“တစ်လတိတိ ကျောက်ပတ်တီးစည်းပြီး ရိုက်ကူးခဲ့ရတဲ့ ရိုက်ကွင်းအတွေ့အကြုံတွေကိုပြောပြလာတဲ့ စိုင်းစိုင်း”

နိုင်ငံကျော်အဆိုတော်မင်းသားတစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ မြန်မာ၊ထိုင်း၊မလေးရှား၊ ဂျပန်နိုင်ငံတွေကဖြစ်တဲ့ နိုင်ငံတကာမှ အတတ်ပညာရှင် (၄) ဦးနဲ့အတူ ဒါရိုက်တာ သြရသ တို့က အကောင်းဆုံးပုံဖော်ရိုက်ကူးနေတဲ့ “ကောင်းကင်မရှိတဲ့ကြယ်”ရုပ်ရှင်ဇာတ်ကားအတွက် တစ်လတိတိ ကျောက်ပတ်တီးစည်းပြီး ရိုက်ကူးခဲ့ရတဲ့ ရိုက်ကွင်းအတွေ့အကြုံတွေကို “”ကောင်းကင်မရှိတဲ့ကြယ်” ရုပ်ရှင် ကျွန်တော်ပါဝင်တဲ့ ဇာတ်ဝင်ခန်းများအားလုံး ဒီနေ့ ရိုက်ကူးပြီးစီးပါပြီ ကျန်တဲ့ဇာတ်ဝင်ခန်းတွေတော့ ဆက်လက်ရိုက်ကူးကြပါဦးမယ်။ချောက်မြို့မှာ တစ်လတိတိ နေ့တိုင်း ကျောက်ပတ်တီးနဲ့ နေရတဲ့ ဘဝက လွတ်ပါပြီ၊ မိတ်ဆွေသစ်တွေ လုပ်ဖော်ကိုင်ဖက်တွေ အနုပညာရှင်တွေနဲ့ တစ်လလုံးလုံး တချို့ရက်တွေမှာ (၁၈) နာရီဆက်တိုက်ရိုက် (၆) နာရီလောက် ပြန်နား ပြန်ရိုက်နဲ့ ဒိုးတူဘောင်ဖက် အလုပ်လုပ်ရတာ တကယ်ကို အမှတ်တရ အတွေ့အကြုံပါပဲ။

သရုပ်ဆောင်တွေရယ် Director အဖွဲ့၊ပရိုဂျူဆာအဖွဲ့၊ အသံအဖွဲ့၊ ဒီဇိုင်းအဖွဲ့၊ မိတ်ကပ်အဖွဲ့၊ အထူးပြုလုပ်ချက် အဖွဲ့၊ Art အဖွဲ့ အဖွဲ့သားအားလုံး Crew တွေအားလုံးနဲ့ မိတ်ဆွေရင်းချာတွေလို ဖြတ်သန်းရတာ အလုပ်လုပ်ရတာ တန်ဖိုးရှိတဲ့ နေ့ရက်တွေပါ။ဒီအတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။ ဧည့်ဝတ်ကျေပွန်တဲ့ ချောက်မြို့က မိတ်ဆွေများ ပရိသတ်များနဲ့ရွှေစင်ဝင်း မိုတယ်ကိုလည်း ကျေးဇူးတင်ပါတယ်။သင်တို့ရဲ့ Sai Sai Kham Leng” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ဒီရုပ်ရှင်ဇာတ်ကားကြီးမှာတော့ မြန်မာနိုင်ငံရဲ့ (၃)ထပ်ကွမ်းအကယ်ဒမီဆုရှင် နေတိုး၊ အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်ထက်မြက်သူတစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်၊ အကယ်ဒမီထွန်းထွန်း၊မင်းသမီးချောလေးတွေဖြစ်တဲ့ အေးမြတ်သူ၊မိုးစက်ဝိုင်၊ နွယ်ဒါလီထွန်း တို့က ပါဝင်သရုပ်ဆောင်သွားမှာပဲဖြစ်ပြီး

ထိုင်းနိုင်ငံက အနုပညာရှင်တွေဖြစ်တဲ့ မင်းသားချောလေး Ken Phuphoom Pongpanu နဲ့ Korn Kang၊မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ Smileတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။နောက်ထပ်သရုပ်ဆောင်တစ်ယောက်အနေနဲ့ “ကောင်းကင်မရှိတဲ့ ကြယ်”ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်မည့်သူကတော့ ဂျပန် နှင့် အာရှထိပ်တန်းမင်းသမီး Emi Takei ပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ စိုင်းစိုင်ကတော့ “ကောင်းကင်မရှိတဲ့ကြယ်”ရုပ်ရှင်ဇာတ်ကားအတွက် တစ်လတိတိ ကျောက်ပတ်တီးစည်းပြီး ရိုက်ကူးခဲ့တာပါတဲ့နော်။

Source: Sai Sai Kham Leng
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

“တစ္လတိတိ ေက်ာက္ပတ္တီးစည္းၿပီး ႐ိုက္ကူးခဲ့ရတဲ့ ႐ိုက္ကြင္းအေတြ႕အႀကဳံေတြကိုေျပာျပလာတဲ့ စိုင္းစိုင္း”

ႏိုင္ငံေက်ာ္အဆိုေတာ္မင္းသားတစ္ေယာက္ျဖစ္တဲ့ စိုင္းစိုင္းခမ္းလႈိင္ကေတာ့ ျမန္မာ၊ထိုင္း၊မေလးရွား၊ ဂ်ပန္ႏိုင္ငံေတြကျဖစ္တဲ့ ႏိုင္ငံတကာမွ အတတ္ပညာရွင္ (၄) ဦးနဲ႔အတူ ဒါ႐ိုက္တာ ၾသရသ တို႔က အေကာင္းဆုံးပုံေဖာ္႐ိုက္ကူးေနတဲ့ “ေကာင္းကင္မရွိတဲ့ၾကယ္”႐ုပ္ရွင္ဇာတ္ကားအတြက္ တစ္လတိတိ ေက်ာက္ပတ္တီးစည္းၿပီး ႐ိုက္ကူးခဲ့ရတဲ့ ႐ိုက္ကြင္းအေတြ႕အႀကဳံေတြကို “”ေကာင္းကင္မရွိတဲ့ၾကယ္” ႐ုပ္ရွင္ ကြၽန္ေတာ္ပါဝင္တဲ့ ဇာတ္ဝင္ခန္းမ်ားအားလုံး ဒီေန႔ ႐ိုက္ကူးၿပီးစီးပါၿပီ က်န္တဲ့ဇာတ္ဝင္ခန္းေတြေတာ့ ဆက္လက္႐ိုက္ကူးၾကပါဦးမယ္။ေခ်ာက္ၿမိဳ႕မွာ တစ္လတိတိ ေန႔တိုင္း ေက်ာက္ပတ္တီးနဲ႔ ေနရတဲ့ ဘဝက လြတ္ပါၿပီ၊ မိတ္ေဆြသစ္ေတြ လုပ္ေဖာ္ကိုင္ဖက္ေတြ အႏုပညာရွင္ေတြနဲ႔ တစ္လလုံးလုံး တခ်ိဳ႕ရက္ေတြမွာ (၁၈) နာရီဆက္တိုက္႐ိုက္ (၆) နာရီေလာက္ ျပန္နား ျပန္႐ိုက္နဲ႔ ဒိုးတူေဘာင္ဖက္ အလုပ္လုပ္ရတာ တကယ္ကို အမွတ္တရ အေတြ႕အႀကဳံပါပဲ။

သ႐ုပ္ေဆာင္ေတြရယ္ Director အဖြဲ႕၊ပ႐ိုဂ်ဴဆာအဖြဲ႕၊ အသံအဖြဲ႕၊ ဒီဇိုင္းအဖြဲ႕၊ မိတ္ကပ္အဖြဲ႕၊ အထူးျပဳလုပ္ခ်က္ အဖြဲ႕၊ Art အဖြဲ႕ အဖြဲ႕သားအားလုံး Crew ေတြအားလုံးနဲ႔ မိတ္ေဆြရင္းခ်ာေတြလို ျဖတ္သန္းရတာ အလုပ္လုပ္ရတာ တန္ဖိုးရွိတဲ့ ေန႔ရက္ေတြပါ။ဒီအတြက္ အားလုံးကိုေက်းဇူးတင္ပါတယ္။ ဧည့္ဝတ္ေက်ပြန္တဲ့ ေခ်ာက္ၿမိဳ႕က မိတ္ေဆြမ်ား ပရိသတ္မ်ားနဲ႔ေ႐ႊစင္ဝင္း မိုတယ္ကိုလည္း ေက်းဇူးတင္ပါတယ္။သင္တို႔ရဲ႕ Sai Sai Kham Leng” လို႔ သူရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။ဒီ႐ုပ္ရွင္ဇာတ္ကားႀကီးမွာေတာ့ ျမန္မာႏိုင္ငံရဲ႕ (၃)ထပ္ကြမ္းအကယ္ဒမီဆုရွင္ ေနတိုး၊ အဆိုပိုင္းမွာေရာ သ႐ုပ္ေဆာင္ပိုင္းမွာပါ ထူးခြၽန္ထက္ျမက္သူတစ္ေယာက္ျဖစ္တဲ့ စိုင္းစိုင္းခမ္းလႈိင္၊ အကယ္ဒမီထြန္းထြန္း၊မင္းသမီးေခ်ာေလးေတြျဖစ္တဲ့ ေအးျမတ္သူ၊မိုးစက္ဝိုင္၊ ႏြယ္ဒါလီထြန္း တို႔က ပါဝင္သ႐ုပ္ေဆာင္သြားမွာပဲျဖစ္ၿပီး

ထိုင္းႏိုင္ငံက အႏုပညာရွင္ေတြျဖစ္တဲ့ မင္းသားေခ်ာေလး Ken Phuphoom Pongpanu နဲ႔ Korn Kang၊မင္းသမီးေခ်ာေလးတစ္ေယာက္ျဖစ္တဲ့ Smileတို႔လည္း ပါဝင္တယ္လို႔ သိရပါတယ္။ေနာက္ထပ္သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ “ေကာင္းကင္မရွိတဲ့ ၾကယ္”႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ပါဝင္သ႐ုပ္ေဆာင္မည့္သူကေတာ့ ဂ်ပန္ ႏွင့္ အာရွထိပ္တန္းမင္းသမီး Emi Takei ပဲျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးေရ စိုင္းစိုင္ကေတာ့ “ေကာင္းကင္မရွိတဲ့ၾကယ္”႐ုပ္ရွင္ဇာတ္ကားအတြက္ တစ္လတိတိ ေက်ာက္ပတ္တီးစည္းၿပီး ႐ိုက္ကူးခဲ့တာပါတဲ့ေနာ္။

error: Content is protected !!