“ခရီးကပြန်လာတာ သားလေးအနားမကပ်လို့ ရင်ဘတ်တွေအောင့်အောင်ငိုလိုက်ရတယ်ဆိုတဲ့ မယ်လိုဒီ”

မယ်လိုဒီကတော့ တစ်ချိန်က အနုပညာလောကမှာ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိခဲ့သူတစ်ယောက်ပါ။လက်ရှိမှာတော့ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာဖြစ်ပြီး မိသားစုအပေါ်မှာ တာဝန်ကျေတဲ့ အိမ်ထောင်ရှင်မကောင်း တစ်ယောက်ပဲဖြစ်ပါတယ်။ မိခင်တစ်ယောက်နဲ့ မတူအောင်လည်း နုပျိုလှပနေတာဖြစ်ပြီး တစ်သားမွေး တစ်သွေးလှနေတဲ့ မိခင်တစ်ယောက်လို့ ဆိုလည်း မမှားပါဘူး ။

လက်ရှိမှာတော့ အလုပ်ကိစ္စတွေကြောင့် ခရီးထွက်ခဲ့ရတာဖြစ်ပြီး အိမ်ပြန်ရောက်တော့ သားလေး အနားမကပ်လို့ ရင်ဘတ်တွေအောင့်တဲ့ အထိငိုခဲ့ရတယ်ဆိုတဲ့ အကြောင်းကို “မနေ့ကခရီးကပြန်လာတာ သားကအနားမကပ် အတူမအိပ်တော့ ဒီအမေဝမ်းနည်းပြီးတစ်ညလုံး ရင်ဘတ်တွေအောင့်ငိုလိုက်ရတာ သားလေးသာမချစ်တော့ရင်ဆိုပြီး ခံစားရတာသေတော့မယ်။ ဒီမနက်တော့ မနက်စာ ကိုယ်တိုင်ကျွေး ရေချိုးပေး နေ့လည်အတူအိပ်ပေး ပြန်ဖားနေရတယ်။ အမလေး ဘဝကိုက တဖက်သတ်အချစ်ကြီးပါလားနော်” ဆိုပြီးသူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဒါ့အပြင် သားလေးသာ မေမေကို မချစ်တော့ဘူးဆိုရင် ကျန်တဲ့ အရာတွေအားလုံးက မေမေအတွက် အရေးမကြီးတော့ ပါဘူးဆိုတဲ့ အကြောင်းကိုလည်း မယ်လိုဒီက “သားလေးရေကျန်တာတွေခံစားရတာ မေမေအတွက် မထူးဆန်းတော့ပေမယ့် သားလေးမချစ်ရင်တော့ မေမေရင်ကွဲရပါလိမ့်မယ်။ သားလေးအချစ်ကိုမှီခိုအားယူရင် မေမေလဲမကျအောင်အားတင်းထားတာပါ။ သားလေးသာမချစ်တော့ရင် ကျန်တာတွေ ပစ်ချလိုက်ဖို့ မေမေဝန်လေးနေမှာမဟုတ်ပါဘူး။မေမေ့ကိုအမြဲချစ်ပါ မေမေအားငယ်တတ်တယ် သားလေးကိုလည်းမေမေအမြဲချစ်နေမှာပါ ” လို့ ထပ်ပြီး ဖော်ပြထားတာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ သားလေးမချစ်ရင်တော့ မေမေရင်ကွဲရပါလိမ့်မယ်ဆိုတဲ့ မယ်လိုဒီအတွက် နှစ်သိပ့်စကားလေး ပြောပြခဲ့ပါဦးနော်…….။

Source -Melody Myo
Chit Thae May – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

“ခရီးကျပန္လာတာ သားေလးအနားမကပ္လို႔ ရင္ဘတ္ေတြေအာင့္ေအာင္ငိုလိုက္ရတယ္ဆိုတဲ့ မယ္လိုဒီ”

မယ္လိုဒီကေတာ့ တစ္ခ်ိန္က အႏုပညာေလာကမွာ ပရိသတ္အားေပးမႈကို အခိုင္အမာရရွိခဲ့သူတစ္ေယာက္ပါ။လက္ရွိမွာေတာ့ ခ်စ္စရာေကာင္းတဲ့ သားေလးတစ္ေယာက္ကို ပိုင္ဆိုင္ထားတာျဖစ္ၿပီး မိသားစုအေပၚမွာ တာဝန္ေက်တဲ့ အိမ္ေထာင္ရွင္မေကာင္း တစ္ေယာက္ပဲျဖစ္ပါတယ္။ မိခင္တစ္ေယာက္နဲ႔ မတူေအာင္လည္း ႏုပ်ိဳလွပေနတာျဖစ္ၿပီး တစ္သားေမြး တစ္ေသြးလွေနတဲ့ မိခင္တစ္ေယာက္လို႔ ဆိုလည္း မမွားပါဘူး ။

လက္ရွိမွာေတာ့ အလုပ္ကိစၥေတြေၾကာင့္ ခရီးထြက္ခဲ့ရတာျဖစ္ၿပီး အိမ္ျပန္ေရာက္ေတာ့ သားေလး အနားမကပ္လို႔ ရင္ဘတ္ေတြေအာင့္တဲ့ အထိငိုခဲ့ရတယ္ဆိုတဲ့ အေၾကာင္းကို “မေန႔ကခရီးကျပန္လာတာ သားကအနားမကပ္ အတူမအိပ္ေတာ့ ဒီအေမဝမ္းနည္းၿပီးတစ္ညလုံး ရင္ဘတ္ေတြေအာင့္ငိုလိုက္ရတာ သားေလးသာမခ်စ္ေတာ့ရင္ဆိုၿပီး ခံစားရတာေသေတာ့မယ္။ ဒီမနက္ေတာ့ မနက္စာ ကိုယ္တိုင္ေကြၽး ေရခ်ိဳးေပး ေန႔လည္အတူအိပ္ေပး ျပန္ဖားေနရတယ္။ အမေလး ဘဝကိုက တဖက္သတ္အခ်စ္ႀကီးပါလားေနာ္” ဆိုၿပီးသူ႔ရဲ႕လူမႈကြန္ရက္ စာမ်က္ႏွာကေန ေရးသားေဖာ္ျပထားတာျဖစ္ပါတယ္။

ဒါ့အျပင္ သားေလးသာ ေမေမကို မခ်စ္ေတာ့ဘူးဆိုရင္ က်န္တဲ့ အရာေတြအားလုံးက ေမေမအတြက္ အေရးမႀကီးေတာ့ ပါဘူးဆိုတဲ့ အေၾကာင္းကိုလည္း မယ္လိုဒီက “သားေလးေရက်န္တာေတြခံစားရတာ ေမေမအတြက္ မထူးဆန္းေတာ့ေပမယ့္ သားေလးမခ်စ္ရင္ေတာ့ ေမေမရင္ကြဲရပါလိမ့္မယ္။ သားေလးအခ်စ္ကိုမွီခိုအားယူရင္ ေမေမလဲမက်ေအာင္အားတင္းထားတာပါ။ သားေလးသာမခ်စ္ေတာ့ရင္ က်န္တာေတြ ပစ္ခ်လိုက္ဖို႔ ေမေမဝန္ေလးေနမွာမဟုတ္ပါဘူး။ေမေမ့ကိုအၿမဲခ်စ္ပါ ေမေမအားငယ္တတ္တယ္ သားေလးကိုလည္းေမေမအၿမဲခ်စ္ေနမွာပါ ” လို႔ ထပ္ၿပီး ေဖာ္ျပထားတာျဖစ္ပါတယ္။ ဆယ္လီကမာၻပရိသတ္ႀကီးေရ သားေလးမခ်စ္ရင္ေတာ့ ေမေမရင္ကြဲရပါလိမ့္မယ္ဆိုတဲ့ မယ္လိုဒီအတြက္ ႏွစ္သိပ့္စကားေလး ေျပာျပခဲ့ပါဦးေနာ္…….။

Source -Melody Myo
Chit Thae May – CeleGabar
ေဇာ္ဂ်ီျဖင့္ဖတ္ရန္

error: Content is protected !!