“မောင်နှမနှစ်ယောက် ကတာလေးတွေ မြင်ချင်တယ်ဆိုတဲ့ပရိသတ်ကြီးအတွက် ဟန်ထူးဈာန်တို့မောင်နှမရဲ့ Tik Tok ဗွီဒီယိုဖိုင်လေး”

အဆိုတော်တစ်ယောက်ဖြစ်တဲ့ ဟန်ထူးဈာန်ကတော့ “အိပ်မက်ဆုံရာ” Season-4 မှာ ပြိုင်ပွဲဝင်ယှဉ်ပြိုင်နေစဉ်ထဲက ပရိသတ်လက်ခံအားပေးမှု အပြည့်အဝရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ ဂီတခရီးလမ်းမှာ လျှောက်လှမ်းလာခဲ့တာဆိုရင် လက်ရှိမှာ “ဆယ်လီဘရစ်တီ”၊ “နန်း” စတဲ့ တေးအယ်လ်ဘမ်နှစ်ခုကိုထွက်ရှိပြီးပြီလည်း ဖြစ်ပါတယ်။သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ဗွီဒီယိုဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့အပြင် အမာခံပရိသတ်အင်အားတောင့်တင်းတဲ့ ဟန်ထူးဈာန်ဟာ သူ့ရဲ့ “နန်း” တေးစီးရီးအတွက်လည်း ပရိသတ်တစ်ယောက်က တက်တူးထိုးအားပေးတဲ့အထိ ပရိသတ်ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

ဈာဈာန်ဟန်သာကတော့ ဟန်ထူးဈာန်ရဲ့ညီမတစ်ယောက်ဖြစ်ပြီး အစ်ကိုနီးတူ ပရိသတ်ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အစ်ကိုဟန်ထူးဈာန်နဲ့အတူ သီချင်းတွေသီဆိုထားတဲ့အပြင် ပွင့်လင်းရိုးသားပြီး ချစ်စရာကောင်းတာကြောင့် ပရိသတ်အားပေးမှု အပြည့်အဝရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဂီတဘက်အပြင် သရုပ်ဆောင်ဘက်ပိုင်းမှာပါ နေရာတစ်ခုရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။

ဟန်ထူးဈာန်နဲ့ ဈာဈာန်ဟန်သာတို့မောင်နှမနှစ်ဦးဟာဆိုရင် တစ်ဦးနဲ့တစ်ဦးချစ်ချစ်ခင်ခင်နဲ့အလုပ်တွေ တွဲလုပ်လေ့ရှိပြီး ပရိသတ်ကိုလေးလေးစားစားဆက်ဆံလေ့ရှိသူတွေဖြစ်ပါတယ်။ မကြာခဏဆိုသလို Tik Tok ဗွီဒီယိုလေးတွေ တူတူဆော့လေ့ရှိပြီး ပရိသတ်တွေပွဲကျရလောက်တဲ့အထိ သရုပ်ဆောင်ကောင်းကျသူတွေလည်း ဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း မောင်နှမနှစ်ယောက်တူတူပျော်ပျော်ပါးပါးကပြီး သရုပ်ဆောင်ထားတဲ့ Tik Tok ဗွီဒီယိုလေးကို ပရိသတ်ကြီးအတွက် တင်ပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဟန်ထူးဈာန်ကတော့ ညီမလေးနဲ့သာမက သူ့ရဲ့အားဆေးလေးတွေနဲ့လည်း တူတူကချင်ပါတယ်လို့ ရေးသားထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးထဲမှာရော ဟန်ထူးဈာန်နဲ့ တူတူကပြီး Tik Tok ဆော့ချင်တဲ့သူတွေရှိလားဖြေပေးခဲ့ပါဦးနော်။

Source – Han Htoo Zen ဟန်ထူးဈာန်
Rainbow – Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“ေမာင္ႏွမႏွစ္ေယာက္ ကတာေလးေတြ ျမင္ခ်င္တယ္ဆိုတဲ့ပရိသတ္ၾကီးအတြက္ ဟန္ထူးစ်ာန္တို႔ေမာင္ႏွမရဲ႕ Tik Tok ဗြီဒီယိုဖိုင္ေလး”

အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ ဟန္ထူးစ်ာန္ကေတာ့ “အိပ္မက္ဆံုရာ” Season-4 မွာ ျပိဳင္ပြဲ၀င္ယွဥ္ျပိဳင္ေနစဥ္ထဲက ပရိသတ္လက္ခံအားေပးမွု အျပည့္အ၀ရရွိထားသူတစ္ေယာက္ ျဖစ္ပါတယ္။ ဂီတခရီးလမ္းမွာ ေလွ်ာက္လွမ္းလာခဲ့တာဆိုရင္ လက္ရွိမွာ “ဆယ္လီဘရစ္တီ”၊ “နန္း” စတဲ့ ေတးအယ္လ္ဘမ္ႏွစ္ခုကိုထြက္ရွိျပီးျပီလည္း ျဖစ္ပါတယ္။သရုပ္ေဆာင္တစ္ေယာက္အေနနဲ႔လည္း ဗြီဒီယိုဇာတ္ကားေတြမွာ ပါ၀င္ခဲ့တဲ့အျပင္ အမာခံပရိသတ္အင္အားေတာင့္တင္းတဲ့ ဟန္ထူးစ်ာန္ဟာ သူ႔ရဲ႕ “နန္း” ေတးစီးရီးအတြက္လည္း ပရိသတ္တစ္ေယာက္က တက္တူးထိုးအားေပးတဲ့အထိ ပရိသတ္ခ်စ္ျခင္းေမတၱာကို အျပည့္အ၀ရရွိထားသူတစ္ေယာက္လည္းျဖစ္ပါတယ္။

စ်ာစ်ာန္ဟန္သာကေတာ့ ဟန္ထူးစ်ာန္ရဲ႕ညီမတစ္ေယာက္ျဖစ္ျပီး အစ္ကိုနီးတူ ပရိသတ္ခ်စ္ခင္အားေပးမွုကို ရရွိထားတဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။ အစ္ကိုဟန္ထူးစ်ာန္နဲ႔အတူ သီခ်င္းေတြသီဆိုထားတဲ့အျပင္ ပြင့္လင္းရိုးသားျပီး ခ်စ္စရာေကာင္းတာေၾကာင့္ ပရိသတ္အားေပးမွု အျပည့္အ၀ရရွိထားသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ လက္ရွိမွာ ဂီတဘက္အျပင္ သရုပ္ေဆာင္ဘက္ပိုင္းမွာပါ ေနရာတစ္ခုရရွိထားသူတစ္ေယာက္ျဖစ္ပါတယ္။

ဟန္ထူးစ်ာန္နဲ႔ စ်ာစ်ာန္ဟန္သာတို႔ေမာင္ႏွမႏွစ္ဦးဟာဆိုရင္ တစ္ဦးနဲ႔တစ္ဦးခ်စ္ခ်စ္ခင္ခင္နဲ႔အလုပ္ေတြ တြဲလုပ္ေလ့ရွိျပီး ပရိသတ္ကိုေလးေလးစားစားဆက္ဆံေလ့ရွိသူေတြျဖစ္ပါတယ္။ မၾကာခဏဆိုသလို Tik Tok ဗြီဒီယိုေလးေတြ တူတူေဆာ့ေလ့ရွိျပီး ပရိသတ္ေတြပြဲက်ရေလာက္တဲ့အထိ သရုပ္ေဆာင္ေကာင္းက်သူေတြလည္း ျဖစ္ပါတယ္။ အခုတစ္ေခါက္မွာလည္း ေမာင္ႏွမႏွစ္ေယာက္တူတူေပ်ာ္ေပ်ာ္ပါးပါးကျပီး သရုပ္ေဆာင္ထားတဲ့ Tik Tok ဗြီဒီယိုေလးကို ပရိသတ္ၾကီးအတြက္ တင္ေပးခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ဟန္ထူးစ်ာန္ကေတာ့ ညီမေလးနဲ႔သာမက သူ႔ရဲ႕အားေဆးေလးေတြနဲ႔လည္း တူတူကခ်င္ပါတယ္လို႔ ေရးသားထားခဲ့တာျဖစ္ပါတယ္။ ပရိသတ္ၾကီးထဲမွာေရာ ဟန္ထူးစ်ာန္နဲ႔ တူတူကျပီး Tik Tok ေဆာ့ခ်င္တဲ့သူေတြရွိလားေျဖေပးခဲ့ပါဦးေနာ္။
Source – Han Htoo Zen ဟန္ထူးစ်ာန္
Rainbow – Cele Gabar

error: Content is protected !!