“ဆောင်းတွင်းကြီးထဲ ကျင်းပနေတဲ့ လမ်းလျှောက်သင်္ကြန်ကိုရောက်နေတဲ့ ခါရာ”

နိုင်ငံခြားမင်းသားတစ်ယောက်လို စမတ်ကျပြီး ယောကျာ်းပီသတဲ့မျက်နှာကိုပိုင်ဆိုင်ထားသူကတော့ မင်းသားချောခါရာပဲဖြစ်ပါတယ်။ ခါရာကတော့ မော်လ်ဒယ်ပြိုင်ပွဲတွေမှာ ဆုရရှိထားပြီးနောက်မှာ ရုပ်ရှင်သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာသူတစ်ယောက်ပါ။ အမိုက်စားခန္ဓာကိုယ်နဲ့ မြင့်မားတဲ့အရပ်ကြောင့် မိန်းကလေးထုကြီးပါးစပ်ဖျားမှာ ရေပန်းစားသူတစ်ယောက်လည်း ဖြစ်ပါတယ်။

ခါရာကိုတော့ “မျက်နှာပြင်များ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပရိသတ်စတင်သတိထားမိလာတာဖြစ်ပြီး အဲ့ဒီဇာတ်ကားထဲမှာတော့ အက်ရှင်မင်းသားတစ်ယောက်အနေနဲ့သရုပ်ဆောင်ခဲ့တာပါ။ အမိုက်စားခန္ဓာကိုယ်နဲ့တည်ကြည်ခန့်ညားတဲ့မျက်နှာကြောင့် ခါရာကတော့ “မနေ့ကဖြစ်သည်-၂” နဲ့ လက်ရှိထုတ်လွှင့်ပြသနေတဲ့ “လိပ်ပြာ-အမှန်တရားရဲ့ဓားတစ်လက်” ဇာတ်လမ်းတွဲတွေမှာလည်း ရဲတစ်ယောက်အဖြစ်နဲ့ပါဝင်သရုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ ရုပ်တည်ကြီးနဲ့နေရတဲ့ ဇာတ်ကောင်တွေနဲ့ပဲ အသားကျနေတဲ့ ခါရာတစ်ယောက်ကတော့ ပရိသတ်အမြင်တစ်မျိုးဆန်းစေဖို့ သရုပ်ဆောင်မြတ်နိုးအေးနဲ့အတူ အချစ်ဇာတ်လမ်းလေးတစ်ခု ရိုက်ကူးနေပြီဖြစ်ပါတယ်။

“ရင်ခုန်သံ(၇၄)ရက်” ဆိုတဲ့ဇာတ်လမ်းတွဲလေးဖြစ်ပြီး ခါရာကိုတော့ အရမ်းချစ်တတ်တဲ့ကောင်လေးတစ်ယောက်အနေနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။ မနေ့က ရှူတင်မှာတော့ ခါရာဟာ လမ်းလျှောက်သင်္ကြန်ရိုက်ကွင်းထဲမှာ ရိုက်ကူးခဲ့ရတာဖြစ်ပြီး ရိုက်ကူးရေးကြောင့် ဆောင်းတွင်းကြီးထဲ သင်္ကြန်ကျနေရလို့ “နွေသင်္ကြန်မဟုတ်ဘဲ ဆောင်းသင်္ကြန်ကိုရောက်နေတယ်” လို့ရိုက်ကူးရေးပုံရိပ်တစ်ခုနဲ့အတူ သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ မျှဝေခဲ့တာဖြစ်ပါတယ်။


Source – Khar Ra
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“ေဆာင္းတြင္းႀကီးထဲ က်င္းပေနတဲ့ လမ္းေလွ်ာက္သၾကၤန္ကိုေရာက္ေနတဲ့ ခါရာ”

ႏိုင္ငံျခားမင္းသားတစ္ေယာက္လို စမတ္က်ၿပီး ေယာက်ာ္းပီသတဲ့မ်က္ႏွာကိုပိုင္ဆိုင္ထားသူကေတာ့ မင္းသားေခ်ာခါရာပဲျဖစ္ပါတယ္။ ခါရာကေတာ့ ေမာ္လ္ဒယ္ၿပိဳင္ပြဲေတြမွာ ဆုရရွိထားၿပီးေနာက္မွာ ႐ုပ္ရွင္သ႐ုပ္ေဆာင္ေလာကထဲကို ဝင္ေရာက္လာသူတစ္ေယာက္ပါ။ အမိုက္စားခႏၶာကိုယ္နဲ႔ ျမင့္မားတဲ့အရပ္ေၾကာင့္ မိန္းကေလးထုႀကီးပါးစပ္ဖ်ားမွာ ေရပန္းစားသူတစ္ေယာက္လည္း ျဖစ္ပါတယ္။

ခါရာကိုေတာ့ “မ်က္ႏွာျပင္မ်ား” ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ပရိသတ္စတင္သတိထားမိလာတာျဖစ္ၿပီး အဲ့ဒီဇာတ္ကားထဲမွာေတာ့ အက္ရွင္မင္းသားတစ္ေယာက္အေနနဲ႔သ႐ုပ္ေဆာင္ခဲ့တာပါ။ အမိုက္စားခႏၶာကိုယ္နဲ႔တည္ၾကည္ခန႔္ညားတဲ့မ်က္ႏွာေၾကာင့္ ခါရာကေတာ့ “မေန႔ကျဖစ္သည္-၂” နဲ႔ လက္ရွိထုတ္လႊင့္ျပသေနတဲ့ “လိပ္ျပာ-အမွန္တရားရဲ႕ဓားတစ္လက္” ဇာတ္လမ္းတြဲေတြမွာလည္း ရဲတစ္ေယာက္အျဖစ္နဲ႔ပါဝင္သ႐ုပ္ေဆာင္ခဲ့ရတာ ျဖစ္ပါတယ္။ ႐ုပ္တည္ႀကီးနဲ႔ေနရတဲ့ ဇာတ္ေကာင္ေတြနဲ႔ပဲ အသားက်ေနတဲ့ ခါရာတစ္ေယာက္ကေတာ့ ပရိသတ္အျမင္တစ္မ်ိဳးဆန္းေစဖို႔ သ႐ုပ္ေဆာင္ျမတ္ႏိုးေအးနဲ႔အတူ အခ်စ္ဇာတ္လမ္းေလးတစ္ခု ႐ိုက္ကူးေနၿပီျဖစ္ပါတယ္။

“ရင္ခုန္သံ(၇၄)ရက္” ဆိုတဲ့ဇာတ္လမ္းတြဲေလးျဖစ္ၿပီး ခါရာကိုေတာ့ အရမ္းခ်စ္တတ္တဲ့ေကာင္ေလးတစ္ေယာက္အေနနဲ႔ ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ မေန႔က ရႉတင္မွာေတာ့ ခါရာဟာ လမ္းေလွ်ာက္သၾကၤန္႐ိုက္ကြင္းထဲမွာ ႐ိုက္ကူးခဲ့ရတာျဖစ္ၿပီး ႐ိုက္ကူးေရးေၾကာင့္ ေဆာင္းတြင္းႀကီးထဲ သၾကၤန္က်ေနရလို႔ “ေႏြသၾကၤန္မဟုတ္ဘဲ ေဆာင္းသၾကၤန္ကိုေရာက္ေနတယ္” လို႔႐ိုက္ကူးေရးပုံရိပ္တစ္ခုနဲ႔အတူ သူ႔ရဲ႕ေဖ့ဘြတ္ခ္စာမ်က္ႏွာမွာ မွ်ေဝခဲ့တာျဖစ္ပါတယ္။
Source – Khar Ra
Rainbow- Cele Gabar

error: Content is protected !!