မြန်မာအိုင်ဒေါလ်ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာခဲ့ရတဲ့ ထက်အဉ္ဖလီ

ဒီနေ့ မြန်မာအိုင်ဒေါလ် Result Show မှာ ပြိုင်ပွဲဝင် သုံးယောက်ဖြစ်တဲ့ အေးမြဖြူ ၊ မူးလာနဲ့ ထက်အဉ္ဖလီတို့က Bottom ထိုင်ခဲ့ရတာဖြစ်ပြီး ဘယ်သူထွက်ခွာသွားရမလဲဆိုတာကို ပရိသတ်တွေက စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေကြရတာပါ ။ ဒီတစ်ပတ် ပရိသတ်တွေကို နှုတ်ဆက်သွားတဲ့သူကတော့ ထက်အဉ္ဖလီပဲဖြစ်ပါတယ် ။ သူမကတော့ နောက်တစ်ပတ် အတွက် ပါဝင်ယှဉ်ပြိုင်နိုင်တော့မှာမဟုတ်ပါဘူး ။

 

 

အရင်တစ်ပတ်က ပရိသတ်တွေက ထက်အဉ္ဖလီကို နှုတ်ဆက်ရတော့မယ်လို့ ပရိသတ်တွေက ထင်ခဲ့ကြပေမယ့် မထင်မှတ်ထားတဲ့ တန်ခွန်ကျော်က ပြိုင်ပွဲက ထွက်ခွာသွားခဲ့ရတာပါ ။ ဒီတစ်ပတ်မှာတော့ ထက်အဉ္ဖလီ တစ်ယောက် တကယ်ပဲ ပြိုင်ပွဲက နှုတ်ဆက်ထွက်ခွာသွားခဲ့ရပါပြီ ။ သူမရဲ့ ဖန်တွေကတော့ ခုချိန်မှာအရမ်းကို စိတ်မကောင်းဖြစ်နေကြမယ်ထင်ပါတယ် ။ ဒီတစ်ပတ်အတွက် ဒိုင်တွေရဲ့ မှတ်ချက်တွေကလည်း သူမကို အားမရခဲ့တဲ့အတွက် ဒီတစ်ပတ်မှာထွက်ခွာသွားခဲ့ရတယ်လို့ထင်ပါတယ် ။

 

 

ထက်အဉ္ဖလီကိုချစ်ကြတဲ့ အမာခံပရိသတ်တွေကလည်း ထက်အဉ္ဖလီအတွက် စိတ်မကောင်းဖြစ်နေကြမယ်လို့ထင်ပါတယ် ။ ဒီတစ်ပတ်အတွက် Good Bye Song လေးအဖြစ် အိမ့်ချစ်ရဲ့ အောင်မြင်မှုရဲ့နောက်ကွယ်သီချင်းနဲ့ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပါတယ် ။ ထက်အဉ္ဖလီတစ်ယောက် ရှေ့ဆက်လျှောက်မယ့် အနုပညာလမ်းမှာ အောင်မြင်မှုတွေရပါစေလို့ Cele Gabar မှဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်နော် ။

Source : Myanmar Idol
Emily ( Cele Gabar )
ဇော်ဂျီဖြင့်ဖတ်ရန်

 


=




Source : Myanmar Idol
Emily ( Cele Gabar )

error: Content is protected !!