“ရုပ်ရှင်ကားကြီးတစ်ခုအတွက် ဆံပင်ပုံစံပြောင်းလိုက်ရပါပြီဆိုတဲ့ အိချောပို “

အိချောပိုကတော့ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေနဲ့ ပုရိသတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားအောင်မြင်နေပြီး ပရိသတ်တွေရဲ့ အသည်းကို သိမ်းပိုက်ထားနိုင်သူတစ်ယောက်ပါ။သူ့ရဲ့ခန္ဓာကိုယ်အချိုးအစားကလည်း မြင်မြင်သမျှပုရိသတွေရဲ့ အသည်းကို လှုပ်ခတ်သွားနိုင်စေသူ တစ်ယောက်ဆိုလည်း မမှားပါဘူး။ယဉ်ယဉ်လေးပဲဝတ်ဝတ် ခေတ်ဆန်ဆန်လေးပဲဝတ်ဝတ် ချစ်စရာကောင်းနေသူတစ်ယောက်ဖြစ်သလို သူ့ရဲ့ သရုပ်ဆောင်မှုအပိုင်းမှာလည်း ပရိသတ်အခိုင်အမာရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်နော်။

လက်ရှိမှာတော့ အိချောပိုက “မာယာရထားမောင်းတဲ့မိန်းမ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိကသရုပ်ဆောင် တစ်ယောက်အနေနဲ့ပါဝင်သရုပ်ဆောင်သွားမယ်လို့သိရပါတယ်။ဒါ့အပြင်ဒီဇာတ်ကားကြီးမှာတော့ ရဲရင့်အောင် ၊အကယ်ဒမီထက်ထက်မိုးဦး၊နန်းဆုဦး၊ရွှေအိမ်စည်၊အကယ်ဒမီရဲအောင်၊အကယ်ဒမီ မေသဉ္ဇာဦး၊ ချမ်းမင်းရဲထွဋ် စတဲ့ အနုပညာရှင်မြောက်များစွာက ပါဝင်သရုပ်ဆောင်သွားမယ်လို့လည်း သိရပါသေးတယ်။ “မာယာရထားမောင်းတဲ့မိန်းမ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်အချစ်တွေကို ထပ်မံသိမ်းပိုက်နိုင်အောင် အိချောပိုကတော့ ကြိုတင်ပြင်မှုတွေပြုလုပ်နေတာဖြစ်ပြီး

ယခုလို ပြင်ဆင်မှုတွေပြုလုပ်နေတယ် ဆိုတဲ့ အကြောင်းကို “မာယာရထား”ရုပ်ရှင်ကားအတွက် ချစ်ရတဲ့မမ Su Tin Zar Hlaing ကဆံပင်ပုံစံလေးကို style တစ်မျိုးလေးလုပ်ပေးထားတယ်” ဆိုပြီး သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ဆယ်လီကမ္ဘာပရိသတ်ကြီးရေ အိချောပိုကတော့”မာယာရထားမောင်းတဲ့မိန်းမ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်အသည်းကို ထပ်မံသိမ်းပိုက်နိုင်အောင် ဆံပင်ပုံစံတောင် ပြောင်းပစ်လိုက်ပြီတဲ့နော်…….။


Source – Ei Chaw Po
Chit Thae May – Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်




Source – Ei Chaw Po

error: Content is protected !!