“ထပ်မံကြွေလွင့်သွားပြန်ပြီဖြစ်တဲ့ ကိုရီးယားကြယ်ပွင့်လေး မင်းသားချော Cha In-Ha”

နိုဝင်ဘာလ (၂၇)ရက်နေ့မှ စတင်ထုတ်လွှင့်ပြသနေတဲ့ “Love with Flaws” ဒရမ်မာဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားချော Cha In Ha ကတော့ ကွယ်လွန်သွားပြီလည်းဖြစ်ပါတယ်။ရဲတပ်ဖွဲ့ကတော့ သူရဲ့ခန္ဓာကိုယ်ကို ဒီဇင်ဘာလ(၃)ရက်နေ့တွင် နေအိမ်၌ သေဆုံးလျက်အနေအထားနဲ့ တွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

မင်းသား Cha In Ha ရဲ့ အေဂျင်စီဖြစ်တဲ့ Fantagio မှလည်း “အခုလို ဝမ်းနည်းဖွယ်သတင်းများကိုထုတ်လွှင့်ရမှာ ကျွန်ုပ်တို့ဘက်မှလည်း အလွန်ဝမ်းနည်းကြေကွဲရပါတယ်။ဒီဇင်ဘာလ (၃) ရက်နေ့တွင် Cha In Haကတော့ ကျွန်တော်တို့ကို နှုတ်ဆက်သွားပါပြီ၊ယုံကြည်စရာမကောင်းတဲ့ ဒီသတင်းကတော့ အမှန်တကယ်ဖြစ်ပြီး ကောလာဟလတွေ မထုတ်လွှင့်ကြဖို့နဲ့ ဒီလိုမျိုး ရုတ်တရက်သတင်းဆိုးကြောင့် တခြားသူတွေထက် ပိုမိုဝမ်းနည်းနေကြတဲ့ မိသားစုတွေရဲ့ခွင့်ပြုချက် မရှိဘဲ ထင်မြင်ချက်သတင်းတွေ မရေးကြဖို့ တောင်းဆိုထားပါတယ်။သူရဲ့ ဈပနအခန်းအနားကိုတော့ မိသားစုရဲ့ဆန္ဒအလျောက် သီးသန့်ကျင်းပမည်ဖြစ်မယ့်” လို့ ထုတ်ပြန်ခဲ့ပါတယ်။

Cha In Ha ဟာ (၂၀၁၇) ခုနှစ်တွင်“ You, Deep Inside of Me” ဇာတ်ကားတို့ဖြင့်ပွဲထွက်ခဲ့ပြီး Fantagio ၏ဒုတိယသရုပ်ဆောင်အဖွဲ့ SURPRISE U တွင်ပါဝင်ခဲ့ပါသေးတယ်။လက်ရှိထုတ်လွင့်နေဆဲဖြစ်တဲ့ “Love with Flaws” ဒရမ်မာဇာတ်လမ်းတွဲဟာဆိုရင် (၂)ပိုင်းသာထုတ်လွင့်၇သေးတာလည်းဖြစ်ပါတယ်။

Source: soompi
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

“ထပ္မံေႂကြလြင့္သြားျပန္ၿပီျဖစ္တဲ့ ကိုရီးယားၾကယ္ပြင့္ေလး မင္းသားေခ်ာ Cha In-Ha”

ႏိုဝင္ဘာလ (၂၇)ရက္ေန႔မွ စတင္ထုတ္လႊင့္ျပသေနတဲ့ “Love with Flaws” ဒရမ္မာဇာတ္လမ္းတြဲမွာ ပါ၀င္သ႐ုပ္ေဆာင္ထားတဲ့ မင္းသားေခ်ာ Cha In Ha ကေတာ့ ကြယ္လြန္သြားၿပီလည္းျဖစ္ပါတယ္။ရဲတပ္ဖြဲ႕ကေတာ့ သူရဲ႕ခႏၶာကိုယ္ကို ဒီဇင္ဘာလ(၃)ရက္ေန႔တြင္ ေနအိမ္၌ ေသဆုံးလ်က္အေနအထားနဲ႔ ေတြ႕ရွိခဲ့တာျဖစ္ၿပီး ေသဆုံးရတဲ့ အေၾကာင္းအရင္းကို စုံစမ္းစစ္ေဆးလ်က္ရွိတယ္လို႔ ထုတ္ျပန္ထားပါတယ္။

မင္းသား Cha In Ha ရဲ႕ ေအဂ်င္စီျဖစ္တဲ့ Fantagio မွလည္း “အခုလို ဝမ္းနည္းဖြယ္သတင္းမ်ားကိုထုတ္လႊင့္ရမွာ ကြၽႏ္ုပ္တို႔ဘက္မွလည္း အလြန္ဝမ္းနည္းေၾကကြဲရပါတယ္။ဒီဇင္ဘာလ (၃) ရက္ေန႔တြင္ Cha In Haကေတာ့ ကြၽန္ေတာ္တို႔ကို ႏႈတ္ဆက္သြားပါၿပီ၊ယုံၾကည္စရာမေကာင္းတဲ့ ဒီသတင္းကေတာ့ အမွန္တကယ္ျဖစ္ၿပီး ေကာလာဟလေတြ မထုတ္လႊင့္ၾကဖို႔နဲ႔ ဒီလိုမ်ိဳး ႐ုတ္တရက္သတင္းဆိုးေၾကာင့္ တျခားသူေတြထက္ ပိုမိုဝမ္းနည္းေနၾကတဲ့ မိသားစုေတြရဲ႕ခြင့္ျပဳခ်က္ မရွိဘဲ ထင္ျမင္ခ်က္သတင္းေတြ မေရးၾကဖို႔ ေတာင္းဆိုထားပါတယ္။သူရဲ႕ ဈပနအခန္းအနားကိုေတာ့ မိသားစုရဲ႕ဆႏၵအေလ်ာက္ သီးသန႔္က်င္းပမည္ျဖစ္မယ့္” လို႔ ထုတ္ျပန္ခဲ့ပါတယ္။

Cha In Ha ဟာ (၂၀၁၇) ခုႏွစ္တြင္“ You, Deep Inside of Me” ဇာတ္ကားတို႔ျဖင့္ပြဲထြက္ခဲ့ၿပီး Fantagio ၏ဒုတိယသ႐ုပ္ေဆာင္အဖြဲ႕ SURPRISE U တြင္ပါဝင္ခဲ့ပါေသးတယ္။လက္ရိွထုတ္လြင့္ေနဆဲျဖစ္တဲ့ “Love with Flaws” ဒရမ္မာဇာတ္လမ္းတြဲဟာဆိုရင္ (၂)ပိုင္းသာထုတ္လြင့္၇ေသးတာလည္းျဖစ္ပါတယ္။

error: Content is protected !!