“ဖြူဖြူကျော်သိန်းနဲ့ ငယ်ငယ်တုန်းကရိုက်ထားတဲ့ ပုံလေးကို မျှဝေလိုက်တဲ့ သုသု”

ပရိသတ်တွေရဲ့ အချစ်တော်တစ်ယောက်ဖြစ်တဲ့ ညီညီမောင် (စမ်းချောင်း)ကတော့ ဒီနေ့မှာ သူနဲ့ တေးသံရှင် ဖြူဖြူကျော်သိန်းတို့ နှစ်ယောက် ငယ်စဉ်က ရိုက်ကူးထားတဲ့ ပုံလေးကို ဒီနေ့မှာ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာပါတယ်။ဒီပုံလေးကတော့ ဖြူဖြူနဲ့ သုသုတို့ရဲ့ မိတ်ဆွေ မင်းသမီးတစ်ယောက် မင်္ဂလာဆောင်တုန်းက မင်္ဂလာ ဧည့်ခံပွဲမှာ ရိုက်ကူးခဲ့တဲ့ ပုံလေးဖြစ်တယ်လို့လည်း သိရှိရပါတယ်။

သုသုကတော့ သူနဲ့ဖြူဖြူတို့ အဲ့ဒီဓာတ်ပုံလေးထဲမှာ ဝတ်ဆင်ထားတဲ့ ဖက်ရှင်ဒီဇိုင်းလေးဟာ ဒီနေ့ဒီအချိန်ထိကို ခေတ်စားနေတဲ့ ဖက်ရှင်တွေဖြစ်နေသေးတယ်လို့လည်း သုသုကပြောထားပါသေးတယ်။ထူးခြားချက်တစ်ခုအနေနဲ့ကတော့ သုသုနဲ့ ဖြူဖြူတို့ နှစ်ယောက်ဟာ တစ်နှစ်တည်းမှာတူတူမွေးတဲ့ သူနှစ်ယောက်ဖြစ်တဲ့အကြောင်းကိုလည်း သုသုကဖောက်သည်ချပြောဆိုထားပါသေးတယ်။

သုသုဟာလည်း သူမတူအောင်တော်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အပြင် အခုနောက်ပိုင်းတွေမှာဆို သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေပြီလည်း ဖြစ်ပါတယ်။ဖြူဖြူကျော်သိန်းဟာလည်း အဆိုတော်တစ်ယောက်အနေနဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက်ကို အောင်မြင်မှုတွေသိမ်းပိုက်ထားနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ သုသုနဲ့ ဖြူဖြူတို့ရဲ့ ချစ်စရာကောင်းလှတဲ့ ငယ်ဘဝပုံလေးတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Source – Nyi Nyi Maung
CleoPaTra – CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။





Source – Nyi Nyi Maung
CleoPaTra – CeleGabar

error: Content is protected !!