မြိတ်မြို့ကို ရောက်တုန်း တတ်နိုင်သ‌လောက် အလှူလေးတစ်ခုလုပ်ခဲ့တဲ့ ပိုင်တံခွန် ရုပ်သံ

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲပိုင်တံခွန်က လက်ရှိမှာတော့ အောင်မြင်တဲ့ မြန်မာမော်ဒယ်တစ်ယောက်ဖြစ်တဲ့အပြင် ထိုင်းနိုင်ငံနဲ့အတူ ကြော်ငြာတွေများစွာလက်ခံရိုက်ကူးပေးလျက်ရှိပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ပေါ်က တက်တူးတွေကြောင့် နှုတ်ခမ်းနီမလေးတွေ အသည်းတွေကြွေရအောင် ဖြစ်နေသူလေးပါ။ ပရိသတ်တွေရဲ့ နှလုံးသားကို ဖမ်းစားထားတဲ့ ပိုင်တံခွန်က စမတ်ကျပြီး ‌ချောရုံသာမက စိတ်သဘောပြည့်ဝလွန်းသူမို့ မိန်းကလေးပရိသတ်တွေက အသည်းခိုက်အောင်ချစ်နေရသူပါနော်။

အခုလည်း ပွဲတစ်ခုအတွက် မြိတ်မြို့ကို ရောက်ရှိနေပါပြီနော်။ မြိတ်မြို့ကိုရောက်တဲ့အချိန်မှာ မြိတ်သူ မြိတ်သားတွေရဲ့ ကြိုဆိုမှုတွေကြောင့် ပိုင်တံခွန်တစ်ယောက်အရမ်းကို ပီတိဖြစ်ရတဲ့ အကြောင်းလေးကို ပရိသတ်တွေကို ပြောပြထားပါသေးတယ်။ နောက်ပြီး မြိတ်မြို့ကို ရောက်တုန်းက စာသင်ကျောင်းတစ်ကျောင်းမှာ အလှူလေးတစ်ခုပြုလုပ်ခွင့်ရခဲ့လို့ အရမ်းတွေပျော်နေတဲ့ ပိုင်တံခွန်ကို မြင်တွေ့ရမှာပါ။

“ကျနော်မြိတ်မြို့ကိုရောက်နေပါပြီခင်ဗျာ နွေးနွေးထွေးထွေးကြိုကြတဲ့အတွက်လည်း အရမ်းဝမ်းသာရပါတယ်။ မြိတ်မြို့‌လေး ရောက်တုန်း အလှူလေးလည်းလုပ်ဖြစ်တော့ တကယ်အမှတ်တရ ဖြစ်မိတယ် မနက်ဖြန်လည်း အမှတ်တရတွေ အများကြီးနဲ့ ဖြတ်သန်းချင်ပါတယ်” ဆိုပြီး မြိတ်မြို့မှာ အမှတ်တရ ရိုက်ကူးထားဗီဒီယိုလေးကို CeleGabarပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Source: Paing Takhon
NORA:CeleGabar
(Zawgyi ဖြင့်ဖတ်ရန်)

ၿမိတ္ၿမိဳ႕ကို ေရာက္တုန္း တတ္ႏိုင္သ‌ေလာက္ အလႉေလးတစ္ခုလုပ္ခဲ့တဲ့ ပိုင္တံခြန္ ႐ုပ္သံ

ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲပိုင္တံခြန္က လက္ရွိမွာေတာ့ ေအာင္ျမင္တဲ့ ျမန္မာေမာ္ဒယ္တစ္ေယာက္ျဖစ္တဲ့အျပင္ ထိုင္းႏိုင္ငံနဲ႔အတူ ေၾကာ္ျငာေတြမ်ားစြာလက္ခံ႐ိုက္ကူးေပးလ်က္ရွိပါတယ္။ ဆြဲေဆာင္မႈရွိတဲ့ ခႏၶာကိုယ္ေပၚက တက္တူးေတြေၾကာင့္ ႏႈတ္ခမ္းနီမေလးေတြ အသည္းေတြေႂကြရေအာင္ ျဖစ္ေနသူေလးပါ။ ပရိသတ္ေတြရဲ႕ ႏွလုံးသားကို ဖမ္းစားထားတဲ့ ပိုင္တံခြန္က စမတ္က်ၿပီး ‌ေခ်ာ႐ုံသာမက စိတ္သေဘာျပည့္ဝလြန္းသူမို႔ မိန္းကေလးပရိသတ္ေတြက အသည္းခိုက္ေအာင္ခ်စ္ေနရသူပါေနာ္။

အခုလည္း ပြဲတစ္ခုအတြက္ ၿမိတ္ၿမိဳ႕ကို ေရာက္ရွိေနပါၿပီေနာ္။ ၿမိတ္ၿမိဳ႕ကိုေရာက္တဲ့အခ်ိန္မွာ ၿမိတ္သူ ၿမိတ္သားေတြရဲ႕ ႀကိဳဆိုမႈေတြေၾကာင့္ ပိုင္တံခြန္တစ္ေယာက္အရမ္းကို ပီတိျဖစ္ရတဲ့ အေၾကာင္းေလးကို ပရိသတ္ေတြကို ေျပာျပထားပါေသးတယ္။ ေနာက္ၿပီး ၿမိတ္ၿမိဳ႕ကို ေရာက္တုန္းက စာသင္ေက်ာင္းတစ္ေက်ာင္းမွာ အလႉေလးတစ္ခုျပဳလုပ္ခြင့္ရခဲ့လို႔ အရမ္းေတြေပ်ာ္ေနတဲ့ ပိုင္တံခြန္ကို ျမင္ေတြ႕ရမွာပါ။

“က်ေနာ္ၿမိတ္ၿမိဳ႕ကိုေရာက္ေနပါၿပီခင္ဗ်ာ ေႏြးေႏြးေထြးေထြးႀကိဳၾကတဲ့အတြက္လည္း အရမ္းဝမ္းသာရပါတယ္။ ၿမိတ္ၿမိဳ႕‌ေလး ေရာက္တုန္း အလႉေလးလည္းလုပ္ျဖစ္ေတာ့ တကယ္အမွတ္တရ ျဖစ္မိတယ္ မနက္ျဖန္လည္း အမွတ္တရေတြ အမ်ားႀကီးနဲ႔ ျဖတ္သန္းခ်င္ပါတယ္” ဆိုၿပီး ၿမိတ္ၿမိဳ႕မွာ အမွတ္တရ ႐ိုက္ကူးထားဗီဒီယိုေလးကို CeleGabarပရိသတ္ေတြအတြက္ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္ေနာ္။

error: Content is protected !!