“မွေးနေ့အလှူဒါနလေးမှာ မြန်မာဆန်ဆန်အဖြူရောင်ဝတ်စုံလေးနဲ့ ကျက်သရေရှိရှိလှပနေတဲ့ သင်ဇာဝင့်ကျော်”

ဒီနေ့ ဒီဇင်ဘာ(၄)ရက်နေ့လေးကတော့ ပုရိသတွေကိုရင်ဖိုစေမယ့် ခန္ဓာကိုယ်ကောက်ကြောင်းအလှနဲ့ အမျိုသားထုကြီးပါးစပ်ဖျားမှာရေပန်းစားနေတဲ့ မတ်မတ်သင်ဇာရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်။ သူရဲ့မွေးနေ့အလှူဒါနအနေနဲ့ မှော်ဘီ၊အောင်ဇမ္ဗူတောရကျောင်းတိုက်(ဂျပန်ဘုရား) မှာ သံဃာတော်အရှင်သူမြတ်များကို အာရုံဆွမ်းနဲ့နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

သင်ဇာကတော့ အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကျော်ပရိသတ်လက်ခံအားပေးမှုကို ရရှိခဲ့တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ပရိသတ်လက်ခံအားပေးမှုကို ရရှိခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာတော့ ညို့အားပြင်းတဲ့အလန်းစားဓာတ်ပုံရိုက်ချက်တွေကြောင့် ပရိသတ်ကြားမှာပြောစမှတ်ဖြစ်လာတဲ့အထိ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တယ်လို့ဆိုရမှာပါ။

လက်ရှိအချိန်မှာတော့ ပြည်သူလူထုကြားမှာနာမည်ကြီးခဲ့တဲ့ မုဒိမ်းကျင့်ခံရပြီးသေခဲ့တဲ့ မြမြကို ပြန်လည်အသက်သွင်းရိုက်ကူးနေတဲ့ “မြမြ” ရုပ်ရှင်ဇာတ်ကားကြီးမှာ မြမြဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ရိုက်ကူးနေတာဖြစ်ပါတယ်။ သင်ဇာကတော့ အနုပညာအလုပ်တွေနဲ့ မအားလပ်နိုင်အောင် ရိုက်ကူးရေးတွေဆက်နေသူတစ်ယောက်ဖြစ်ပြီး ဒီနေ့မွေးနေ့ရက်လေးမှာတော့ မြန်မာဆန်ဆန်ကျက်သရေရှိရှိအဖြူရောင်ဝတ်စုံလေးနဲ့ အလှူဒါနသွားရောက်ပြုလုပ်ဖြစ်ခဲ့တဲ့ သင်ဇာရဲ့ပုံရိပ်လေးတွေကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။


Source – Thinzar Wint Kyaw
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“ေမြးေန႔အလွဴဒါနေလးမွာ ျမန္မာဆန္ဆန္အျဖဴေရာင္ဝတ္စံုေလးနဲ႔ က်က္သေရရိွရွိလွပေနတဲ့ သင္ဇာဝင့္ေက်ာ္”

ဒီေန႔ ဒီဇင္ဘာ(၄)ရက္ေန႔ေလးကေတာ့ ပုရိသေတြကိုရင္ဖိုေစမယ့္ ခႏၶာကိုယ္ေကာက္ေၾကာင္းအလွနဲ႔ အမ်ိဳသားထုၾကီးပါးစပ္ဖ်ားမွာေရပန္းစားေနတဲ့ မတ္မတ္သင္ဇာရဲ႕ေမြးေန႔ေလးပဲျဖစ္ပါတယ္။ သူရဲ႕ေမြးေန႔အလွဴဒါနအေနနဲ႔ ေမွာ္ဘီ၊ေအာင္ဇမၺဴေတာရေက်ာင္းတုိက္(ဂ်ပန္ဘုရား) မွာ သံဃာေတာ္အရွင္သူျမတ္မ်ားကို အာရံုဆြမ္းနဲ႔ေန႔ဆြမ္း ဆပ္ကပ္လွဴဒါန္းခဲ့တာျဖစ္ပါတယ္။

သင္ဇာကေတာ့ အႏုပညာေလာကမွာ ဆယ္စုႏွစ္တစ္ခုေက်ာ္ပရိသတ္လက္ခံအားေပးမွုကို ရရွိခဲ့တဲ့အႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။ သရုပ္ေဆာင္တစ္ေယာက္အေနနဲ႔လည္း ပရိသတ္လက္ခံအားေပးမွုကို ရရွိခဲ့သူျဖစ္ျပီး ေနာက္ပိုင္းမွာေတာ့ ညိဳ႕အားျပင္းတဲ့အလန္းစားဓာတ္ပံုရိုက္ခ်က္ေတြေၾကာင့္ ပရိသတ္ၾကားမွာေျပာစမွတ္ျဖစ္လာတဲ့အထိ လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္ခဲ့တယ္လို႔ဆိုရမွာပါ။

လက္ရွိအခ်ိန္မွာေတာ့ ျပည္သူလူထုၾကားမွာနာမည္ၾကီးခဲ့တဲ့ မုဒိမ္းက်င့္ခံရျပီးေသခဲ့တဲ့ ျမျမကုိ ျပန္လည္အသက္သြင္းရုိက္ကူးေနတဲ့ “ျမျမ” ရုပ္ရွင္ဇာတ္ကားၾကီးမွာ ျမျမဇာတ္ေကာင္ေနရာကေန ပါဝင္သရုပ္ေဆာင္ရိုက္ကူးေနတာျဖစ္ပါတယ္။ သင္ဇာကေတာ့ အႏုပညာအလုပ္ေတြနဲ႔ မအားလပ္ႏုိင္ေအာင္ ရိုက္ကူးေရးေတြဆက္ေနသူတစ္ေယာက္ျဖစ္ျပီး ဒီေန႔ေမြးေန႔ရက္ေလးမွာေတာ့ ျမန္မာဆန္ဆန္က်က္သေရရွိရွိအျဖဴေရာင္ဝတ္စံုေလးနဲ႔ အလွဴဒါနသြားေရာက္ျပဳလုပ္ျဖစ္ခဲ့တဲ့ သင္ဇာရဲ႕ပံုရိပ္ေလးေတြကို ဆယ္လီကမာၻပရိသတ္ၾကီးအတြက္ မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Source – Thinzar Wint Kyaw
Rainbow- Cele Gabar

error: Content is protected !!