“နေမကောင်းဖြစ်လို့ ဆေးခန်းသွားပြီး အားဆေးသွင်းကာမှ အနာပေါ်အနာဆင့် ဖြစ်ခဲ့ရတဲ့ မေမီကိုကို”

ပရိသတ်ရဲ့အချစ်တော် “မြိုင်” ကတော့ ရှူတင်တွေရက်ဆက်ပြီး နေမကောင်းဖြစ်နေပြီထင်ပါတယ် ပရိသတ်ကြီးရေ။ “ဆေးခန်းလည်း နှစ်ကြိမ်ရှိပြီသွားတာ..အဖျားကမပျောက်နိုင်တော့ဘူး.. အားဆေးလေးသွင်းပါတယ်..လက်မှာဆေးထိုးဒဏ်ရာကလည်း ကိုက်နေရော” ဆိုပြီး သူ့ရဲ့My Day မှာတင်ထားခဲ့တာဖြစ်ပါတယ်။ မေမီကတော့ နေမကောင်းဖြစ်လို့ ဆေးခန်းသွားတာ ဆေးထိုးတဲ့ဒဏ်ရာကနေတောင် ပြန်ကိုက်နေသေးတော့ အနာပေါ်အနာဆင့်သွားတယ်ဆိုရမှာပါ ပရိသတ်ကြီးရေ။

မေမီကတော့ MRTV-4 ရဲ့မင်းသမီးတစ်လက်အဖြစ် နာမည်ကျော်ကြားလာတာဖြစ်ပြီး ကျရာဇာတ်ကောင်တိုင်းနဲ့လည်း လိုက်ပါစီးမျောပြီး သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်ရဲ့ရင်ထဲမှာ အသိအမှတ်ပြုနေရာတစ်ခုရရှိလာခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဇာတ်လမ်းတွဲတွေ တစ်ခုပြီးတစ်ခု ဇာတ်တိုက်ဆိုသလို ရိုက်ကူးနေရတာဖြစ်ပါတယ်။

ဆရာမ မစန္ဒာရဲ့နာမည်ကြီး ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့“ဂျီဟောသူ”ကို ဇာတ်လမ်းတွဲအဖြစ်ပြန်လည်ရိုက်ကူးနေတာဖြစ်ပြီး မေမီကိုကိုကတော့ “ညိုထွေး” နေရာကနေ ပါဝင်သရုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မေမီဟာမကြာမီက ပြီးဆုံးသွားတဲ့ “တတိယမြောက်ဆုံမှတ်” ဇာတ်လမ်းတွဲမှာလည်း ရဲမေအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပြီး လက်ရှိထုတ်လွှင့်ပြသနေတဲ့ “လိပ်ပြာနှောင်ကြိုး” ဇာတ်လမ်းတွဲမှာလည်း သရဲမလေး ဂျူရီအဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် အကောင်းဆုံးတွေပဲ ပေးဖို့ဆုံးဖြတ်ထားတဲ့ မေမီလေးတစ်ယောက် မြန်မြန်သက်သာပါစေလို့ ဆုတောင်းပေးလိုက်ကြရအောင်နော် ပရိသတ်ကြီးရေ။


Source – May Mi Koko
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“ေနမေကာင္းျဖစ္လို႔ ေဆးခန္းသြားျပီး အားေဆးသြင္းကာမွ အနာေပၚအနာဆင့္ ျဖစ္ခဲ့ရတဲ့ ေမမီကိုကို”

ပရိသတ္ရဲ႕အခ်စ္ေတာ္ “ျမိဳင္” ကေတာ့ ရွဴတင္ေတြရက္ဆက္ျပီး ေနမေကာင္းျဖစ္ေနျပီထင္ပါတယ္ ပရိသတ္ၾကီးေရ။ “ေဆးခန္းလည္း ႏွစ္ၾကိမ္ရွိျပီသြားတာ..အဖ်ားကမေပ်ာက္ႏိုင္ေတာ့ဘူး.. အားေဆးေလးသြင္းပါတယ္..လက္မွာေဆးထိုးဒဏ္ရာကလည္း ကိုက္ေနေရာ” ဆိုျပီး သူ႔ရဲ႕My Day မွာတင္ထားခဲ့တာျဖစ္ပါတယ္။ ေမမီကေတာ့ ေနမေကာင္းျဖစ္လို႔ ေဆးခန္းသြားတာ ေဆးထိုးတဲ့ဒဏ္ရာကေနေတာင္ ျပန္ကိုက္ေနေသးေတာ့ အနာေပၚအနာဆင့္သြားတယ္ဆိုရမွာပါ ပရိသတ္ၾကီးေရ။

ေမမီကေတာ့ MRTV-4 ရဲ႕မင္းသမီးတစ္လက္အျဖစ္ နာမည္ေက်ာ္ၾကားလာတာျဖစ္ျပီး က်ရာဇာတ္ေကာင္တိုင္းနဲ႔လည္း လုိက္ပါစီးေမ်ာျပီး သရုပ္ေဆာင္ႏိုင္ခဲ့တာေၾကာင့္ ပရိသတ္ရဲ႕ရင္ထဲမွာ အသိအမွတ္ျပဳေနရာတစ္ခုရရွိလာခဲ့တာျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္လည္း ဇာတ္လမ္းတြဲေတြ တစ္ခုျပီးတစ္ခု ဇာတ္တိုက္ဆိုသလို ရိုက္ကူးေနရတာျဖစ္ပါတယ္။

ဆရာမ မစႏၵာရဲ႕နာမည္ၾကီး ဝတၳဳတစ္ပုဒ္ျဖစ္တဲ့“ဂ်ီေဟာသူ”ကို ဇာတ္လမ္းတြဲအျဖစ္ျပန္လည္ရုိက္ကူးေနတာျဖစ္ျပီး ေမမီကိုကိုကေတာ့ “ညိဳေထြး” ေနရာကေန ပါဝင္သရုပ္ေဆာင္ေနတာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ေမမီဟာမၾကာမီက ျပီးဆံုးသြားတဲ့ “တတိယေျမာက္ဆံုမွတ္” ဇာတ္လမ္းတြဲမွာလည္း ရဲေမအျဖစ္ပါဝင္သရုပ္ေဆာင္ခဲ့ျပီး လက္ရွိထုတ္လႊင့္ျပသေနတဲ့ “လိပ္ျပာေႏွာင္ၾကိဳး” ဇာတ္လမ္းတြဲမွာလည္း သရဲမေလး ဂ်ဴရီအျဖစ္ ပါဝင္သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။ ပရိသတ္ၾကီးအတြက္ အေကာင္းဆံုးေတြပဲ ေပးဖို႔ဆံုးျဖတ္ထားတဲ့ ေမမီေလးတစ္ေယာက္ ျမန္ျမန္သက္သာပါေစလို႔ ဆုေတာင္းေပးလုိက္ၾကရေအာင္ေနာ္ ပရိသတ္ၾကီးေရ။
Source – May Mi Koko
Rainbow- Cele Gabar

error: Content is protected !!