“‘x’ ကိုရှာပါ (Find ‘x’) ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်သွားမည့် ထက်ထက်မိုးဦးရဲ့ တူမဖြစ်သူ နန်းထက်ထက်ဦး”

အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီးဖြစ်တဲ့ တစ်ခေတ်တစ်ခါကကြော်ငြာမင်းသမီး ထက်ထက်မိုးဦးရဲ့ ရုပ်ချင်းဆင်ပြီး ထက်ထက်ဆီမှ အနုပညာပိုးအမွေရထားတဲ့ တူမဖြစ်သူ မော်ဒယ်နန်းထက်ထက်ဦးကတော့ Little Potato Productionရဲ့ (၉)လကြာ ပြင်ဆင်ကြိုးစားထားတဲ့ ‘x’ ကိုရှာပါ (Find ‘x’) ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒီရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကန်တော့ပေးပွဲအခန်းအနားကို တတ်ရောက်ခဲ့ပြီး ဒီရုပ်ရှင်ဇာတ်ကားကြီးဟာ သူရဲ့ တတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့အကြောင်းကို “နန်းထက်ရဲ့ တတိယ မြောက် ရုပ်ရှင်ကားကြီး ဖြစ်တဲ့ Find “x” ရုပ်ရှင်ကားကြီး ကန်တော့ပေးပွဲ” ဆိုပြီး ပွဲတတ်ခဲ့တဲ့ ပုံရိပ်လေးတွေနဲ့အတူ သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖျော်ပြထားပါတယ်။’x’ ကိုရှာပါ (Find ‘x’) ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ လူမော်မှ တာဝန်ယူပူံဖော်ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ကတော့ ရှမ်းတိုင်းရင်းသူလေးလည်းဖြစ်တဲ့ ထက်ထက်မိုးဦးရဲ့ တူမဖြစ်သူ နန်းထက်ထက်ဦး၊ မမြို့သူလေး သီရိကျော်၊Stars & Models Int’l မှ မော်ဒယ်မိုးပွင့်ဖြူဟန်၊MIU မှာကျောင်းတတ်နေတဲ့ ကျိုင်းတုံသူ နန်းနေခြည်နွယ်တို့က ပါဝင်သရုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ အဒေါ်ဖြစ်သူ တစ်ခေတ်တစ်ခါကကြော်ငြာမင်းသမီး ထက်ထက်မိုးဦးနဲ့ရုပ်ချင်းဆင်ပြီး ထက်ထက်ဆီမှ အနုပညာပိုးအမွေရထားတဲ့ တူမလေး နန်းထက်ထက်ဦးကတော့ (၉)လကြာ ပြင်ဆင်ကြိုးစားထားတဲ့ ‘x’ ကိုရှာပါ (Find ‘x’) ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်သွားမှာတဲ့နော်။

Source: Nan Htet Htet Oo
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်





error: Content is protected !!