“ပရိသတ်တွေရဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံဖို့ ပွဲလေးတစ်ပွဲ စီစဉ်လိုက်တဲ့ ထက်အဉ္ဇလီ”

မြန်မာအိုင်ဒေါပြိုင်ပွဲကြီးရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ထက်အဉ္ဇလီကတော့ ပြီးခဲ့တဲ့ တစ်ပတ်စိုးလွင်လွင်အမှတ်တရ သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ချိန်မှာတော့ ပြိုင်ပွဲကနေ Voting အနည်းဆုံးနဲ့ နှုတ်ဆက်ထွက်ခွာခဲ့ရတာပါ။လတ်တလောမှာတော့ ထက်အဉ္ဇလီဟာ သူကို ပြိုင်ပွဲတစ်လျှောက်မှာ ချစ်ခင်ပြီးအားပေးတဲ့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံသွားဖို့အတွက်ကို Fan Meeting ပွဲလေး စီစဉ်လိုက်တဲ့အကြောင်းကို “ထက်ကလေး Fan Meeting လေး စီစဉ်လိုက်ပါပြီရှင့်”လို့သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။

ထက်အဉ္ဇလီကတော့ အပြင်မှာ တဝကြီးတွေ့ချင်တယ်လို့ တောင်းဆိုနေတဲ့ ပရိသတ်တွေကို အလိုလိုက်ပြီး ဒီပွဲလေးကို အမြန်ဆုံးစီစဉ်လိုက်တာဖြစ်တယ်လို့လည်း ဖော်ပြထားပါသေးတယ်။ဒီပွဲလေးကိုတော့ မနက်ဖြန် ဒီဇင်ဘာလ (၄)ရက်နေ့၊ ညနေ (၆)နာရီ၊ ပြည်သူ့ရင်ပြင်မှာရှိတဲ့ “My Garden Restaurant”မှာကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ထက်အဉ္ဇလီကတော့ ချစ်ရတဲ့ ပရိသတ်တွေနဲ့ အတူတူ မနက်ဖြန်ပွဲလေးမှာ သီချင်းတွေဆို၊ ဂိမ်းတွေဆော့၊ရင်ရင်းနှီးနှီးစကားတွေပြောပြီး လက်ဆောင်ပစ္စည်းတွေလည်း ပေးသွားမှာမို့ ဆက်ဆက်လာခဲ့ဖို့ကိုလည်း ဖိတ်ခေါ်ထားပါသေးတယ်။

ပြီးခဲ့တဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံတဲ့ပွဲလေးမှာ ထက်အဉ္ဇလီကမတက်ရောက်နိုင်ခဲ့တာကြောင့် သူရဲ့ ပရိသတ်တွေကိုလည်း အရမ်းအားနာမိကြောင်းနဲ့ ဒီပွဲလေးကိုလည်း အကြောင်းကြောင်းကြောင့် အမြန်စီစဉ်လိုက်ရတာဖြစ်ကြောင်းကိုလည်း တောင်းပန်ပြောဆိုထားပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ ထက်အဉ္ဇလီရဲ့ ပရိသတ်တွေလက်လွတ်မခံသင့်တဲ့ ပွဲလေးမို့ ပရိသတ်တွေသိရှိရအောင် ဒီသတင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

Source – Htet Inzali
CleoPaTra – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်။

“ပရိသတ္ေတြရဲ႕ ရင္းရင္းႏွီးႏွီးေတြ႕ဆုံဖို႔ ပြဲေလးတစ္ပြဲ စီစဥ္လိုက္တဲ့ ထက္အၪၨလီ”

ျမန္မာအိုင္ေဒါၿပိဳင္ပြဲႀကီးရဲ႕ ၿပိဳင္ပြဲဝင္တစ္ဦးျဖစ္တဲ့ ထက္အၪၨလီကေတာ့ ၿပီးခဲ့တဲ့ တစ္ပတ္စိုးလြင္လြင္အမွတ္တရ သီခ်င္းေတြနဲ႔ သီဆိုယွဥ္ၿပိဳင္ခဲ့ခ်ိန္မွာေတာ့ ၿပိဳင္ပြဲကေန Voting အနည္းဆုံးနဲ႔ ႏႈတ္ဆက္ထြက္ခြာခဲ့ရတာပါ။လတ္တေလာမွာေတာ့ ထက္အၪၨလီဟာ သူကို ၿပိဳင္ပြဲတစ္ေလွ်ာက္မွာ ခ်စ္ခင္ၿပီးအားေပးတဲ့ ပရိသတ္ေတြနဲ႔ ရင္းရင္းႏွီးႏွီးေတြ႕ဆုံသြားဖို႔အတြက္ကို Fan Meeting ပြဲေလး စီစဥ္လိုက္တဲ့အေၾကာင္းကို “ထက္ကေလး Fan Meeting ေလး စီစဥ္လိုက္ပါၿပီရွင့္”လို႔သူရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေနေဖာ္ျပထားတာပဲျဖစ္ပါတယ္။

ထက္အၪၨလီကေတာ့ အျပင္မွာ တဝႀကီးေတြ႕ခ်င္တယ္လို႔ ေတာင္းဆိုေနတဲ့ ပရိသတ္ေတြကို အလိုလိုက္ၿပီး ဒီပြဲေလးကို အျမန္ဆုံးစီစဥ္လိုက္တာျဖစ္တယ္လို႔လည္း ေဖာ္ျပထားပါေသးတယ္။ဒီပြဲေလးကိုေတာ့ မနက္ျဖန္ ဒီဇင္ဘာလ (၄)ရက္ေန႔၊ ညေန (၆)နာရီ၊ ျပည္သူ႔ရင္ျပင္မွာရွိတဲ့ “My Garden Restaurant”မွာက်င္းပျပဳလုပ္မွာျဖစ္ပါတယ္။ထက္အၪၨလီကေတာ့ ခ်စ္ရတဲ့ ပရိသတ္ေတြနဲ႔ အတူတူ မနက္ျဖန္ပြဲေလးမွာ သီခ်င္းေတြဆို၊ ဂိမ္းေတြေဆာ့၊ရင္ရင္းႏွီးႏွီးစကားေတြေျပာၿပီး လက္ေဆာင္ပစၥည္းေတြလည္း ေပးသြားမွာမို႔ ဆက္ဆက္လာခဲ့ဖို႔ကိုလည္း ဖိတ္ေခၚထားပါေသးတယ္။

ၿပီးခဲ့တဲ့ ပရိသတ္ေတြနဲ႔ ေတြ႕ဆုံတဲ့ပြဲေလးမွာ ထက္အၪၨလီကမတက္ေရာက္ႏိုင္ခဲ့တာေၾကာင့္ သူရဲ႕ ပရိသတ္ေတြကိုလည္း အရမ္းအားနာမိေၾကာင္းနဲ႔ ဒီပြဲေလးကိုလည္း အေၾကာင္းေၾကာင္းေၾကာင့္ အျမန္စီစဥ္လိုက္ရတာျဖစ္ေၾကာင္းကိုလည္း ေတာင္းပန္ေျပာဆိုထားပါေသးတယ္။CeleGabar ပရိသတ္ႀကီးေရ ထက္အၪၨလီရဲ႕ ပရိသတ္ေတြလက္လြတ္မခံသင့္တဲ့ ပြဲေလးမို႔ ပရိသတ္ေတြသိရွိရေအာင္ ဒီသတင္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္။

Source – Htet Inzali
CleoPaTra – CeleGabar

error: Content is protected !!