ရိုးမပေါ်ကျတဲ့မျက်ရည် ရုပ်ရှင်ဇာတ်ကားကို နာမည်ပြောင်းပေးပြီး အကြီးကြီး အရွန်းဖောက်လိုက်တဲ့ ဒါရိုက်တာ ညိုမင်းလွင်

ထူးခြားဆန်းပြားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ဖန်တီးတတ်တဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ညိုမင်းလွင်ကတော့ ပရိသတ်တွေအားပေးမှုတွေရရှိထားတဲ့ ဒါရိုက်တာတစ်ဦးပါ။ မြန်မာရုပ်ရှင်လောကမှာ မရှိသေးတဲ့ ပုံစံအသစ်တွေကို ပထမဦးဆုံး ပုံဖော်ရိုက်ကူးတတ်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို ရရှိထားတဲ့ ဒါရိုက်တာတစ်ဦးပါ။ဒါရိုက်တာ ညိုမင်းလွင်ရိုက်ကူးထားတဲ့ ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးမှ သရဲကား တော်တော်များများကလည်း ပရိသတ်တွေရဲ့ စိတ်ကိုဖမ်းစားနိုင်ခဲ့ပြီး အရမ်းကို အောင်မြင်ခဲ့တဲ့ ညိုမင်းလွင်ရဲ့ ဇာတ်ကားတွေပဲဖြစ်ပါတယ်။

အခုလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အကြီးအကျယ်သိမ်းပိုက်ထားတဲ့ မြမြ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပရိသတ်တွေမကြာခင်မှာ ကြည့်ရှုခံစားရတော့မှာပါ။ ရုပ်ရှင်နယ်ပယ်မှာ အတွေ့အကြုံများစွာရှိခဲ့ပြီး လက်ရှိအချိန်ထိ စွန့်စားရတဲ့ ရုပ်ရှင်ဖန်တီးမှုတွေကို သဘောကျနေဆဲဖြစ်တဲ့ ဒါရိုက်တာညိုမင်းလွင်ရဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ ပရိသတ်တွေဘယ်တော့မှာ ကြည့်ရတာ မရိုးနိုင်ပါဘူး။

 

ဆင်ဆာနဲ့ပတ်သတ်ပြီး အတွေ့အကြုံတွေများစွာရှိတဲ့ ဒါရိုက်တာ ညိုမင်းလွင်က “ဇာတ်လမ်းထဲမှာ မြင့်မြတ်က ရိုးမကျောင်းလေးမှာတာဝန်ထမ်းဆောင်ဖို့ရောက်လာတဲ့ကျောင်းဆရာလေးတစ်ယောက်ဆိုကြပါစို့…ပြီးတော့ သူဟာ သူ့ကိုယ်သူ ရိုးမကျောင်းသူ၊ကျောင်းသားလေးတွေနဲ့ တသားတည်းဖြစ်သွားပြီလို့ခံယူလိုက်တယ်ဆိုကြပါစို့…အဲဒီမှာ သူ့ကိုတိုက်ခိုက်သူတွေရှိလာခဲ့ရင် သူ့ကိုယ်သူဒေသခံတစ်ယောက်လို့ ခံယူလိုက်ပြီး “ ငါက ဒီရွာလေးရဲ့ဧည့်သည်မဟုတ်ဘူး၊ ငါ ရိုးမသားကွ “ လို့ပြန်ကြိမ်းမောင်းတယ်ဆိုကြပါစို့…အဲဒီလို တသွေးတည်းတသားတည်းချစ်ခင်ရင်းနှီးမှုကိုဖော်ပြနေတဲ့ စကားစုလေးကိုပဲ ကားနာမည်အဖြစ်ယူပြီး “ ငါ ရိုးမသား “ လို့ကားနာမည်ပေးရင် ဆင်ဆာခွင့်ပြုမလားလို့သိချင်မိတယ်…… ကိုပေါက် ၊ သားကချစ် လို့စတာနော်၊” ဆိုပြီး ကိုပေါက်ကို စနောက်လိုက်တာဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ.. ဒါရိုက်တာ ညိုမင်းလွင်ပြောသလိုသာ တကယ်ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ပရိသတ်ကြီးပဲ တွေးကြည့်လိုက်ပါအုံးနော်။

Source: Nyo Min Lwin
NORA:CeleGabar
(Zawgyi ဖြင့်ဖတ်ရန်)





error: Content is protected !!