“မေမေဗိုက်ထဲ ပြန်ဝင်ချင်လို့ဆိုပြီး ဂျီကျနေတဲ့ ဆုပန်ထွာရဲ့သားလေး Roar “

ဆုပန်ထွာတို့ရဲ့ မိသားစုလေးကတော့ ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသောသားလေး Roar Roar လေးကို မွေးပြီးတဲ့နောက်မှာတော့ ပိုပြီးပျော်ရွှင်ကြည်နူးစရာကောင်းနေတာ တွေ့ရမှာပါ။ ကျောင်းတက်တဲ့အရွယ်ကို ရောက်လာပြီဖြစ်တဲ့ Roarလေးကတော့ မေမေရဲ့ ဗိုက်ထဲကို ပြန်ဝင်ချင်လို့ ဆိုပြီး ဂျီကျနေတဲ့အကြောင်းကို “Roar က မေမေဗိုက်ထဲ ပြန်ဝင်ချင်လိုတဲ့” ဆိုပြီး ဆုပန်ထွာရဲ့ ဖေ့စ်ဘွတ်ခ် My Day မှာ ချစ်စရာသားလေး ချွဲနေတဲ့ ပုံလေးကို တင်ထားပါတယ်။

အနုပညာရှင်မိသားစုတွေထဲမှာ ချစ်စရာကောင်းတဲ့မိသားစုလေးအဖြစ် ပရိသတ်တွေသိကြတဲ့ မင်းသမီး ဆုပန်ထွာတို့ မိသားစုလေးကတော့ ပရိသတ်တွေအားကျရတဲ့ မိသားစုလေးပါ။လတ်တလောမှာတော့ ဆုပန်က သားသားလေးကို ဖေဖေနဲ့တူတူထားပြီး အနုပညာအလုပ်တွေကို ပြန်လုပ်ရင်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။ မေမေ ဆုပန်ကို တစ်ခါတစ်လေ ချွဲတတ်ပြီး အရမ်းလည်ပြီး ချစ်စရာကောင်းတဲ့ကလေးလေးပါ။ ဆုပန်ကလည်း ငယ်ငယ်ကတည်းက Roarလေးကို လိမ္မာယဉ်ကျေးတဲ့သားလေးတစ်ယောက်ဖြစ်အောင် သွန်သင်ပေးပြီး အခုဆိုရင် မေချစ်သည်းတုန်ကြီးဖြစ်နေရုံသာမက ပရိသတ်တွေရဲ့ အသည်းကျော်လေးတစ်ယောက်ဖြစ်နေပါပြီ။

CeleGabar ပရိသတ်ကြီးရေ မင်သမီးချော ဆုပန်ထွာရဲ့ ချွဲတတ်လွန်းပြီး ပရိသတ်တွေပါ အသည်းကျော်နေရတဲ့ သားသားလေး Roar လေးကတော့ မေမေရဲ့ ဗိုက်ထဲပြန်ဝင်ချင်တယ်လို့ ချစ်မေမေကို ဂျီကျနေတာလေးကလည်း အသည်းယားစရာလေးပါ။

Source: Supan Htwar
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်





error: Content is protected !!