“ရှူတင်ဖျက်ပြီး နေပြည်တော်မှာ Biker ကြီးသွားလုပ်နေခဲ့တဲ့ နူတ်ခမ်းနီမလေးတွေရဲ့ အချစ်တော်တိုင်ရွန်”

မိန်းကလေးပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ တိုင်ရွန်ကတော့ ခပ်မိုက်မိုက်၊ ဟော့ဟော့ကိုယ်ပိုင်စတိုင်ကြောင့် လူသိများထင်ရှားလာသူတစ်ယောက်ဖြစ်ပါတယ်။ စူးစူးရှရှအကြည့်တွေနဲ့ တောင့်တင်းတဲ့ခန္ဓာကိုယ်ကြောင့်လည်း မြန်မာနိုင်ငံကမင်းသားတွေထဲမှာ ဆွဲဆောင်မှုရှိတဲ့မင်းသားတွေထဲက တစ်ယောက်ဖြစ်နေတယ်လို့ဆိုရမှာပါ။ ဒါ့အပြင် တိုင်ရွန်ဟာ လက်ရှိအချိန်မှာအိမ်နီးချင်း ထိုင်းနိုင်ငံက ပရိသတ်တွေကတောင် အားပေးလာကြတဲ့အထိ အောင်မြင်မှုရရှိနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

တိုင်ရွန်ကတော့ နောက်ပိုင်းမှာ အနုပညာအလုပ်တွေ ဆက်တိုက်ဆိုသလိုလုပ်လာရတာဖြစ်ပြီး ဇာတ်လမ်းတွဲတွေသာမက ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်လာရတာလည်းဖြစ်ပါတယ်။ မကြာသေးမီက ရုံတင်ပြသခဲ့တဲ့ “ချိုးရုပ်” နဲ့ “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးမှာဆိုရင်လည်း တိုင်ရွန်ရဲ့သရုပ်ဆောင်ချက်တွေကို တွေ့မြင်ခဲ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ရိုက်ကူးနေပြီဖြစ်တဲ့ “ တစ်စစ်တစ်မက် ကိုယ်နှင့်သက်ကို” ဇာတ်ကားကြီးမှာလည်း ခေါင်းဆောင်မင်းသားအနေနဲ့ တိုင်ရွန်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။

အနုပညာအလုပ်တွေ စိတ်လာတဲ့ တိုင်ရွန်တစ်ယောက်ကတော့ သူ့ရဲ့ခပ်မိုက်မိုက်နေတတ်တဲ့ စတိုင်အတိုင်း “ရှူတင်ဖျက်ပြီး ဝါသနာအရ နေပြည်တော် Bike Week သွားသောင်းကျန်းလို့ရလား” ဆိုပြီး မနေ့ညကတော့ နေပြည်တော်မှာ Biker ကြီးသွားလုပ်နေတာဖြစ်ပါတယ်။ အလန်းစားဆိုင်ကယ်တွေနဲ့ ပုံရိပ်အချို့ကိုမျှဝေခဲ့တာဖြစ်ပြီး တိုင်ရွန်ရဲ့အလန်းစားပုံရိပ်တွေကြောင့် နူတ်ခမ်းနီမလေးတွေကတော့ တိုးလို့အချစ်ပိုနေခဲ့ရတာပဲဖြစ်ပါတယ်။


Source – Tyron Bejay
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“ရွဴတင္ဖ်က္ျပီး ေနျပည္ေတာ္မွာ Biker ၾကီးသြားလုပ္ေနခဲ့တဲ့ ႏူတ္ခမ္းနီမေလးေတြရဲ႕ အခ်စ္ေတာ္တိုင္ရြန္”

မိန္းကေလးပရိသတ္ေတြၾကားမွာ ေရပန္းစားေနတဲ့ ရုပ္ရွင္သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ တုိင္ရြန္ကေတာ့ ခပ္မိုက္မိုက္၊ ေဟာ့ေဟာ့ကိုယ္ပိုင္စတိုင္ေၾကာင့္ လူသိမ်ားထင္ရွားလာသူတစ္ေယာက္ျဖစ္ပါတယ္။ စူးစူးရွရွအၾကည့္ေတြနဲ႔ ေတာင့္တင္းတဲ့ခႏၶာကိုယ္ေၾကာင့္လည္း ျမန္မာႏုိင္ငံကမင္းသားေတြထဲမွာ ဆြဲေဆာင္မွုရွိတဲ့မင္းသားေတြထဲက တစ္ေယာက္ျဖစ္ေနတယ္လို႔ဆိုရမွာပါ။ ဒါ့အျပင္ တိုင္ရြန္ဟာ လက္ရွိအခ်ိန္မွာအိမ္နီးခ်င္း ထိုင္းႏုိင္ငံက ပရိသတ္ေတြကေတာင္ အားေပးလာၾကတဲ့အထိ ေအာင္ျမင္မွုရရွိေနသူတစ္ေယာက္လည္း ျဖစ္ပါတယ္။

တုိင္ရြန္ကေတာ့ ေနာက္ပိုင္းမွာ အႏုပညာအလုပ္ေတြ ဆက္တိုက္ဆိုသလိုလုပ္လာရတာျဖစ္ျပီး ဇာတ္လမ္းတြဲေတြသာမက ရုပ္ရွင္ဇာတ္ကားၾကီးေတြပါ ရုိက္လာရတာလည္းျဖစ္ပါတယ္။ မၾကာေသးမီက ရံုတင္ျပသခဲ့တဲ့ “ခ်ိဳးရုပ္” နဲ႔ “အခမ္းနားဆံုးေမတၱာ” ရုပ္ရွင္ဇာတ္ကားၾကီးမွာဆိုရင္လည္း တုိင္ရြန္ရဲ႕သရုပ္ေဆာင္ခ်က္ေတြကို ေတြ႔ျမင္ခဲ့ရမွာျဖစ္ပါတယ္။ ဒါ့အျပင္ တပ္မေတာ္ေန႔အထိမ္းအမွတ္အျဖစ္ ရိုက္ကူးေနျပီျဖစ္တဲ့ “ တစ္စစ္တစ္မက္ ကုိယ္ႏွင့္သက္ကို” ဇာတ္ကားၾကီးမွာလည္း ေခါင္းေဆာင္မင္းသားအေနနဲ႔ တိုင္ရြန္ကိုျမင္ေတြ႕ရမွာျဖစ္ပါတယ္။

အႏုပညာအလုပ္ေတြ စိတ္လာတဲ့ တုိင္ရြန္တစ္ေယာက္ကေတာ့ သူ႔ရဲ႕ခပ္မုိက္မုိုက္ေနတတ္တဲ့ စတုိင္အတုိင္း “ရွဴတင္ဖ်က္ျပီး ဝါသနာအရ ေနျပည္ေတာ္ Bike Week သြားေသာင္းက်န္းလို႔ရလား” ဆိုျပီး မေန႔ညကေတာ့ ေနျပည္ေတာ္မွာ Biker ၾကီးသြားလုပ္ေနတာျဖစ္ပါတယ္။ အလန္းစားဆိုင္ကယ္ေတြနဲ႔ ပံုရိပ္အခ်ိဳ႕ကိုမွ်ေဝခဲ့တာျဖစ္ျပီး တုိင္ရြန္ရဲ႕အလန္းစားပံုရိပ္ေတြေၾကာင့္ ႏူတ္ခမ္းနီမေလးေတြကေတာ့ တိုးလို႔အခ်စ္ပိုေနခဲ့ရတာပဲျဖစ္ပါတယ္။
Source – Tyron Bejay
Rainbow- Cele Gabar

error: Content is protected !!