“ပရိသတ်အချစ်တော်တွေနဲ့ စတင်ရိုက်ကူးတော့မည့် “စတုတ္ထမြောက်သွေးကြောမျှင်” ရုပ်ရှင်ဇာတ်ကားကြီး “

ပြည်သူချစ် နိုင်ငံကျော်သရုပ်ဆောင်တွေပဲ ပါဝင်သရုပ်ဆောင်ထားတဲ့ “စတုတ္ထမြောက်သွေးကြောမျှင်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်တွေ ရှေ့ကို မကြာခင်ရောက်ရှိလာတော့မှာပါ။ ဒီနေ့မှာတော့ အဆိုပါရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကန်တော့ပွဲကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှာကျင်းပခဲ့တာဖြစ်တယ်လို့ 7th Sense Creation မှ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ဝေမင်းမောင်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

” စတုတ္ထမြောက်သွေးကြောမျှင်” ရုပ်ရှင်ဇာတ်ကားကြီး မှာတော့ ပရိသတ်အချစ်တော်တွေဖြစ်တဲ့ ယောကျာ်းပီသတဲ့ ဘော်ဒီကိုပိုင်ဆိုင်ထားပြီး သရုပ်ဆောင်ပိုင်းမှာ ပီပြင်လွန်းသူတစ်ယောက်ဖြစ်တဲ့ နိုင်းနိုင်း၊အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်ထက်မြက်သူတစ်ယောက်ဖြစ်တဲ့ရွှေထူး၊အကယ်ဒမီဆုရှင် သက်မွန်မြင့် ၊MRTV-4 ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေး မေမြင့်မိုရ် ၊အကယ်ဒမီဆုရှင် မေသဉ္ဇာဦး တို့က ပါဝင်သရုပ်ဆောင်သွားမယ်လို့သိရပါတယ်။

” စတုတ္ထမြောက်သွေးကြောမျှင်” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဇာတ်လမ်း ၊ဇာတ်ညွှန်း လူနေ နဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ သားညီက ဒါရိုက်တာတစ်ယောက်အနေနဲ့ ရိုက်ကူးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ပရိသတ်အချစ်တော်တွေပဲ ပါဝင်သရုပ်ဆောင်ထားတဲ့ ” စတုတ္ထမြောက်သွေးကြောမျှင်” ရုပ်ရှင်ဇာတ်ကားကြီးကို စောင့်မျှော်အားပေးကြမယ်မဟုတ်လား ……။


Source -Wai Minn Maung
Chit Thae May – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

“ပရိသတ္အခ်စ္ေတာ္ေတြနဲ႕ စတင္ရိုက္ကူးေတာ့မည့္ “စတုတၳေျမာက္ေသြးေၾကာမွ်င္” ႐ုပ္ရွင္ဇာတ္ကားႀကီး ”

ျပည္သူခ်စ္ ႏိုင္ငံေက်ာ္သ႐ုပ္ေဆာင္ေတြပဲ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ “စတုတၳေျမာက္ေသြးေၾကာမွ်င္” ႐ုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ပရိသတ္ေတြ ေရွ႕ကို မၾကာခင္ေရာက္ရွိလာေတာ့မွာပါ။ ဒီေန႔မွာေတာ့ အဆိုပါ႐ုပ္ရွင္ဇာတ္ကားႀကီးရဲ႕ ကန္ေတာ့ပြဲကို ရန္ကုန္ၿမိဳ႕ ေ႐ႊတိဂုံဘုရားမွာက်င္းပခဲ့တာျဖစ္တယ္လို႔ 7th Sense Creation မွ တာဝန္ရွိသူတစ္ေယာက္ျဖစ္တဲ့ ေဝမင္းေမာင္က သူ႔ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာမွာ ေဖာ္ျပထားတာျဖစ္ပါတယ္။

” စတုတၳေျမာက္ေသြးေၾကာမွ်င္” ႐ုပ္ရွင္ဇာတ္ကားႀကီး မွာေတာ့ ပရိသတ္အခ်စ္ေတာ္ေတြျဖစ္တဲ့ ေယာက်ာ္းပီသတဲ့ ေဘာ္ဒီကိုပိုင္ဆိုင္ထားၿပီး သ႐ုပ္ေဆာင္ပိုင္းမွာ ပီျပင္လြန္းသူတစ္ေယာက္ျဖစ္တဲ့ ႏိုင္းႏိုင္း၊အဆိုပိုင္းမွာေရာ သ႐ုပ္ေဆာင္ပိုင္းမွာပါ ထူးခြၽန္ထက္ျမက္သူတစ္ေယာက္ျဖစ္တဲ့ေ႐ႊထူး၊အကယ္ဒမီဆုရွင္ သက္မြန္ျမင့္ ၊MRTV-4 ႐ုပ္သံဇာတ္လမ္းတြဲကေန ပရိသတ္အားေပးမႈကို အခိုင္အမာရရွိထားသူတစ္ေယာက္ျဖစ္တဲ့ မင္းသမီးေခ်ာေလး ေမျမင့္မိုရ္ ၊အကယ္ဒမီဆုရွင္ ေမသၪၨာဦး တို႔က ပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔သိရပါတယ္။

” စတုတၳေျမာက္ေသြးေၾကာမွ်င္” ႐ုပ္ရွင္ဇာတ္ကားႀကီးကိုေတာ့ ဇာတ္လမ္း ၊ဇာတ္ၫႊန္း လူေန နဲ႔ ႐ုပ္ရွင္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ သားညီက ဒါ႐ိုက္တာတစ္ေယာက္အေနနဲ႔ ႐ိုက္ကူးသြားမွာ ျဖစ္တယ္လို႔သိရပါတယ္။ ဆယ္လီကမာၻပရိသတ္ႀကီးေရ ပရိသတ္အခ်စ္ေတာ္ေတြပဲ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ” စတုတၳေျမာက္ေသြးေၾကာမွ်င္” ႐ုပ္ရွင္ဇာတ္ကားႀကီးကို ေစာင့္ေမွ်ာ္အားေပးၾကမယ္မဟုတ္လား ……။
Source -Wai Minn Maung
Chit Thae May – CeleGabar
ေဇာ္ဂ်ီျဖင့္ဖတ္ရန္

error: Content is protected !!