“မိမိဝါသနာပါတဲ့အလုပ်တစ်ခုဖြစ်တဲ့ စာတိုလေးတွေရေးပြီး စာအုပ်ထုတ်ဖို့ စဉ်းစားနေတဲ့ မေမေမယ်လိုဒီ”

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မယ်လိုဒီကတော့ လှပကျော့ရှင်းတဲ့ခန္ဓာကိုယ်နဲ့ ဝင်းဝါစိုပြေတဲ့ အသားအရည်တို့ကြောင့် မိန်းကလေးပရိသတ်တွေ လေးစားအားကျချစ်ခင်ရသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် ဘာသာတရားရိုသေကိုင်းရှိုင်းပြီး တစ်ဦးတည်းသော သားလေးဖြစ်တဲ့ သားသားသိဒ္ဓိစစ်ကိုလည်း ကောင်းမွန်စွာ သွန်သင်ဆုံးမထားတာကြောင့် လိမ္မာရေးခြားရှိတဲ့သားလေးအဖြစ်နဲ့ ပရိသတ်ကြားမှာရေပန်းစားနေတာလည်း ဖြစ်ပါတယ်။

မေမေမယ်လိုဒီကတော့ ရင့်ကျက်တဲ့အတွေးအခေါ်ရှိသူတစ်ယောက်ဖြစ်ပြီး မကြာခဏဆိုသလိုသူ့ရဲ့အတွေးအမြင်နဲ့ပတ်သက်တဲ့ စာလေးတွေတင်ပေးလေ့ရှိသူတစ်ယောက်ပါ။ စာရေးရတာလည်း ဝါသနာပါတဲ့မယ်လိုဒီဟာ စာတိုလေးတွေရေးပြီး စာအုပ်လေးထုတ်ချင်တယ်လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရည်သွေးတဲ့အနေနဲ့လည်း သူရေးသားထားတဲ့ စာတိုလေးနှစ်ပုဒ်ကိုတင်ပေးခဲ့တာဖြစ်ပါတယ်။

ပရိသတ်ကြီးအတွက် မယ်လိုဒီကိုယ်တိုင်ရေးထားတဲ့ “ဘဝလို့ခေါ်သလား” ဆိုတဲ့ခေါင်းစဉ်လေးနဲ့စာသားတချို့ကို မျှဝေပေးလိုက်ပါတယ်နော်။ “ဘဝလို့ခေါ်သလား” ‘ငယ်ငယ်ထဲကလည်း ဘဝကမနွေးထွေးဘူး၊ မလုံခြုံဘူး၊စိတ်အေးလက်အေး နေခဲ့ရတာမရှိဘူး။ အခုလက်ရှိဘဝ ဆယ်ပြန်ဆိုးတယ်၊ သမင်မွေးတိုင်း ကျားစားခံရတဲ့ဘဝ။ ရုန်းနေလို့လည်း ကျေးဇူးမတင်တဲ့အပြင် ဘယ်သူကရုန်းခိုင်းနေလို့လဲ မမေးသေးတာကိုပဲ ငါ့ဘဝကကြံဖန်ကျေးဇူးတင်နေရတယ်။ အိုဘယ့် ကျွန်ဇာတာ…ဘယ်အချိန်ကျမှ လွှတ်မြောက်မှာ’။ ဒီစာစုလေးကို ဖတ်ကြည့်လိုက်တာနဲ့ မေမေမယ်လိုဒီရဲ့ အတွေးအမြင်ကိုခံစားမိကြမယ်လို့ထင်ပါတယ်။ မေမေမယ်လိုဒီကတော့ စာအုပ်ထုတ်ဖို့လက်သွေးနေပြီဖြစ်တာကြောင့် ပရိသတ်ကြီးကရော အားပေးဖို့အဆင်သင့်ဖြစ်နေပြီလား။


Source – Melody Myo
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“မိမိဝါသနာပါတဲ့အလုပ္တစ္ခုျဖစ္တဲ့ စာတိုေလးေတြေရးျပီး စာအုပ္ထုတ္ဖို႔ စဥ္းစားေနတဲ့ ေမေမမယ္လိုဒီ”

ျပည္သူခ်စ္အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့ မယ္လိုဒီကေတာ့ လွပေက်ာ့ရွင္းတဲ့ခႏၶာကိုယ္နဲ႔ ဝင္းဝါစိုေျပတဲ့ အသားအရည္တို႔ေၾကာင့္ မိန္းကေလးပရိသတ္ေတြ ေလးစားအားက်ခ်စ္ခင္ရသူတစ္ေယာက္ျဖစ္ပါတယ္။ ဒါ့အျပင္ ဘာသာတရားရိုေသကိုင္းရွိုင္းျပီး တစ္ဦးတည္းေသာ သားေလးျဖစ္တဲ့ သားသားသိဒၶိစစ္ကိုလည္း ေကာင္းမြန္စြာ သြန္သင္ဆံုးမထားတာေၾကာင့္ လိ္မၼာေရးျခားရွိတဲ့သားေလးအျဖစ္နဲ႔ ပရိသတ္ၾကားမွာေရပန္းစားေနတာလည္း ျဖစ္ပါတယ္။

ေမေမမယ္လိုဒီကေတာ့ ရင့္က်က္တဲ့အေတြးအေခၚရွိသူတစ္ေယာက္ျဖစ္ျပီး မၾကာခဏဆိုသလိုသူ႔ရဲ႕အေတြးအျမင္နဲ႔ပတ္သက္တဲ့ စာေလးေတြတင္ေပးေလ့ရွိသူတစ္ေယာက္ပါ။ စာေရးရတာလည္း ဝါသနာပါတဲ့မယ္လိုဒီဟာ စာတိုေလးေတြေရးျပီး စာအုပ္ေလးထုတ္ခ်င္တယ္လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ လက္ရည္ေသြးတဲ့အေနနဲ႔လည္း သူေရးသားထားတဲ့ စာတိုေလးႏွစ္ပုဒ္ကိုတင္ေပးခဲ့တာျဖစ္ပါတယ္။

ပရိသတ္ၾကီးအတြက္ မယ္လိုဒီကိုယ္တုိင္ေရးထားတဲ့ “ဘဝလို႔ေခၚသလား” ဆုိတဲ့ေခါင္းစဥ္ေလးနဲ႔စာသားတခ်ိဳ႕ကို မွ်ေဝေပးလုိက္ပါတယ္ေနာ္။ “ဘဝလို႔ေခၚသလား” ‘ငယ္ငယ္ထဲကလည္း ဘဝကမေႏြးေထြးဘူး၊ မလံုျခံဳဘူး၊စိတ္ေအးလက္ေအး ေနခဲ့ရတာမရွိဘူး။ အခုလက္ရွိဘဝ ဆယ္ျပန္ဆိုးတယ္၊ သမင္ေမြးတုိင္း က်ားစားခံရတဲ့ဘဝ။ ရုန္းေနလို႔လည္း ေက်းဇူးမတင္တဲ့အျပင္ ဘယ္သူကရုန္းခိုင္းေနလို႔လဲ မေမးေသးတာကိုပဲ ငါ့ဘဝကၾကံဖန္ေက်းဇူးတင္ေနရတယ္။ အိုဘယ့္ ကၽြန္ဇာတာ…ဘယ္အခ်ိန္က်မွ လႊတ္ေျမာက္မွာ’။ ဒီစာစုေလးကို ဖတ္ၾကည့္လိုက္တာနဲ႔ ေမေမမယ္လိုဒီရဲ႕ အေတြးအျမင္ကိုခံစားမိၾကမယ္လို႔ထင္ပါတယ္။ ေမေမမယ္လိုဒီကေတာ့ စာအုပ္ထုတ္ဖို႔လက္ေသြးေနျပီျဖစ္တာေၾကာင့္ ပရိသတ္ၾကီးကေရာ အားေပးဖို႔အဆင္သင့္ျဖစ္ေနျပီလား။
Source – Melody Myo
Rainbow- Cele Gabar

error: Content is protected !!