မန္တလေးသား Minusနဲ့အတူ မန္တလေးမှာ အမိုက်စားရိုက်ကူးထားတဲ့ G Fattရဲ့ MTVအသစ်

ဂီတလောကမှာ အောင်မြင်တဲ့အဆိုရှင်တစ်ယောက်ဖြစ်တဲ့ G Fattက ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားတဲ့ အဆိုတော် တစ်ဦးပါ။ အမိုက်စား rhyme တွေနဲ့ တစ်ပုဒ်ဆို တစ်ပုဒ်ပရိသတ်တွေကို အဆုံးစွန့်ထိ စီးမျောခံစားမှုတွေပေးနိုင်တဲ့ သီချင်းတွေကိုဖန်တီးတဲ့ နေရာမှာတော့ အရမ်းကိုတော်တဲ့ သူတစ်ယောက်ပါ။ ပရိသတ်တွေအတွက် တစ်နေ့ထက်တစ်နေ့ ပိုပြီး အကောင်းဆုံးသီချင်းတွေကို နားဆင်ခံစားနိုင်ဖို့ ကြိုးစားနေတဲ့ G Fattရဲ့ ကြိုးစားမှုတွေက နားဆင်ခံစားရတဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ကြည့်ရင်း ဘယ်လောက်ထိ အရာထင်လည်းဆိုတာ မြင်တွေ့ရမှာပါ။

မကြာခင်မှာ မန္တလေးမှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲကြီး ကျင်းပပြုလုပ်ဖို့အတွက် အကောင်းဆုံးကြိုးစားနေတဲ့ G Fattကို ပရိသတ်တွေမြင်တွေ့ရမှာပါ။ မနေ့က ပရိသတ်တွေ စောင့်စားရတာ ကြာနေပြီဖြစ်တဲ့ တေးသီချင်း MTVတစ်ပုဒ်ကို တင်ပေးဖို့အတွက် ကြေညာထားတာကို ပရိသတ်တွေသိပါလိမ့်မယ်။ မန္တလေးက Minus ဆိုတဲ့ အဆိုတော်တစ်ယောက်နဲ့အတူ အမိုက်စားဖန်တီးထားတဲ့ “မင်းတို့သိတဲ့အတိုင်း” တေးသီချင်း MTV အသစ်ကို ပရိသတ်တွေကြည့်ရှုခံစားရမှာဖြစ်ပါတယ်။

 

 

တစ်နေ့ထက်တစ်နေ့ပိုကောင်းလာတဲ့ ရိုက်ချက်တွေနဲ့ အခုတစ်ခေါက်မှာတော့ မန္တလေးမှာ သွားရောက် ရိုက်ကူးထားတဲ့ အလန်းစား သီချင်းစာသားတွေနဲ့ “မင်းတို့သိတဲ့အတိုင်း” MTVလေးကို ပရိသတ်တွေအခုပဲ ကြည့်ရအောင် တင်ပေးလိုက်ပါတယ်။ မကြာခင်မှာလာတော့မယ့် G Fattရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကြီးကို တူတူရင်ခုန်ရင်း G Fattရဲ့ အမိုက်စား MTVအသစ်ကို အားပေးလိုက်ကြပါအုံး..CeleGabar ပရိသတ်ကြီးရေ။

 

 

Source: Gfatt
NORA:CeleGabar
(Zawgyi ဖြင့်ဖတ်ရန်)





error: Content is protected !!