“DeadPool မင်းသားကြီး ရိုင်ယန်ရိမ်နို ရဲ့ အသိအမှတ်ပြုခြင်းခံလိုက်ရတဲ့ Exo အဖွဲ့ဝင် ပတ်ချန်းရိုး”

ကမ္ဘာကျော် ကေပေါ့ခ် စတားတွေ့ဖြစ်တဲ့ Exo အဖွဲ့လို့ပြောလိုက်ရင် ရှပ်ရည်ချောမောပြေပြစ်၊ဆွဲဆောင်မှုရှိကာ အရည်အချင်းပြည့်ဝတဲ့ လူငယ်(၁၂)ယောက်ကို ပြေးမြင်ကြမှာဖြစ်ပြီး လက်ရှိမှာတော့ အဖွဲ့ဝင်(၉)ဦးသာ ကျန်ရှိတော့တာလည်းဖြစ်ပါတယ်။Exo အဖွဲ့မှ Main Rapper တစ်ဦးဖြစ်တဲ့ ပတ်ချန်းရိုးကတော့ သူ့ရဲ့ Idol ကြီးဖြစ်တဲ့ DeadPool မင်သားကြီး ရိုင်ယန်ရဲ့ DeadPool ရဲ့အကြီးစား Fan Boy အဖြစ် အသိအမှတ်ပြုခြင်းကိုခံလိုက်ရတာလည်းဖြစ်ပါတယ်။

ပတ်ချန်းရိုးကတော့ DeadPool ဇာတ်ကောင်ကို ဘယ်လောက်တောင်ရူးသွပ်လည်းဆိုရင် (၂၀၁၈)ခုနှစ် Halloween ပွဲတော်မှာတော့ သူရဲ့ အကြိုက်ဆုံးဇာတ်ကောင် DeadPool ရဲ့တကယ်ဝတ်စုံနဲ့လုံး၀ တစ်ထေရာထဲတူနေတဲ့ဝတ်စုံကိုဝတ်ဆင်ဖို့ အတွက် အမေရိကန်နိုင်ငံမှ ဒီဇိုင်နာကိုပါ တကူးတက လှမ်းမှာခဲ့ပေမယ့် ဝတ်စုံမှာပါတဲ့ဓားအစစ်တွေကြောင့် တင်ပို့မှုနှောင့်နှေးခဲ့ပြီး Halloween ပွဲကိုမတတ်ရောက်နိုင်ခဲ့ပါတယ်။အခုဆိုရင်တော့ ပတ်ချန်းရိုးဟာ သူရဲ့အကြိုက်ဆုံးဇာတ်ကောင်ရဲ့ မင်းသားကြီး ရိုင်ယန်ကို အပြင်မှာ မြင်ကိုယ်တွေ့ကြုံခဲ့ရတဲ့အပြင် ချန်းရိုးကို အကြီးဆုံး Fan Boy အဖြစ်အသိအမှတ်ပြုတဲ့အကြောင်းကို မင်းသားကြီး ရိုင်ယန်ရဲ့ Instagram အကောင့်မှ ဖော်ပြခဲ့ပါတယ်။

DeadPool မင်သားကြီး ရိုင်ယန်ကတော့ ကိုရီးယားနိုင်ငံတွင် ကျင်းပတဲ့ သူပါဝင်သရုပ်ဆောင်ထားပြီး Netflix ရုပ်သံလိုင်းမှာ ထုတ်လွင့်ပြသမည့် “ 6 Underground” ရုပ်ရှင်အထူးပွဲကို တတ်ရောက်ခဲ့တာဖြစ်ပြီး Exo အဖွဲမှာလည်း ဒီပွဲကို တတ်ရောက်ကာ သူတို့ရဲ့ သီချင်းအသစ်ဖြစ်တဲ့ “Obsession” သီချင်းနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ Exo အဖွဲ့ဝင် ပတ်ချန်းရိုး ကတော့ သူရဲ့ အကြိုက်ဆုံး မင်သားကြီးရဲ့ အသိအမှတ်ပြုခြင်းကိုခံလိုက်ရပါတယ်။

Source: Ryan Reynolds’s Facebook
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်





x
error: Content is protected !!