“အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများအထိမ်းအမှတ်ပွဲသို့ တက်ရောက်ကာ အားပေးစကားပြောခဲ့တဲ့ နိုင်းနိုင်း”

နိုင်းနိုင်းကတော့ ယောကျာ်းပီသတဲ့ ဘော်ဒီကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာပါ ပီပြင်လွန်းသူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတာဖြစ်ပါတယ်။ လက်ရှိမှာလည်း “စတုတ္ထမြောက်သွေးကြောမျှင်” ရုပ်ရှင်ဇာတ်ကားကြီးကို အဓိကဇာတ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ဒီဇာတ်ကားကြီးမှာတော့ နိုင်းနိုင်းအပါအဝင် ရွှေထူး၊သက်မွန်မြင့်၊မေမြင့်မိုလ်တို့ကပါဝင်သရုပ်ဆောင်သွားမယ်လို့လည်း သိရပါသေးတယ်။

လတ်တလောမှာတော့ နိုင်းနိုင်းက အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများအထိမ်းအမှတ်ပွဲသို့ တက်ရောက်ခဲ့တာဖြစ်ပြီး မသန်စွမ်းသူများကို အားပေးစကားတွေပြောခဲ့တာဖြစ်ပါတယ်။ အဲဒီအကြောင်းကိုတော့ နိုင်းနိုင်းက “အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများအထိမ်းအမှတ်ပွဲသို့ တက်ရောက်အားပေးဖြစ်ခဲ့ပါသည်။ မသန်ပေမယ့် စွမ်းကြသောသူများသည် လောကကြီးကို အန်တုနိုင်သော တစ်ကယ့်လူစွမ်းများဖြစ်ကြပါသည်။ ကျွန်တော်ရောက်သွားသောအခါ ဝိုင်းပြီးနုတ်ဆက်ကြ၊ ဓာတ်ပုံများလည်းရိုက်ကြနဲ့ ထိုသူများကို ခဏတာပျော်ရွှင်အောင်လုပ်ခဲ့ရတဲ့အတွက် ရင်ထဲမှာ ပီတိများဖြစ်ခဲ့ရပါတယ်။ မသန်ပေမယ့်စွမ်းကြသူများသည် စိတ်သဘောများဖြူစင်ကြတာတော့ အသေအချာပါပဲ။ချစ်သောပရိသတ်ကြီးရေ”လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

နိုင်းနိုင်းဟာဆိုရင် ရိုးသားပွင့်လင်းကာ ပရိသတ်တွေအပေါ်မှာလည်း ဖော်ရွေစွာဆက်ဆံတတ်သူတစ်ယောက်လို့ပြောလည်းမမှားပါဘူး။အလှူအတန်းမှာလည်း ရက်ရောသူတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂)ရက်နေ့က မိဘမဲ့ကလေးများ ဂေဟာ (၃)ခုကို ငွေ (၉၉)သိန်း လှူတန်းခဲ့တယ်လို့သိရပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ မသန်စွမ်းသူများကို အားပေးစကားပြောခဲ့တဲ့ နိုင်းနိုင်းရဲ့ မွန်မြတ်လှတဲ့ စိတ်လေးကို ချီးကျူးစကားလေး ပြောပြခဲ့ပါဦး…….။


Source -Actor 99
Chit Thae May – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

“အျပည္ျပည္ဆိုင္ရာ မသန္စြမ္းသူမ်ားအထိမ္းအမွတ္ပြဲသို႔ တက္ေရာက္ကာ အားေပးစကားေျပာခဲ့တဲ့ ႏိုင္းႏိုင္း”

ႏိုင္းႏိုင္းကေတာ့ ေယာက်ာ္းပီသတဲ့ ေဘာ္ဒီကို ပိုင္ဆိုင္ထားသူတစ္ေယာက္ျဖစ္ၿပီး သ႐ုပ္ေဆာင္ပိုင္းမွာပါ ပီျပင္လြန္းသူတစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္အားေပးမႈကို အခိုင္အမာရရွိထားတာျဖစ္ပါတယ္။ လက္ရွိမွာလည္း “စတုတၳေျမာက္ေသြးေၾကာမွ်င္” ႐ုပ္ရွင္ဇာတ္ကားႀကီးကို အဓိကဇာတ္ေဆာင္တစ္ေယာက္အေနနဲ႔ ပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။ဒီဇာတ္ကားႀကီးမွာေတာ့ ႏိုင္းႏိုင္းအပါအဝင္ ေ႐ႊထူး၊သက္မြန္ျမင့္၊ေမျမင့္မိုလ္တို႔ကပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔လည္း သိရပါေသးတယ္။

လတ္တေလာမွာေတာ့ ႏိုင္းႏိုင္းက အျပည္ျပည္ဆိုင္ရာ မသန္စြမ္းသူမ်ားအထိမ္းအမွတ္ပြဲသို႔ တက္ေရာက္ခဲ့တာျဖစ္ၿပီး မသန္စြမ္းသူမ်ားကို အားေပးစကားေတြေျပာခဲ့တာျဖစ္ပါတယ္။ အဲဒီအေၾကာင္းကိုေတာ့ ႏိုင္းႏိုင္းက “အျပည္ျပည္ဆိုင္ရာ မသန္စြမ္းသူမ်ားအထိမ္းအမွတ္ပြဲသို႔ တက္ေရာက္အားေပးျဖစ္ခဲ့ပါသည္။ မသန္ေပမယ့္ စြမ္းၾကေသာသူမ်ားသည္ ေလာကႀကီးကို အန္တုႏိုင္ေသာ တစ္ကယ့္လူစြမ္းမ်ားျဖစ္ၾကပါသည္။ ကြၽန္ေတာ္ေရာက္သြားေသာအခါ ဝိုင္းၿပီးႏုတ္ဆက္ၾက၊ ဓာတ္ပုံမ်ားလည္း႐ိုက္ၾကနဲ႔ ထိုသူမ်ားကို ခဏတာေပ်ာ္႐ႊင္ေအာင္လုပ္ခဲ့ရတဲ့အတြက္ ရင္ထဲမွာ ပီတိမ်ားျဖစ္ခဲ့ရပါတယ္။ မသန္ေပမယ့္စြမ္းၾကသူမ်ားသည္ စိတ္သေဘာမ်ားျဖဴစင္ၾကတာေတာ့ အေသအခ်ာပါပဲ။ခ်စ္ေသာပရိသတ္ႀကီးေရ”လို႔ ေရးသားေဖာ္ျပထားတာျဖစ္ပါတယ္။

ႏိုင္းႏိုင္းဟာဆိုရင္ ႐ိုးသားပြင့္လင္းကာ ပရိသတ္ေတြအေပၚမွာလည္း ေဖာ္ေ႐ြစြာဆက္ဆံတတ္သူတစ္ေယာက္လို႔ေျပာလည္းမမွားပါဘူး။အလႉအတန္းမွာလည္း ရက္ေရာသူတစ္ေယာက္ျဖစ္ၿပီး ၿပီးခဲ့တဲ့ ဒီဇင္ဘာလ(၂)ရက္ေန႔က မိဘမဲ့ကေလးမ်ား ေဂဟာ (၃)ခုကို ေငြ (၉၉)သိန္း လႉတန္းခဲ့တယ္လို႔သိရပါတယ္။ ဆယ္လီကမာၻပရိသတ္ႀကီးေရ မသန္စြမ္းသူမ်ားကို အားေပးစကားေျပာခဲ့တဲ့ ႏိုင္းႏိုင္းရဲ႕ မြန္ျမတ္လွတဲ့ စိတ္ေလးကို ခ်ီးက်ဴးစကားေလး ေျပာျပခဲ့ပါဦး…….။
Source -Actor 99
Chit Thae May – CeleGabar
ေဇာ္ဂ်ီျဖင့္ဖတ္ရန္

error: Content is protected !!