“ပရိသတ်တွေစိတ်ဝင်တစားဖြစ်နေတဲ့ ရွှေကစ်ရဲ့ အချစ်ရေး”

ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ သရုပ်ဆောင်ပီပြင်လွန်းသူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ သည်းသည်းလှုပ်ဝန်းရံမှုကို ပိုင်ဆိုင်ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။ ဒါ့ကြောင့်လည်း ပရိသတ်တွေရဲ့ အချစ်တော်လေး ရွှေကစ်ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ပရိသတ်တွေကစိတ်ဝင်စားကြမယ်လို့ထင်ပါတယ်။ ရွှေကစ်လေးက ယခုလတ်တလောမှာတော့ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ အချစ်နဲ့ ပတ်သက်တဲ့ အချစ်စာသားနုနုလေးတွေကို ရေးသားဖော်ပြနေတာကို တွေ့ရပါတယ်။

ဒီစားသားလေးတွေနဲ့ ပတ်သက်ပြီးတော့ ရွှေကစ်တစ်ယောက်ချစ်သူရနေပြီလား သူ့ရဲ့ ချစ်သူကဘယ်သူများဖြစ်မလဲဆိုပြီးတော့ ပရိသတ်တွေက စိတ်ဝင်တစားနဲ့ ရှိနေကြပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ “ဘာမှမရှိပါဘူး ဒီအတိုင်းပဲတင်တာပါ။စိတ်ကူးယဉ်တတ်သူတစ်ယောက်ဖြစ်တာကြောင့် စိတ်ထဲရှိတာလေးတွေ ခံစားမိတာလေးတွေကို တင်ဖြစ်တာပါ။ခရီးတွေသွားရင်လည်း စိတ်ကူးထဲပေါ်လာရင် တကယ်မရှိလည်း စိတ်ကူးယဉ်ပြီး ရေးပါတယ်”လို့ ရွှေကစ်ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားနေတဲ့ ပရိသတ်တွေအတွက် ရွှေကစ်လေးကိုယ်တိုင်က ဖြေရှင်းပြခဲ့တာဖြစ်ပါတယ်။

ရွှေကစ်လေးက ပရိသတ်တွေကို အချိန်ပေးပြီး ရင်းရင်းနှီးနှီးနဲ့ ဖော်ဖော်ရွေရွေဆက်ဆံတာကြောင့် ပရိသတ်တွေက သူ့ကို အချစ်တွေ ပိုနေရတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အလှူအတန်းတွေလုပ်တဲ့ နေရာမှာလည်း ရက်ရောသူတစ်ယောက်ဖြစ်သလို ပီးခဲ့တဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲမှာလည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို သိန်း(၅၀)လှူဒါန်းခဲ့ပြီး မိဘမဲ့ ကလေးတွေကို သိန်း(၂၀)လှူဒါန်းခဲ့ပါတယ်။ဒါ့အပြင်အမေများအဖွဲ့ကိုလည်း သိန်း(၄၀)လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ပရိသတ်နဲ့ တွေ့ဆုံပွဲလုပ်တာထက် ပရိသတ်တွေနဲ့တွေ့ပြီးအလှူပွဲလေးလုပ်တာက ပိုပြီး အဓိပ္ပာယ် ရှိမယ်ထင်လို့ပါတဲ့နော်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရော ရွှေကစ်လေးကိုအချစ်တွေပိုနေပြီလား…….


Source -Exclusive on CeleGabar
Chit Thae May – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်



]

 


ဇော်ဂျီဖြင့်ဖတ်ရန်

error: Content is protected !!