“ဘာသာစုံထူးချွန်ဆု ရရှိသွားတဲ့ သမီးလေးအတွက် ဂုဏ်ယူမဆုံးဖြစ်နေတဲ့ မီးမီးခဲ”

ကလေးဆန်ဆန်မျက်နှာလေးနဲ့ ချစ်စရာကောင်းလှတဲ့ အဆိုတော်မီးမီးခဲကတော့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်ကတည်းက အနုပညာအလုပ်တွေနဲ့ ဝေးကွာနေခဲ့ပြီး သြစတေးလျနိုင်ငံမှာ မိသားစုနဲ့အတူနေထိုင်နေတာပဲဖြစ်ပါတယ်။လက်ရှိမှာတော့ ချစ်သမီးလေးရဲ့ ဂုဏ်ယူဖွယ်ထူးချွန်မှုကို “Grade 3 အခန်း A စာပေဘာသာ စုံ ထူးချွန်ဆု ရတဲ့သမီးလေး” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မီးမီးခဲဟာ ဆိုးရွားလှတဲ့ ကင်ဆာရောဂါဝေဒနာတွေကို ခံစားခဲ့ရပြီး စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ ဆေးကုသမှုခံယူခဲ့တာကြောင့် လက်ရှိမှာဆိုရင် ပျောက်ကင်းလုနီးပါးအထိကျန်းမာရေးကပြန်လည်ကောင်းမွန်လာပြီပဲဖြစ်ပါတယ်။ကိုယ်တိုင် ရေးစပ်သီဆိုခဲ့တဲ့ “ငါ့ရဲ့မျက်ဝန်းညို” သီချင်းလေးဟာနောက်ဆုံးထွက်ရှိခဲ့ပြီးနောက် ကျန်းမာရေးကြောင့် နှစ်တော်တော်ကြာကြာ အနုပညာအလုပ်တွေနဲ့ ကင်းကွာနေခဲ့ပါတယ်။ဒီဇင်ဘာလမှာတော့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာမှာဖြစ်ပြီး သူဝါသနာပါတဲ့ သီချင်းတွေကို သီဆိုပြီး ပရိသတ်တွေကို ဖျော်ဖြေချင်တာကြောင့် ဖိတ်ခေါ်ပေးကြဖို့ကိုတောင်းဆိုထားပါသေးတယ်။

အဆိုတော် မီးမီးခဲကတော့ ရန်ကုန်ကိုပြန်ရောက်လာရင် တစ်ကိုယ်တော် Mini Showပွဲလေးလုပ်ချင်တယ်ဆိုတဲ့အကြောင်း အဆိုတော်ကော်နီကို ရင်ဖွင့်ပြောကြားခဲ့ပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ ချစ်သမီးလေးရဲ့ ထူးချွန်မှုကြောင့် အဆိုတော် မီးမီးခဲကတော့ ဂုဏ်ယူမဆုံးဖြစ်နေပုံကတာ့ အမေတစ်ယောက်ရဲ့ ဝမ်းသာပီတီတွေကို ခံစားရပါတယ်။

Source: The Real Mee Mee Khel-မီးမီးခဲ
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

“ဘာသာစုံထူးခြၽန္ဆု ရရွိသြားတဲ့ သမီးေလးအတြက္ ဂုဏ္ယူမဆုံးျဖစ္ေနတဲ့ မီးမီးခဲ”

ကေလးဆန္ဆန္မ်က္ႏွာေလးနဲ႔ ခ်စ္စရာေကာင္းလွတဲ့ အဆိုေတာ္မီးမီးခဲကေတာ့ ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္ေလာက္ကတည္းက အႏုပညာအလုပ္ေတြနဲ႔ ေဝးကြာေနခဲ့ၿပီး ၾသစေတးလ်ႏိုင္ငံမွာ မိသားစုနဲ႔အတူေနထိုင္ေနတာပဲျဖစ္ပါတယ္။လက္ရွိမွာေတာ့ ခ်စ္သမီးေလးရဲ႕ ဂုဏ္ယူဖြယ္ထူးခြၽန္မႈကို “Grade 3 အခန္း A စာေပဘာသာ စုံ ထူးခြၽန္ဆု ရတဲ့သမီးေလး” လို႔ သူရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။

မီးမီးခဲဟာ ဆိုး႐ြားလွတဲ့ ကင္ဆာေရာဂါေဝဒနာေတြကို ခံစားခဲ့ရၿပီး စိတ္ဓာတ္ႀကံ့ခိုင္စြာနဲ႔ ေဆးကုသမႈခံယူခဲ့တာေၾကာင့္ လက္ရွိမွာဆိုရင္ ေပ်ာက္ကင္းလုနီးပါးအထိက်န္းမာေရးကျပန္လည္ေကာင္းမြန္လာၿပီပဲျဖစ္ပါတယ္။ကိုယ္တိုင္ ေရးစပ္သီဆိုခဲ့တဲ့ “ငါ့ရဲ႕မ်က္ဝန္းညိဳ” သီခ်င္းေလးဟာေနာက္ဆုံးထြက္ရွိခဲ့ၿပီးေနာက္ က်န္းမာေရးေၾကာင့္ ႏွစ္ေတာ္ေတာ္ၾကာၾကာ အႏုပညာအလုပ္ေတြနဲ႔ ကင္းကြာေနခဲ့ပါတယ္။ဒီဇင္ဘာလမွာေတာ့ ျမန္မာႏိုင္ငံကို ျပန္လည္ေရာက္ရွိလာမွာျဖစ္ၿပီး သူဝါသနာပါတဲ့ သီခ်င္းေတြကို သီဆိုၿပီး ပရိသတ္ေတြကို ေဖ်ာ္ေျဖခ်င္တာေၾကာင့္ ဖိတ္ေခၚေပးၾကဖို႔ကိုေတာင္းဆိုထားပါေသးတယ္။

အဆိုေတာ္ မီးမီးခဲကေတာ့ ရန္ကုန္ကိုျပန္ေရာက္လာရင္ တစ္ကိုယ္ေတာ္ Mini Showပြဲေလးလုပ္ခ်င္တယ္ဆိုတဲ့အေၾကာင္း အဆိုေတာ္ေကာ္နီကို ရင္ဖြင့္ေျပာၾကားခဲ့ပါေသးတယ္။CeleGabar ပရိသတ္ႀကီးေရ ခ်စ္သမီးေလးရဲ႕ ထူးခၽြန္မႈေၾကာင့္ အဆိုေတာ္ မီးမီးခဲကေတာ့ ဂုဏ္ယူမဆံုးျဖစ္ေနပံုကတာ့ အေမတစ္ေယာက္ရဲ႕ ၀မ္းသာပီတီေတြကို ခံစားရပါတယ္။

error: Content is protected !!