပိုစေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ရွာရောက်တိုင်း ပရိသတ်ကြီးအတွက် ရွာဓလေ့တွေနဲ့ သူပြုလုပ်လေ့ရှိတဲ့အရာတွေကို ဗွီဒီယိုလေးတွေပြုလုပ်ကာ တင်ပေးလေ့ရှိပြီး ကြည့်ရှုအားပေးသူပရိသတ်များ များစွာရရှိနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း ဖြူဖြူထွေးက သူရွာမှာရောက်နေချိန် အိမ်မှာနေတဲ့စတိုင်ကို ပရိသတ်တွေကို မျှဝေခဲ့တာဖြစ်ပါတယ်။ အသားအရည်ထိန်းသိမ်းတဲ့အနေနဲ့ ရွာဓလေ့အတိုင်း သနပ်ခါးကို ခေါင်းအစ ခြေအဆုံး ဖွေးနေအောင်လိမ်းထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဖြူဖြူထွေးဟာ မေးစေ့နားမှာလည်း ပျားတုတ်ခံရသေးတယ်လို့ဆိုပါတယ်။ ပျားတုတ်ခံထားရပေမယ့်လည်း အမြဲတက်ကြွလန်းဆန်းပြီး ချစ်ဖို့ကောင်းနေတဲ့ဖြူဖြူထွေးရဲ့ဗွီဒီယိုဖိုင်လေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။

Source – Phyu Phyu Htwe
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“ရြာေရာက္တုန္းေရာက္ခိုက္ အသားအရည္ဂရုစိုက္တဲ့အေနနဲ႔ သနပ္ခါးေတြေဖြးေနေအာင္ လိမ္းထားတဲ့ ျဖဴျဖဴေထြး”

အႏုပညာခရီးလမ္းကို ရိုးသားျဖဴစင္စြာနဲ႔ေလွ်ာက္လွမ္းေနတဲ့ ျဖဴျဖဴေထြးတစ္ေယာက္ကေတာ့ အဲ့ဒီရိုးဂုဏ္ေလးနဲ႔ပဲ အခုဆိုရင္ ပရိသတ္ရဲ႕ရင္ထဲမွာ အခုိင္အမာအျမစ္တြယ္ ေနရာယူလာခဲ့ျပီျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ေၾကာ္ျငာေပါင္းမ်ားစြာ ရိုက္ကူးေနရသူတစ္ေယာက္ျဖစ္ျပီး သူ႔ရဲ႕ပထမဆံုးအေတြ႔အၾကံဳျဖစ္တဲ့ ရုပ္ရွင္ဇာတ္ကားၾကီးကိုလည္း စတင္ရုိက္ကူးေတာ့မွာျဖစ္ပါတယ္။

ေတာရြာမွာၾကီးပ်င္းလာခဲ့သူပီပီ ရြာဓေလ့၊ရြာဟန္ေလးေတြနဲ႔ စကားေျပာဆိုပံုေလးကလည္း ပရိသတ္ေတြကို တိုးလို႔အခ်စ္ပိုေစခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ရြာေရာက္တိုင္း ပရိသတ္ၾကီးအတြက္ ရြာဓေလ့ေတြနဲ႔ သူျပဳလုပ္ေလ့ရွိတဲ့အရာေတြကို ဗြီဒီယိုေလးေတြျပဳလုပ္ကာ တင္ေပးေလ့ရွိျပီး ၾကည့္ရွုအားေပးသူပရိသတ္မ်ား မ်ားစြာရရွိေနသူတစ္ေယာက္လည္း ျဖစ္ပါတယ္။

ဒီတစ္ေခါက္မွာလည္း ျဖဴျဖဴေထြးက သူရြာမွာေရာက္ေနခ်ိန္ အိမ္မွာေနတဲ့စတိုင္ကို ပရိသတ္ေတြကို မွ်ေဝခဲ့တာျဖစ္ပါတယ္။ အသားအရည္ထိန္းသိမ္းတဲ့အေနနဲ႔ ရြာဓေလ့အတိုင္း သနပ္ခါးကို ေခါင္းအစ ေျခအဆံုး ေဖြးေနေအာင္လိမ္းထားတာျဖစ္ပါတယ္။ ဒါ့အျပင္ ျဖဴျဖဴေထြးဟာ ေမးေစ့နားမွာလည္း ပ်ားတုတ္ခံရေသးတယ္လို႔ဆိုပါတယ္။ ပ်ားတုတ္ခံထားရေပမယ့္လည္း အျမဲတက္ၾကြလန္းဆန္းျပီး ခ်စ္ဖို႔ေကာင္းေနတဲ့ျဖဴျဖဴေထြးရဲ႕ဗြီဒီယိုဖိုင္ေလးကို ဆယ္လီကမာၻပရိသတ္ၾကီးအတြက္ မွ်ေဝေပးလိုက္ပါတယ္။
Source – Phyu Phyu Htwe
Rainbow- Cele Gabar

x
error: Content is protected !!