“မနေ့ကသီဆိုယှဉ်ပြိုင်မှုအပြီးမှာ ပရိသတ်တွေရဲ့ မွေးနေ့စပရိုက်လုပ်ခံခဲ့ရတဲ့ ဘင်ဂျမင်ဆုမ်း”

ဘင်ဂျမင်ဆုမ်းကတော့ မြန်မာအိုင်ဒေါဆန်ကာတင်(၁၁)ယောက်စာရင်းဝင် ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့အပြင် ပြည်တွင်း၊ပြည်ပက မိန်းကလေးပရိသတ်တွေရဲ့တစ်ခဲနက်လက်ခံအားပေးမှုကို ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ ပြိုင်ပွဲအပတ်စဉ်တိုင်းမှာ အကောင်းဆုံးယှဉ်ပြိုင်ကြိုးစားခဲ့တာကြောင့်လည်း Top(7) အဆင့်ထိတက်လှမ်းနိုင်ခဲ့သူတစ်ယောက်လို့ ဆိုရမှာပါ။

မနေ့ညက စိုးလွင်လွင်အမှတ်တရသီချင်းများနဲ့ သီဆိုယှဉ်ပြိုင်မှုမှာတော့ စိုးလွင်လွင်ရဲ့ “စိတ်ဖြေသီချင်း” သီချင်းနဲ့သီဆိုယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဒိုင်တွေကတော့ အကောင်းဆုံးစီးမျောခံစားကာ သီဆိုနိုင်ခဲ့တယ်ဆိုပြီး မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲအပတ်စဉ်တိုင်းကို အခက်အခဲမရှိကျော်ဖြတ်နိုင်တဲ့ ဘင်ဘင်တစ်ယောက်ကတော့ ဒီတစ်ဆင့်ကိုလည်း သာသာယာယာပဲကျော်ဖြတ်နိုင်မယ်လို့ထင်ပါတယ် ပရိသတ်ကြီးရေ။

မနေ့က (၂၇)ရက်နေ့လေးကတော့ ဘင်ဘင်ရဲ့မွေးနေ့လေးဖြစ်ပြီး သူ့ရဲ့အမာခံပရိသတ်အချို့ကတော့ ရောဂါကုသဆောင်အချို့မှာ လူအယောက်(၅၅၀)စာအတွက် နေ့လည်စာ လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဘင်ဘင်ဟာ သူ့ရဲ့မွေးနေ့မှာ ကင်ဆာရောဂါဝေဒနာကြောင့် ပွဲစဉ်အစထဲက လာရောက်အားမပေးနိုင်ခဲ့တဲ့ မိခင်ဖြစ်သူ လာမှာဖြစ်တာကြောင့် ပျော်နေတာလည်းဖြစ်ပါတယ်။ မနေ့ညက ယှဉ်ပြိုင်မှုမှာတော့ မိခင်ဖြစ်သူက လာရောက်အားပေးခဲ့တဲ့အပြင် ဘင်ဘင်ရဲ့ Summer ပရိသတ်တွေကလည်း မွေးနေ့အတွက် စပရိုက်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ မနေ့ညကအချိန်လေးကတော့ ဘင်ဘင့်အတွက်အပျော်ဆုံးနေ့တစ်ရက်လို့ဆိုရမှာပဲမို့ ပရိသတ်ကြီးအတွက်လည်း အပျော်တွေကူးစက်အောင် မျှဝေပေးလိုက်ပါတယ်နော်။


Source – Benjamin Sum
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“မေန႔ကသီဆိုယွဥ္ျပိဳင္မွုအျပီးမွာ ပရိသတ္ေတြရဲ႕ ေမြးေန႔စပရုိက္လုပ္ခံခဲ့ရတဲ့ ဘင္ဂ်မင္ဆုမ္း”

ဘင္ဂ်မင္ဆုမ္းကေတာ့ ျမန္မာအုိင္ေဒါဆန္ကာတင္(၁၁)ေယာက္စာရင္းဝင္ ျပိဳင္ပြဲဝင္တစ္ေယာက္ျဖစ္တဲ့အျပင္ ျပည္တြင္း၊ျပည္ပက မိန္းကေလးပရိသတ္ေတြရဲ႕တစ္ခဲနက္လက္ခံအားေပးမွုကို ရရွိထားသူတစ္ေယာက္ျဖစ္ပါတယ္။ ျပိဳင္ပြဲအပတ္စဥ္တိုင္းမွာ အေကာင္းဆံုးယွဥ္ျပိဳင္ၾကိဳးစားခဲ့တာေၾကာင့္လည္း Top(7) အဆင့္ထိတက္လွမ္းႏုိင္ခဲ့သူတစ္ေယာက္လို႔ ဆိုရမွာပါ။

မေန႔ညက စုိးလြင္လြင္အမွတ္တရသီခ်င္းမ်ားနဲ႔ သီဆိုယွဥ္ျပိဳင္မွုမွာေတာ့ စိုးလြင္လြင္ရဲ႕ “စိတ္ေျဖသီခ်င္း” သီခ်င္းနဲ႔သီဆိုယွဥ္ျပိဳင္ခဲ့တာျဖစ္ျပီး ဒိုင္ေတြကေတာ့ အေကာင္းဆံုးစီးေမ်ာခံစားကာ သီဆိုႏိုင္ခဲ့တယ္ဆိုျပီး မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။ ျပိဳင္ပြဲအပတ္စဥ္တိုင္းကို အခက္အခဲမရွိေက်ာ္ျဖတ္ႏိုင္တဲ့ ဘင္ဘင္တစ္ေယာက္ကေတာ့ ဒီတစ္ဆင့္ကိုလည္း သာသာယာယာပဲေက်ာ္ျဖတ္ႏုိင္မယ္လို႔ထင္ပါတယ္ ပရိသတ္ၾကီးေရ။

 

မေန႔က (၂၇)ရက္ေန႔ေလးကေတာ့ ဘင္ဘင္ရဲ႕ေမြးေန႔ေလးျဖစ္ျပီး သူ႔ရဲ႕အမာခံပရိသတ္အခ်ိဳ႕ကေတာ့ ေရာဂါကုသေဆာင္အခ်ိဳ႕မွာ လူအေယာက္(၅၅၀)စာအတြက္ ေန႔လည္စာ လွဴဒါန္းေပးခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ဘင္ဘင္ဟာ သူ႔ရဲ႕ေမြးေန႔မွာ ကင္ဆာေရာဂါေဝဒနာေၾကာင့္ ပြဲစဥ္အစထဲက လာေရာက္အားမေပးႏိုင္ခဲ့တဲ့ မိခင္ျဖစ္သူ လာမွာျဖစ္တာေၾကာင့္ ေပ်ာ္ေနတာလည္းျဖစ္ပါတယ္။ မေန႔ညက ယွဥ္ျပိဳင္မွုမွာေတာ့ မိခင္ျဖစ္သူက လာေရာက္အားေပးခဲ့တဲ့အျပင္ ဘင္ဘင္ရဲ႕ Summer ပရိသတ္ေတြကလည္း ေမြးေန႔အတြက္ စပရိုက္လုပ္ေပးခဲ့တာျဖစ္ပါတယ္။ မေန႔ညကအခ်ိန္ေလးကေတာ့ ဘင္ဘင့္အတြက္အေပ်ာ္ဆံုးေန႔တစ္ရက္လို႔ဆိုရမွာပဲမို႔ ပရိသတ္ၾကီးအတြက္လည္း အေပ်ာ္ေတြကူးစက္ေအာင္ မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Source – Benjamin Sum
Rainbow- Cele Gabar

error: Content is protected !!