အိမ်ထောင်သက် (၁၄) နှစ်ပြည့်သွားခဲ့တဲ့ထိ ပိုင်ဇေရဲထွန်းကို ရွေးချယ်ခဲ့တာ မမှားဘူးလို့ ဆိုလာခဲ့တဲ့ ဇနီးလေး ဇင်သဲနိုင်

3,149

 

 

အနုပညာလောကထဲမှာ အရမ်းကို ရိုလွန်းတဲ့ စုံတွဲလေးတစ်တွဲဖြစ်တဲ့ မင်းသား ပိုင်ဇေရဲထွန်း နဲ့ ဇနီးဖြစ်တဲ့ ဇင်သဲနိုင်တို့က တော့ သားသားမီးမီး လေးတွေရရှိတဲ့ထိ အချစ်မပျက်တဲ့ပြင် နွေးထွေးတဲ့ အိမ်ထောင်စု မိသားစုဘ၀လေးကို ပို်င်ဆိုင်ထားတာဖြစ်ပြီး ပရိသတ်တွေပါ မက အနုပညာရှင်တွေကပါ အားကျရတဲ့ သူတို့စုံတွဲလေးကတော့ လက်ရှိမှာ အိမ်ထောင်သက်(၁၄)နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။

 

 

ပိုင်ဇေရဲထွန်း အသက်(၂၈) နှစ်မှာ လက်ထပ်ခဲ့တဲ့ အသက်(၁၈) နှစ်အရွယ် ချစ်စရာကောင်မလေးက တော့ လက်ရှိမှာ အသက်(၃၂) နှစ် အရွယ်၊ သားသမီး (၃) ယောက်ရဲ့ မိခင်၊ အိမ်သူသက်ထားလေးဖြစ်သည်တိုင် ဘေးနားကနေ ပါရမီဖြည့် ပေးနေခဲ့တာဖြစ်ပြီး အသက်အရွယ်(၁၀) နှစ် ၀န်းကျင် ကွာခြားပေမဲ့လည်း ရဲရဲဝင့်ဝင့်တဲ့ ချစ်လို့ လက်တွဲခဲ့ကြတဲ့ သူတို့အိမ်ထောင်ရေးလေးဟာ ယနေ့တိုင် ခိုင်မြဲနေကြဆဲဖြစ်ပါတယ်။

 

 

 

 

ခင်ပွန်းအပေါ် ပါရမီဖြည့်ဘက် အနေန့ သာမက ကျေးဇူးရှင်တစ်ယောက် အဖြစ်ပါ သဘောထားကြောင်း “အိမ်ထောင်သက်(၁၄)နှစ် ကိုကို့အသက်လေးဆယ့်နှစ်၊ ဆယ်စုနှစ်တစ်စုကို နောက်ပြန်ရစ်ကြည့်တော့ကလေးသာသာအရွယ်ကောင်မလေးရဲ့ ယုံကြည်မှု ရွေးချယ်မှုတွေမမှားဘူးကိုကို၊ကိုကို့အပေါ်ဂရုစိုက်မှုတွေ အချစ်တွေလျော့သွားတယ်လို့နည်းနည်းတောင်မတွေးလိုက်ပါနဲ့
ထုထည်သိပ်ကြီးမားလာလို့ တည်ငြိမ်နေခြင်းမျိုးပါ။သဲရဲ့ခြေလှမ်းတိုင်းမှာ ကိုကိုကကျေးဇူးရှင်ဖြစ်သလိုကိုကို့ခြေလှမ်းတိုင်းမှလည်း သဲကပါရမီဖြည့်နေဦးမှာ။
နှစ်ပေါင်းများစွာမှတ်တိုင်တွေတူတူစိုက်ထူကြဦးစို့ လွန်ခဲ့တဲ့(၁၄)နှစ် ကိုကို ၂၈နှစ် သဲ ၁၈နှစ်
အခုကိုကို (၄၂) နှစ် သဲ (၃၂) နှစ်နောင်နှစ်ပေါင်းများစွာထိ အဆုံးမရှိ
” လို့ ဇင်သဲနိုင်က ခုလိုသူမရဲ့ ဖေ့ဘုတ်စာမျက်နာ ထက်ကနေ ခံစားချက်တွေ မျှဝေလိုက်တာမို့ ကြည်နူးစရာကောင်းတဲ့ ပိုင်ဇေရဲထွန်း နဲ့ ဇင်သဲနိုင် တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်လေးကို ဆုတောင်ေးပေးကြပါဦးနော်.. ။

 

Source: Zin Thae Naing
Khin Mi [email protected]
ယူနီကုဒ်နဲ့ ဖတ်ရန်