“အိပ်ချိန်မှာတောင် ကောင်းကောင်းအနားမယူနိုင်ဘဲ အနုပညာအလုပ်တွေလုပ်ကိုင်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်”

နိုင်ငံကျော်အဆိုတော်နဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ အနုပညာလောကမှာ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာလည်း မြန်မာ၊ထိုင်း၊မလေးရှား၊ ဂျပန်စတဲ့ နိုင်ငံတွေမှ အတတ်ပညာရှင် (၄) ဦးနဲ့အတူ ဒါရိုက်တာ သြရသ တို့က အကောင်းဆုံးပုံဖော်ရိုက်ကူးနေတဲ့ “ကောင်းကင်မရှိတဲ့ကြယ်”ရုပ်ရှင်ဇာတ်ကားမှာ အဓိကသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် မန္တလေးမှာ ကျင်းပတဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်သူ G Fatt ရဲ့ Show ပွဲမှာလည်း စိုင်းစိုင်း တစ်ယောက် အကောင်းဆုံး ပါဝင်ဖျော်ဖြေခဲ့ပါသေးတယ်။စိုင်းစိုင်းကတော့ အနုပညာအလုပ်တွေကို အိပ်ချိန်မှာတောင် ကောင်းကောင်းအနားမယူနိုင်ဘဲ ဆက်တိုက်လုပ်ကိုင်နေတာဖြစ်တယ်။ ယခုလို မအိပ်နိုင် မနားနိုင်ဘဲ အနုပညာအလုပ်တွေလုပ်နေတယ်ဆိုတဲ့ အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ “မနက်က ဖဲကြိုးဖြတ် ညပိုင်း G Fatt Show သန်းခေါင်ယံ Shooting ခု ခဏ အိပ်ပြီ Good night လား Good morning လား မသဲကွဲဘူး ” ဆိုပြီး ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

စိုင်းစိုင်းကတော့ သူ့ရဲ့ အချစ်ဆုံး ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို အိပ်ချိန်မှာတောင် ကြိုးစားလုပ်ကိုင်နေပါပြီနော်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ အိပ်ချိန်ကို ခဏပဲ ပေးပြီးအိပ်နေရတာကြောင့် Good night လား Good morning လား မသဲကွဲတော့ဘူးဆိုတဲ့ ပရိသတ်အချစ်တော်လေး စိုင်းစိုင်းခမ်းလှိုင်အတွက် အားပေးစားနှစ်သိပ့်စကားလေး ပြောပေးခဲ့ပါဦးနော်……။


Source -Sai Sai Kham Leng

Chit Thae May- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်






error: Content is protected !!